မော်လ်ဒယ်မြင့်ကားတွေမှာ ဘက်ထရီနဲ့ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာများ

Posted on

မော်တော် ကားတစ်စီးစ က်နှိုးပြီး အလုပ်ကော င်းကောင်း လုပ်နိုင်ဖို့ဆိုရင် ကားဘက်ထရီ အားအပြည့်အဝရှိနေဖို့ အရေးကြီး ပါတယ်။ ဘက်ထရီ မကောင်းရင် ဘာမှမလု ပ်နိုင်ပါဘူး။ ဘက်ထရြီ ပဿနာ တစ်ခုခုေ ပါ်တာနဲ့ စိတ်ညစ်ရတာ ကားသမားေ တွပါပဲ။ ဘက်ထရီဒေါင်းသွား လို့ ကားစက်နှိုးမရရင် ဘက်ထရီေ ထာက်နှိုး အိုး သွားရှာပြီး ငှားရတာမလွယ်ပါ ဘူး။ ဘက်ထရီေ ကာင်းမှ ခွန်အားရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။

ဘက်ထရီပြဿ နာကြောင့် ယာဉ်မောင်း ဆရာများ အခက်အခဲမ ရှိရလေအောင် ဘက် ထရီထိန်းသိမ်းဖို့ ဂရုစိုက် စစ်ဆေးဖို့လို ပါတယ်။ ဘက်ထရီကို ဘာမှလုပ်မေ ပးဘဲ ဒီအတိုင်း မေ့မေ့လျော့ေ လျာ့ပစ်ထားပြီး ဆက်တို က်သုံး နေမယ်ဆိုရင် တစ်နေ့မှာ ဘက်ထရီ အားမရှိတဲ့ ပြဿနာမျိုး၊ စက်နှိုးမရတဲ့ ဒုက ္ခမျိုးကြုံရပါ လိမ့်မယ်။ ဘက်ထရီ ခေါင်းချောင်နေတာ၊ ဘက်ထရီကြိုး အဆက်မေ ကာင်းတာ၊ ဘက်ထရီငုတ်တွေမှာ အဖြူရောင် ဆားပွင့်နေတာ၊ ဘက်ထရီအက်ဆစ် မိုးရေခန်းခြောက်ကုန်တာ၊ ဘက်ထရီအိုးပူတာ၊ ဘက်ထရီေ ခါင်းပူပြီး မီးပွား ထပွင့်တာမျိုး တွေ ဖြစ်လာနိုင်ပါတယ်။

ကားအင်ဂျ င်စက် နှိုးဖို့ ကားမီးတွေထွန်းဖို့၊ မီးပေးစန စ်အလုပ်လုပ်ဖို့၊ ကွန်ပျူတာ ထိန်းချုပ်ယူ နစ်ကို ပါဝါထောက်ပံ့ဖို့၊ ကားဟွန်း၊ ပါဝါ ဝင်းဒိုး၊ ဝိုင်ဘာ၊ ပါဝါစတီ ယာရင်တွေ ကစားနိုင်ဖို့ ကား Air Con ဖွင့်ဖို့၊ TV, DVD Player ရေဒီယိုတွေ အလုပ်လုပ်ဖို့၊ ကားဘက်ထရီမှ ပါဝါကို အသုံးပြုပါတယ်။ ဘက်ထ ရီအားကုန်နေတဲ့ ကား တစ်စီးဟာ အသက်မရှိတဲ့ ကားတစ်စီးပါပဲ။ ဘက်ထရီအား ကုန်နေရင် ပထမဆုံးအဆ င်မပြေဖြစ်တာက မနက်ပို င်းကားစ က်နှိုးမရတဲ့ အခက်အခဲပါပဲ။ ဓာတ်ဆီကားဆိုရင် လူအားနဲ့ဝိုင် တွန်းပြီး နှိုးလို့ရပါေ သးတယ်။ ဒီဇယ်ကား ဆိုရင်တော့ တွန်းနှိုး ဖို့မလွယ်ပါဘူး။ ဒါ့အပြင် Auto ဂီယာနဲ့ ကားဆိုရင် တွန်းနှိုးဖို့မဖြစ်နိုင်ပါဘူး။

