မြန်မာနိုင်ငံရဲ့ အနီးဆုံး ပင်လယ်အော်ဖြစ်တဲ့ ဘင်္ဂလား ပင်လယ်အော် အကြောင်း သိကောင်းစရာ (Bay of Bengal)

Posted on

ဘင်္ဂလားပင်လ ယ်အော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပင်လယ်ေ အာ်ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းဒေသတွင် တည်ရှိသည်။

ပင်လယ်အော် ကြီးသည် တြိဂံပုံသ ဏ္ဍာန် နှင့် ဆင်တူပြီး ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသ ၊ သီရိလင်္ကာနို င်ငံ၏ ကမ်းရိုးတန်းဒေသ ၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ်းရိုးတန်းဒေသ ၊ အရှေ့ဘက်တွင် ရခိုင်ကမ်းရိုးတန်းဒေသတို့ နှင့် ထိစပ်လျှက်ရှိသည်။

အရှေ့ တောင်ဖက်ရှိ အက်ဒ မန်ကျွန်း နှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော် နှင့် ကပွလီပင်လယ် (အက်ဒမန်ပင်လယ် ) ကို ခွဲခြားေ ပးထားသည်။

ပင်လယ်အော်ကြီး၏ အကျယ်ဆုံးေ နရာသည် မိုင် ၁၃၀၀ ခန့်ရှိပြီး ပျမ်းမျှအကျယ် မိုင် ၁၀၀၀ ခန့် ရှိကာ ဧရိယာစတုရန်းမိုင် ၈၃၉ ၀၀၀ အထိ ကြီးမားကျယ်ပြန့်သည် ။ ပျမ်းမျှ ရေအနက် ပေ ၈၅၀၀ – ခန့် ရှိပြီး ၊ရေ အနက်ဆုံးနေရာမှာ ပေ ၁၅၄၀၀ အထိ ရှိသည် ။

ဂင်္ဂါမြစ် ၊ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် ( ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် စသည့် မြစ်ကြီးများနှင့် မြစ်ငယ်များစွာ တို့သည် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။ ထိုမြစ်ရေစီးဝင်မှု နှင့်အတူ အနယ်အနှစ် တန်ချိန် ၁၀၀၀ – ခန့် သည် နေ့ စဉ် ဘင်္ဂလား ပင်လယ်ထဲသို့ စီးဝင်သည် ။

ဤဒေသတွင် မိုးဦး နှင့် မိုးနှောင်း အချိန် များတွင် တိုက်ခတ်တတ်သည့် လေပြင်းမုန်တိုင်းကို ဆိုင်ကလုံးမုန်တိုင်းဟု ခေါ်သည် ။ အိန္ဒိယနိုင်ငံမှ Chennai (Madras) ဆိပ်ကမ်း၊ ဘင်္ဂလားဒေ့ရှ်မှ စစ်တကောင်းဆိပ်ကမ်း ၊ သီရိလင်္ကာမှ ကိုလံဘိုဆိပ်ကမ်း ၊ ပို့ဘလဲယား ဆိပ်ကမ်း ၊ မြန်မာနိင်ငံမှ စစ်တွေ ၊ ကျောက်ဖြူ ဆိပ်ကမ်းများသည် ဤဒေသ၏ အဓိက ပင်လယ်ဆိ ပ်ကမ်းများဖြစ်ကြ ပြီး အခြားဆိပ်က မ်းများစွာလည်း တည်ရှိနေသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အနောက်ဘင်္ဂလားပြည်နယ် တို့တည်ရှိရာ သမိုင်းဝင် ဘင်္ဂလားဒေသကို အစွဲပြု၍ ဘင်္ဂလား ပင်လယ်အော် ဟူသော အမည် ရလာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလား သည် ထိုဒေသတွင် တည်ရှိခဲ့ဖူးသော ရှေးဟောင်းဘုရင့်နိုင်ငံ တခုဖြစ်သည့် ဗန်ဂါ Vanga မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားပင်လ ယ်အော်ကို ရှေ့ခေတ်က ကလိင်္ဂပင်လယ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဘင်္ဂလားပင် လယ်အော်ထဲတွင် ကျွန်းပေါင်း ၅၀၀ ကျော် ရှိနေပြီး ကျွန်းစုစုပေါင်း၏ ၆.၅% တွင်သာ လူသူ အခြေချနေထို င်ကြသည်။ Cheduba Island ဟုခေါ်သော မာန်အောင်က ျွန်းသည် ဘင်္ဂလားပင်လယ်အော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရှင်သန်နေသော ရွှံ့မီးတောင်များရှိသည်။

