မော်ဒယ်လောကထဲကနေ မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် ခြေချခွင့်ရသွားတဲ့ ကွင်းလယ်ကစားသမား ကျော်မင်းဦး…

Posted on

ရန်ကုန်ယူနိုက်တက် အသင်း အနေဖြင့်၂၀၂၂ ဘောလုံးရာသီ အတွက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ကွင်းလယ် ကစားသမား ကျော်မင်းဦး ကို ယခုနှစ် ရာသီကုန် အထိ စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်….။ အရည်အချင်းရှိ ကစားသမားကောင်းများ ပေါ်ထွက်လာ ရေးအတွက် အစဉ် အမြဲ ရှာဖွေဖော်ထုတ် လျက်ရှိသော ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် ဒဏ်ရာကြောင့် မြက်ခင်းစိမ်းနဲ့ ဝေးကွာ ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန် ယူနိုက်တက် အသင်းကစားသမားဟောင်း ကျော်မင်းဦးအား ကစားသမား ဘဝကို ပြန်လည် မြေတောင် မြှောက်ပေး ချင်သောကြောင့် စာချုပ်ချုပ်ဆို ခေါ်ယူ လိုက်တယ်လို့ သိရပါတယ်…..။

ကျော်မင်းဦးအနေဖြင့် အသက် ၂၆ နှစ် အရွယ်မှာ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဘောလုံး ပညာကို လေ့လာ သင်ကြားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာ နေရှင်နယ် လိဂ်ကလပ် အသင်းဖြစ်တဲ့ ဧရာဝတီ ယူနိုက်တက် အသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၂နှစ်ကြာကစားခဲ့ပြီး၂၀၁၅ ခုနှစ်တွင် ရှုံးထွက် ဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်…..။ လူငယ်ခြေတက် တစ်ယောက် ဖြစ်တဲ့ ကျော်မင်းဦးကို ရန်ကုန် အသင်းက ၂၀၁၆ ခုနှစ်တွင် သုံးနှစ် စာချုပ်ဖြင့် ခေါ်ဆိုခဲ့ပြီး အသင်းနှင့် အတူ ကွင်းဖွင့်ဖလား ၂ ကြိမ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆု များကို သိမ်းပိုက် နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်….။

ဒဏ်ရာကြောင့် ကစားသမား ဘဝကနေ အနားယူချိန် အတွင်းမှာ ကျော်မင်းဦး အနေဖြင့် မော်ဒယ် လောကသို့ ဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်….. ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့်၂၀၂၂ ဘောလုံးရာသီ အတွက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ကွင်းလယ် ကစားသမား ကျော်မင်းဦး ကို ယခုနှစ် ရာသီကုန်အထိ စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်….။

Zawgyi




Leave a Reply

Your email address will not be published.