ဘက်ထရီ တစ်လုံး အားပြန်ပြည့်ေ နဖို့ ဒိုင်နမိုခေါ် Alternator က ချာဂျင်အားသွ င်းပေးနေ ရပါတယ်။ ချာဂျင်အား သွင်းစနစ်ေ ကာင်းမှ ဘက်ထရီကို ချာဂျင်ပြန်သွ င်းနိုင်ပါတယ်။ အင်ဂျင်လည် အားကြောင့် ဒိုင်နမိုလည်ပ တ်ပြီး D.C လျှပ်စစ်စီးကြောင်းက ဘက်ထရီကို အားသွင်းပေးပါတယ်။ ဘက်ထရီဆိုတာ လျှပ်စစ်စွမ်းအားပါ ဝါတွေကို ဓာတုစွမ်းအင်အဖြစ် သိုလှောင်ထိန်း သိမ်းထားနိုင်တဲ့အ ရာဖြစ်ပါတယ်။ ဒီလိုမျိုး စွမ်းအင်ပါဝါတွေ ထိန်းသိမ်းထား နိုင်ဖို့ ဘက်ထရီပလိပ်ပြားေ တွကောင်းရပါတယ်။ ဘက်ထရီအိုးထဲမှာရှိတဲ့ အက်ဆစ်လျှပ်လိုက်ရည်ရဲ့ သိပ်သည်း ဆဒီဂ ရီမှန်ရပါတယ်။ ဘက်ထရီတ စ်လုံးက ပါဝါစွမ်းအင်တွေ ထုတ်ယူသုံးတာကို Discharging လုပ်တယ်လို့ ခေါ်ပြီး အားပြန်သွင်း တာကို ချာဂျင် Charging လုပ်တယ်လို့ခေါ်ပါတယ်။

ကားတစ်စီးမှာရှိတဲ့ ဘက် ထရီတစ်လုံး ဟာ လည်ပတ် အလုပ်လုပ်ေ နရင် Charging ဖြစ်စဉ်နဲ့ Discharging ဖြစ်စဉ်ဟာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေတ တ်ပါတယ်။ ဓာတုပြော င်းလဲမှုဖြစ်စဉ်တွေ အဆက်ပြ တ်ဖြစ်နေပေါ်နေတဲ့ ကားဘ က်ထရီတစ်လုံးရဲ့ လျှပ်စစ် ပါဝါစွမ်းအင် ထုတ်လုပ်ေ ပးနိုင်တဲ့ အခြေအနေဟာ ဘက်ထရီ ထဲမှာရှိတဲ့ ခဲပလိပ်ြ ပားတွေနဲ့ ဆာလ်ဖြူရစ်အ က်ဆစ် ပြင်းအား အပေါ်မှာပဲ မူတည်ေ နပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီတစ် လုံးရဲ့ အက်ဆစ်သိပ် သည်းဆပြင်းအားပ မာဏ ဟာ (1.180 ) လောက် ရှိပါတယ်။ အခန်း ၆ ခန်းပါတဲ့ ဘက်ထရီတစ်လုံးဟာ ဗို့အား 12Volt ပဲ ထွက်ပါတယ်။

ဘက်ထရီအိုး Size ကြီးကြီး၊ သေးေ သးအားလုံး 12Volt ပဲ ထွက်ပါတယ်။ ဘက်ထရီတစ် လုံးရဲ့ စွမ်းအ င်ပမာဏ ကို အမ်ပီယာနာရီ နဲ့ဖော်ြ ပပါတယ်။ ဥပမာ 60 Amh, 70Amh,100Amh,120Amh ဆိုပြီး ဖော်ပြတဲ့ နေရာမှာ ဘက်ထရီအိုးကြီးတဲ့ အလုံးကပလိပ်ြ ပားအရွယ် အစားကြီးပြီး အချပ်ရေများ တဲ့အတွက် အမ်ပီယာ များများ ထုတ် ပေးနိုင်ပါတယ်။ ဒီဇယ် အင်ဂျင်သုံးကားေ တွမှာ အမ်ပီယာ များများထွက်တဲ့ ဘက်ထရီအိုးအ ကြီး ကိုသုံးရပါ တယ်။ဒီဇယ်အင်ဂျင်ကို လှည့်ပေးရတဲ့မော်တာက အားကောင်း ဖို့အတွက် အမ်ပီယာများများလိုပါတယ်။