ကမ်းခြေပေါင်းလည်း မြောက်များစွာ တည်ရှိနေပြီး ကော့ဇ်ဘဇာ၊ မရီနာ ၊ ပူရီ ၊ Digha ၊ Thoothukudi ၊ ငပလီ ၊ စစ်တွေ ၊ ငွေဆောင် နှင့် ချောင်းသာ ကမ်းခြေတို့သည် ထင်ရှားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသသည် ကွဲပြားခြားနားသော ရေနေသက်ရှိပေါင်းစုံ ရှင်သန်နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး အဏ္ဏဝါဂေဟစနစ် ၆၄ ခု အနက် ၁ ခု အပါအဝင်ဖြစ်သည်။

Kerilia jerdonii ဟု အမည် ရသော ပင်လယ်ဂျပ်မြွေများသည် အရှည် ၃ပေ ဝန်းကျင်ရှိပြီး ဘင်္ဂလားပင်လယ်အော်တွင် ပေါများစွာ တွေ့ရ တတ်သည်။ မျိုးတုံးရန် အန္တရာယ်နှင့်ကြုံနေသော olive ridley ရေလိပ်များကိုလည်း တွေ့ရတတ်သည်။ ပုလင်းပုံနှာခေါင်း လင်းပိုင်မျိုးနှင့် အခြားလင်းပိုင် အမျိုးအစား များလည်း ရှိသည်။ နီကိုဘာ ဇီဝနယ်မြေတွင်မှု အလွန်ကြီး မားသောပင်လ ယ်လိပ်ကြီးများနှင့် ရေငန်မိေ ကျာင်းများ နေထိုင်ကျက်စားကြသည်။

ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းများအနက် ၁၉၇၀ တွင် တိုက်ခတ်ခဲ့သော Bhola ဆိုင်ကလုန်း သည် အဆိုးဆုံးဆိုင်ကလုန်းအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ ၁နာရီ ၁၅ဝမိုင် နှုန်းအထိ တိုက်ခတ်ခဲ့ပြီး လူ့အသက်ပေါင်း ၃သိန်း နဲ့ ၅သိန်းကြားကို ဆုံးရှုံးစေခဲ့သော မုန်တိုင်းကြီး ဖြစ်လေသည်။

ကမ္ဘာပေါ်တွင် ဖမ်းမိရသမျှငါး များစုစုပေါင်း၏ ၇% သည် ဘင်္ဂလားပ င်လယ်အော် ထဲမှ ဖြစ်သည်။ နှစ်စဉ် ငါးတန်ချိန်ပေါင်း ၆ သန်းခန့် ဖမ်းယူနေခြင်းသည် ပင်လယ်အော်ကြီး၏ ဇီဝစနစ်ကို တဖြည်းဖြည်း ပျက်စီး လာစေသည်။

ဗြိတိသျှကုန် တင်သင်္ဘောကြီး Mornington ၊ အမေရိကန်ရွက်သင်္ဘောကြီး Eagle ၊ ပါကစ္စတန်ရေငုပ်သင်္ဘော PNS Ghazi နှင့် အခြားသင်္ဘောေ ပါင်းများစွာသည် ပင်လယ်အော်ကြီးထဲတွင် နစ်မြုပ်ပျက်စီးခဲ့ရသည်။ မြန်မာပြည်၏ ထင်ရှားသော ပုဂ္ဂိုလ်တဦးဖြစ်သည် ဆရာကြီး ယုဒသန်(ဂျပ်ဆင်) သည် မော်လမြို့မြို့မှ သင်္ဘောဖြင့် ထွက်ခွာလာပြီး လမ်းတွင်ပင် ဆုံးပါးသွားရာ ပင်လယ်အော်ကြီးထဲတွင် ရေမြုပ်သင်္ဂြိုဟ်ခဲ့ရသည်။

အက်ဒမန် ပင်လယ် ( သို့) ကပွလီပင်လယ်

အိန္ဒိယသမုဒ္ဒ ရာ၏ ဆက်စပ် ပင်လယ်ဖြစ်ပြီး ပင်လယ်ကြီးသည် ဧရိယာစတုရန်းမိုင် ၂၁၈၀၀၀ – ကျော် ကျယ်ဝန်းသည် ။မြန်မာများက ကပ္ပလီပင်လယ် ဟုခေါ်သည် ။ မြန်မာနိင်ငံကို ဖြတ်ကျော်စီးဆင်းလာသည့်ဧရာဝတီမြစ် ၊ စစ်တောင်းမြစ် နှင့် သံလွင်မြစ်များသည် ထိုပင်လယ် ထဲသို့စီးဝင်သည် ။

ပင်လယ်ကြီး၏ အနောက်ဖက်တွင် Andaman နှင့် Nicobar ကျွန်း ၊ မြောက်ဖက် နှင့် အရှေ့ ဖက်တွင် မြန်မာနိင်ငံ ၊ ထိုင်းနိင်ငံ ၊ မလေးရှားနိင်ငံများ ၊ တောင်ဖက်တွင် အင်ဒိုနီးရှားနိင်ငံပိုင် ဆူမတ်ကြာကျွန်းများ တည်ရှိသည် ။ တောင်ဖက်ရှိ မလက္ကာရေလက်ကြားသည် ကပ္ပလီပင်လယ် နှင့် တောင်တရုတ် ပင်လယ်ကို ဆက်သွယ် ထားသည် ။ Academy Page , Softshool , Wikipedia

Zawgyi Version

ျမန္မာနိုင္ငံရဲ့ အနီးဆုံး ပင္လယ္ေအာ္ျဖစ္တဲ့ ဘဂၤလား ပင္လယ္ေအာ္ အေၾကာင္း သိေကာင္းစရာ

ဘဂၤလားပင္လ ယ္ေအာ္သည္ ကမၻာေပၚတြင္ အႀကီးဆုံး ပင္လယ္ေ အာ္ျဖစ္ၿပီး အိႏၵိယ သမုဒၵရာ၏ အေရွ႕ေျမာက္ပိုင္းေဒသတြင္ တည္ရွိသည္။

ပင္လယ္ေအာ္ ႀကီးသည္ ႀတိဂံပုံသ ႑ာန္ ႏွင့္ ဆင္တူၿပီး ၊ အေနာက္ဘက္တြင္ အိႏၵိယနိုင္ငံ၏ အေရွ႕ဘက္ကမ္းရိုးတန္းေဒသ ၊ သီရိလကၤာနို င္ငံ၏ ကမ္းရိုးတန္းေဒသ ၊ ေျမာက္ဘက္တြင္ ဘဂၤလားေဒ့ရွ္နိုင္ငံ၏ ကမ္းရိုးတန္းေဒသ ၊ အေရွ႕ဘက္တြင္ ရခိုင္ကမ္းရိုးတန္းေဒသတို႔ ႏွင့္ ထိစပ္လၽွက္ရွိသည္။