ကားဘက်ထ ရီတစ်လုံး အား အပြည့်ရှိနေဖို့ ဒိုင်နမိုချာဂျင် အားသွင်း စနစ်ေ ကာင်းရပါတယ်။ Alternator တစ်လုံး ရဲ့ လုပ်ဆောင်ချ က်တွေ ကောင်းရပါတယ်။ ပန်ကာြ ကိုးချောင်တာ၊ ပန်ကာကြိုးမကောင်းတာ၊ ကြိုးတင်းအား လျော့နေလျှင်လည်း အင်ဂျင်လည်သလောက် ဒိုင်နမိုမူလီ လိုက်မလည်နိုင် တာကြောင့် အားအဝင်နည်းတတ် ပါတယ်။ အင်ဂျင်လည် အားနဲ့ လည်ပတ်တဲ့ Alternator က D.C လျှပ်စစ်ထုတ်လုပ်ပေးပြီး၊ ဘက်ထရီကို ချာဂျင် သွင်းပေးပါတယ်။ ကားတစ်စီးလည်ပတ် အလုပ်လုပ်နေ စဉ်မှာ လိုအပ်တဲ့ လျှပ်စစ်ပါဝါများကိုလည်း Alternator က ထုတ်လုပ်ပေးပါတယ်။

အင်ဂျင်လ ည်ပတ် Speed အမျိုးမျိုးနဲ့ ကားတစ်စီး လုံးမှာလိုအ ပ်တဲ့ လျှပ်စစ်ပမာဏ ကို လိုသလောက်သာထုတ်ပေးနိုင်ဖို့ ကတ်ေ တာက် Regulator သို့မဟုတ် I.C က ထိန်းကျောင်းပေးပါတယ်။ အားပြည့်နေတဲ့ ဘက်ထရီကို Over Charging မဖြစ်အောင် လည်း I.C Regulator က ထိန်းကျော င်းပေးပါတယ်။ ဒိုင်နမို(သို့မဟုတ်) Alternator မှာ ချွတ်ယွင်းအားနည်း ချက်အပြစ် တစ်ခုခုရှိနေလို့ လျှပ်စစ်ပါဝါထု တ်လုပ်ပေး တာ နည်း သွားပါတယ်။

ကားစက်ရပ်လိုက်တဲ့အချိန်မှာ ဘက်ထရီမှာ အားပြန်မပြည့်သေးပါဘူး။ နောက်တစ်နေ့ မနက်မှာ ကားစက်နှိုးမယ်လုပ်တော့ ဘက်ထရီထဲမှာ အားမရှိဖြစ်နေတတ်ပါတယ်။ ဘက်ထရီေ ကာင်းနေပါလျက် အားမရှိတာ ချာဂျင်မဝင်လို့ ဖြစ်ပါလိမ့်မယ်။ ဒိုင်နမိုမော်တာပြင်တဲ့ ဆိုင်မှာစစ်ဆေး ကြည့်ပါ။ ဒိုင်နမိုကို ဖြုတ်ပြီး ဆားဗစ်ဝင်လုပ်ပါ။ မကောင်းတဲ့အပိုင်းပြင်ပါ။ ပစ္စည်းလဲပေးပါ။ ဒိုင်နမိုချာဂျ င်သွင်းပေးတဲ့ အမ်ပီယာမှန် နေဖို့လိုပါတယ်။ Over Charging ဖြစ်နေလျှင် ဘက်ထရီအိုးပွတ်ပွတ်ဆူလာပြီး သက်တမ်းတိုစေပါတယ်။