အေရွ႕ ေတာင္ဖက္ရွိ အက္ဒ မန္ကၽြန္း ႏွင့္ နီကိုဘာကၽြန္းမ်ားသည္ ဘဂၤလားပင္လယ္ေအာ္ ႏွင့္ ကပြလီပင္လယ္ (အက္ဒမန္ပင္လယ္ ) ကို ခြဲျခားေ ပးထားသည္။

ပင္လယ္ေအာ္ႀကီး၏ အက်ယ္ဆုံးေ နရာသည္ မိုင္ ၁၃၀၀ ခန႔္ရွိၿပီး ပ်မ္းမၽွအက်ယ္ မိုင္ ၁၀၀၀ ခန႔္ ရွိကာ ဧရိယာစတုရန္းမိုင္ ၈၃၉ ၀၀၀ အထိ ႀကီးမားက်ယ္ျပန႔္သည္ ။ ပ်မ္းမၽွ ေရအနက္ ေပ ၈၅၀၀ – ခန႔္ ရွိၿပီး ၊ေရ အနက္ဆုံးေနရာမွာ ေပ ၁၅၄၀၀ အထိ ရွိသည္ ။

ဂဂၤါျမစ္ ၊ ပတ္ဒ္မာျမစ္ (ဂဂၤါျမစ္၏ ျမစ္လက္တက္)၊ မဂ္နာျမစ္ ႏွင့္ ဂ်မူနာျမစ္ ( ျဗဟၼပုတၱရျမစ္၏ ျမစ္လက္တက္မ်ား)၊ ဧရာဝတီျမစ္၊ ဂိုဒဗာရီျမစ္၊ မဟာနဒီျမစ္၊ ခရစ္ရွနျမစ္၊ ကာဗရီျမစ္ စသည့္ ျမစ္ႀကီးမ်ားႏွင့္ ျမစ္ငယ္မ်ားစြာ တို႔သည္ ဘဂၤလားပင္လယ္ေအာ္ထဲသို႔ စီးဝင္သည္။ ထိုျမစ္ေရစီးဝင္မႈ ႏွင့္အတူ အနယ္အႏွစ္ တန္ခ်ိန္ ၁၀၀၀ – ခန႔္ သည္ ေန႔ စဥ္ ဘဂၤလား ပင္လယ္ထဲသို႔ စီးဝင္သည္ ။

ဤေဒသတြင္ မိုးဦး ႏွင့္ မိုးေႏွာင္း အခ်ိန္ မ်ားတြင္ တိုက္ခတ္တတ္သည့္ ေလျပင္းမုန္တိုင္းကို ဆိုင္ကလုံးမုန္တိုင္းဟု ေခၚသည္ ။ အိႏၵိယနိုင္ငံမွ Chennai (Madras) ဆိပ္ကမ္း၊ ဘဂၤလားေဒ့ရွ္မွ စစ္တေကာင္းဆိပ္ကမ္း ၊ သီရိလကၤာမွ ကိုလံဘိုဆိပ္ကမ္း ၊ ပို႔ဘလဲယား ဆိပ္ကမ္း ၊ ျမန္မာနိင္ငံမွ စစ္ေတြ ၊ ေက်ာက္ျဖဴ ဆိပ္ကမ္းမ်ားသည္ ဤေဒသ၏ အဓိက ပင္လယ္ဆိ ပ္ကမ္းမ်ားျဖစ္ၾက ၿပီး အျခားဆိပ္က မ္းမ်ားစြာလည္း တည္ရွိေနသည္။

ဘဂၤလားေဒ့ရွ္ နိုင္ငံႏွင့္ အေနာက္ဘဂၤလားျပည္နယ္ တို႔တည္ရွိရာ သမိုင္းဝင္ ဘဂၤလားေဒသကို အစြဲျပဳ၍ ဘဂၤလား ပင္လယ္ေအာ္ ဟူေသာ အမည္ ရလာခဲ့ျခင္းျဖစ္သည္။ ဘဂၤလား သည္ ထိုေဒသတြင္ တည္ရွိခဲ့ဖူးေသာ ေရွးေဟာင္းဘုရင့္နိုင္ငံ တခုျဖစ္သည့္ ဗန္ဂါ Vanga မွ ဆင္းသက္လာခဲ့ျခင္းျဖစ္သည္။ ဘဂၤလားပင္လ ယ္ေအာ္ကို ေရွ႕ေခတ္က ကလိဂၤပင္လယ္ ဟု ေခၚေဝၚခဲ့ၾကသည္။

ဘဂၤလားပင္ လယ္ေအာ္ထဲတြင္ ကၽြန္းေပါင္း ၅၀၀ ေက်ာ္ ရွိေနၿပီး ကၽြန္းစုစုေပါင္း၏ ၆.၅% တြင္သာ လူသူ အေျခခ်ေနထို င္ၾကသည္။ Cheduba Island ဟုေခၚေသာ မာန္ေအာင္က ၽြန္းသည္ ဘဂၤလားပင္လယ္ေအာ္၏ အေရွ႕ေျမာက္ဘက္တြင္ တည္ရွိၿပီး ရွင္သန္ေနေသာ ရႊံ့မီးေတာင္မ်ားရွိသည္။

ကမ္းေျခေပါင္းလည္း ေျမာက္မ်ားစြာ တည္ရွိေနၿပီး ေကာ့ဇ္ဘဇာ၊ မရီနာ ၊ ပူရီ ၊ Digha ၊ Thoothukudi ၊ ငပလီ ၊ စစ္ေတြ ၊ ေငြေဆာင္ ႏွင့္ ေခ်ာင္းသာ ကမ္းေျခတို႔သည္ ထင္ရွားသည္။

ဘဂၤလား ပင္လယ္ေအာ္ ေဒသသည္ ကြဲျပားျခားနားေသာ ေရေနသက္ရွိေပါင္းစုံ ရွင္သန္ေနထိုင္ၾကသည္။ ကမၻာေပၚတြင္ အႀကီးဆုံး အဏၰဝါေဂဟစနစ္ ၆၄ ခု အနက္ ၁ ခု အပါအဝင္ျဖစ္သည္။

Kerilia jerdonii ဟု အမည္ ရေသာ ပင္လယ္ဂ်ပ္ေႁမြမ်ားသည္ အရွည္ ၃ေပ ဝန္းက်င္ရွိၿပီး ဘဂၤလားပင္လယ္ေအာ္တြင္ ေပါမ်ားစြာ ေတြ႕ရ တတ္သည္။ မ်ိဳးတုံးရန္ အႏၲရာယ္ႏွင့္ၾကဳံေနေသာ olive ridley ေရလိပ္မ်ားကိုလည္း ေတြ႕ရတတ္သည္။ ပုလင္းပုံႏွာေခါင္း လင္းပိုင္မ်ိဳးႏွင့္ အျခားလင္းပိုင္ အမ်ိဳးအစား မ်ားလည္း ရွိသည္။ နီကိုဘာ ဇီဝနယ္ေျမတြင္မႈ အလြန္ႀကီး မားေသာပင္လ ယ္လိပ္ႀကီးမ်ားႏွင့္ ေရငန္မိေ က်ာင္းမ်ား ေနထိုင္က်က္စားၾကသည္။

ဘဂၤလားပင္ လယ္ေအာ္တြင္ ျဖစ္ေပၚခဲ့ေသာ ဆိုင္ကလုန္းမုန္တိုင္းမ်ားအနက္ ၁၉၇၀ တြင္ တိုက္ခတ္ခဲ့ေသာ Bhola ဆိုင္ကလုန္း သည္ အဆိုးဆုံးဆိုင္ကလုန္းအျဖစ္ မွတ္တမ္း ဝင္ခဲ့သည္။ ၁နာရီ ၁၅ဝမိုင္ ႏႈန္းအထိ တိုက္ခတ္ခဲ့ၿပီး လူ႔အသက္ေပါင္း ၃သိန္း နဲ႔ ၅သိန္းၾကားကို ဆုံးရႈံးေစခဲ့ေသာ မုန္တိုင္းႀကီး ျဖစ္ေလသည္။