မနက်စောစော ကားစက်နှိုးလို ့မကောင်းတာ ဘက်ထရီကြောင့်လား၊ မော်တာကြောင့်လား ခွဲခြားနိုင်ဖို့လိုပါ တယ်။ ဘက်ထရီကောင်းေ နပါလျက် မော်တာမကော င်းလျှင်လည်း မော်တာဆွဲ အားကျပြီး စက်နှိုးရထိုင်းနေ တက်ပါတယ်။ မော်တာကာဗွန်တိုနေသလား။ ဘက်ထရီခေါင်းလွတ်နေသလား။ ဘက်ထရီကြိုး ချောင်နေသ လား။ မော်တာထဲက အာမေချာေြ ကးစိတ်ခေါ င်းတွေစားနေတာတို့ မော်တာဆားဗစ် စင်မလုပ်ဖြစ်တာ ၁ နှစ် ကျော်ပြီဆိုရင်တော့ စစ်ဆေးကြည့်ပါ။

ဘက်ထရီ ဘာကြောင့် ဒေါင်းသွားရတာလဲ။ ချာဂျင်ဝင်အား မကောင်းတာလား။ ချာဂျင်အမ်ပီယာ တိုင်း ကြည့်ပါ။ Altenotor မှာ ဒိုင်နမိုတွေမကော င်းလား။ ကာဗွ န်တိုပြီး ရိုတာမှာ သံလိုက်အားနည်းနေတာလား။ Altenotor မီးထွက်အားနည်းတတ်ပါတယ်။ ဘက်ထရီမကောင်းတာလား။ သက်တမ်းကြာနေပြီလား။

မိုးရေအက် ဆစ်ခန်းပြီး ဘက်ထရီပလိပ်ပြား အဆက် အသွယ် ကောင်းကောင်းထိမိသလား။ စစ်ဆေးပါ။ ညဘက်၊ ကားပြန်သိမ်းပြီး ကားမီးတွေမေ့ပြီး ဖွင့်ထားခဲ့သလား။ ဘက်ထရီအခြေအနေ ကောင်း/မကောင်း ဘယ်လိုစမ်းသပ်မလဲ။ ကားမီးကြီးဖွင့်ကြည့်ပါ ဟွန်းတီးကြည့်ပါ။ ကားဟွန်းသံကျယ်လောင်ရမယ်။ မီးရောင်တွေ လင်းထိန်ပြီး အားကောင်းရမယ်။ ဝိုင်ဘာမော်တာပါ ဖွင့်ကြည့်နိုင်ပါတယ်။

ဘက်ထရီအားမထိန်းလို့ အခြေအနေမကောင်းရင် မော်တာတစ်ချက်ဆွဲကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒစ်ဂျစ်တယ်မီတာရှိလျှင် တိုင်းကြည့်ပါက ပိုပြီးတိကျပါတယ်။ အားပြည့်တဲ့ ဘက်ထရီဆိုရင် 12.66V ရှိပါတယ်။ 12.40V လာက်ရှိတယ်ဆိုရင်တော့ ဘက်ထရီအားလျော့နေပါပြီ။ 12.24V ပဲပြတယ်ဆိုရင်တော့ ဘက်ထရီ အား ထက်ဝက်လောက်ပဲကျန်ပါတယ်။

12V လာက်ပဲ ပြနေရင်တော့ အားမရှိတော့ပါဘူး။ အားမရှိတဲ့ ဘက် ထရီကို ကိုယ်ပိုင်အားသွ င်းစက်ရှိလျှင် သွင်းပါ။ (သို့မဟုတ်) ဘက်ထရီအားသွင်းဆိုင်ကို ပို့ပြီး ၅ နာရီခန့် အား သွင်းပါ။ ဘက်ထရီအခန်းတိုင်း အက်ဆစ် Level ညီပါစေ။ ဘက်ထရီဆိုင်မှာ Load Tester နဲ့ ထောက်တိုင်းကြည့်လျှင်လည်း ဘက်ထရီအားရှိမရှိ သိနိုင်ပါတယ်။

ကားတစ်စီးမှာရှိတဲ့ ဘက်ထရီ ကိုထိန်းသိမ်းဖို့ တာဝန်ကယာဉ်မောင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဘက်ထရီနဲ့ပတ် သက်ပြီး ဒါတွေကိုဂရုစိုက် လုပ်ဆော င်ပေးပါ။