ကမၻာေပၚတြင္ ဖမ္းမိရသမၽွငါး မ်ားစုစုေပါင္း၏ ၇% သည္ ဘဂၤလားပ င္လယ္ေအာ္ ထဲမွ ျဖစ္သည္။ ႏွစ္စဥ္ ငါးတန္ခ်ိန္ေပါင္း ၆ သန္းခန႔္ ဖမ္းယူေနျခင္းသည္ ပင္လယ္ေအာ္ႀကီး၏ ဇီဝစနစ္ကို တျဖည္းျဖည္း ပ်က္စီး လာေစသည္။

ၿဗိတိသၽွကုန္ တင္သေဘၤာႀကီး Mornington ၊ အေမရိကန္ရြက္သေဘၤာႀကီး Eagle ၊ ပါကစၥတန္ေရငုပ္သေဘၤာ PNS Ghazi ႏွင့္ အျခားသေဘၤာေ ပါင္းမ်ားစြာသည္ ပင္လယ္ေအာ္ႀကီးထဲတြင္ နစ္ျမဳပ္ပ်က္စီးခဲ့ရသည္။ ျမန္မာျပည္၏ ထင္ရွားေသာ ပုဂၢိဳလ္တဦးျဖစ္သည္ ဆရာႀကီး ယုဒသန္(ဂ်ပ္ဆင္) သည္ ေမာ္လၿမိဳ႕ၿမိဳ႕မွ သေဘၤာျဖင့္ ထြက္ခြာလာၿပီး လမ္းတြင္ပင္ ဆုံးပါးသြားရာ ပင္လယ္ေအာ္ႀကီးထဲတြင္ ေရျမဳပ္သၿဂႋဳဟ္ခဲ့ရသည္။

အက္ဒမန္ ပင္လယ္ ( သို႔) ကပြလီပင္လယ္

အိႏၵိယသမုဒၵ ရာ၏ ဆက္စပ္ ပင္လယ္ျဖစ္ၿပီး ပင္လယ္ႀကီးသည္ ဧရိယာစတုရန္းမိုင္ ၂၁၈၀၀၀ – ေက်ာ္ က်ယ္ဝန္းသည္ ။ျမန္မာမ်ားက ကပၸလီပင္လယ္ ဟုေခၚသည္ ။ ျမန္မာနိင္ငံကို ျဖတ္ေက်ာ္စီးဆင္းလာသည့္ဧရာဝတီျမစ္ ၊ စစ္ေတာင္းျမစ္ ႏွင့္ သံလြင္ျမစ္မ်ားသည္ ထိုပင္လယ္ ထဲသို႔စီးဝင္သည္ ။

ပင္လယ္ႀကီး၏ အေနာက္ဖက္တြင္ Andaman ႏွင့္ Nicobar ကၽြန္း ၊ ေျမာက္ဖက္ ႏွင့္ အေရွ႕ ဖက္တြင္ ျမန္မာနိင္ငံ ၊ ထိုင္းနိင္ငံ ၊ မေလးရွားနိင္ငံမ်ား ၊ ေတာင္ဖက္တြင္ အင္ဒိုနီးရွားနိင္ငံပိုင္ ဆူမတ္ၾကာကၽြန္းမ်ား တည္ရွိသည္ ။ ေတာင္ဖက္ရွိ မလကၠာေရလက္ၾကားသည္ ကပၸလီပင္လယ္ ႏွင့္ ေတာင္တ႐ုတ္ ပင္လယ္ကို ဆက္သြယ္ ထားသည္ ။ Academy Page , Softshool , Wikipedia

Leave a Reply

Your email address will not be published.