ဘက်ထရီကြိုး၊ ဘက်ထရီေ ကဘယ်ကြိုး Lug ခေါင်းတွေ တင်းကျပ်နေပါစေ။ ဘက်ထရီခေါင်းတွေ မချောင်ပါစေနဲ့။ နတ်ခေါ င်းတွေ တင်းကျပ်ပေးပါ။ ခေါင်းချောင်နေလျှင် မထိတထိဖြစ်ပြီး မီးပွား(Spank) ပွင့်ရာကနေ မီးလောင်တက်ပါတယ်။ ဘက်ထရီ အိုးကိုဖမ်းထားတဲ့ ဘရ တ်ကက်နဲ့ Nut တွေ တင်းကြပ်နေပါစေ။

ဘက်ထရီငု တ်တွေ၊ ဘက်ထ ရီခေါင်းတွေကြားမှာ ဆားပေါက်နေခဲ့လျှင် ဆေးကြောသန့်ရှင်းပေးပါ။ ဘက်ထရီအိုး ပွက်ပွက်ဆူသည်အထိ Over-Charging မဖြစ်ပါစေနှင့်။ အိုးနာပါတယ်။ ပလိပ်ပြားတွေ ခဏ လေးနဲ့သက်တမ်းကုန်စေပါတယ်။ ချာဂျင်အားဝင်တာ မှန်ပါစေ။ အားဝင်နေတဲ့ဗို့အားက 13.8V ကနေ 14.3V လောက်ပဲ ရှိသင့်ပါတယ်။

ဘက်ထရီအခန်း ၆ ခန်းစလုံး အက်ဆစ်ပြင်းဒီဂရီ ညီညာနေဖို့ လိုပါတယ်။ ဘက်ထရီဆိုင်မှာ စစ်ဆေးပါ။ ဘက်ထရီများအားပြည့်၊ မပြည့် မီးခတ်ပြီးမစမ်းပါနှင့် ဘက်ထရီ အိုးပေါက်ကွဲတက်ပါတယ်။ အားသွင်းထားတဲ့ ဘက်ထရီအခန်းတွေထဲမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နှင့် အောက်ဆီဂျင်ဓာတ်ငွေ့တွေထွက်နေပါတယ်။ မီးခတ်လိုက် တာနဲ့ ဟိုက်ဒရိုဂျင်ပေါက်ကွဲပြီး ဘက်ထရီအိုးပါ ပွင့်ထွက်သွားတက်ပါတယ်။

ဘက်ထရီခေါင်းတွေ၊ ကြိုးတွေဆက်သွယ်တဲ့အခါမှာပဲဖြစ်စေ၊ ဘက်ထရီအိုး နောက်တစ်လုံးနဲ့ထောက်ကူပြီး စက်နှိုးတဲ့အခါမှာပဲဖြစ်စေ အပေါင်းငုတ်၊ အနှုတ်ငုတ်မှန်အောင်ဂရုစိုက်ပါ။ ဘက်ထရီထဲက အက်ဆစ်ရည်ဟာ အသားအရေတွေကို လောင်စားတတ်ပါတယ်။ ပလပ်စတစ်အိတ်နဲ့ ကိုင် တွယ်ပါ။

ဘက်ထရီကို အားသွင်းထားလျှင် မလပ်ခေါင်းအဖုံးများ ဖွင့်ထား ပါ။ လေဝင်လေထွက် ကောင်းပါစေ။ မိမိအိမ်မှာ အင်ဗာတာရှိလျှင် ဘက်ထရီအားသွင်းထားနိုင်ပါ တယ်။ ကလေးငယ်များရှိပါက ဘက်ထရီနဲ့ အင်ဗာတာများကို လုံခြုံအောင် ကလေးလက်လှမ်းမမီအောင်ထားပါ။ ကလေးများအတွက် အန္တရာယ်ကြိုတင်ကာ ကွယ်ပါ။ မိုးရေပုလင်း၊ အက်ဆစ်ပုလင်းများကို လည်း ကလေးငယ်များ လုံးဝမကိုင် မထိရအောင်ထားပါ။ ဘက်ထရီကောင်းလျှင် ကားသမားစိတ်ချမ်းသာပါတယ်။ ဘက်ထရီဟာ ကားတစ်စီးရဲ့ အသက်ပါပဲ။ Credit to writer

Leave a Reply

Your email address will not be published. Required fields are marked *