မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ ဂိုးအများဆုံးသွင်းနိုင်ခဲ့ပြီးပထမဦးဆုံးချန်ပီယံဆုကြီးကို အရယူနိုင်ခဲ့တဲ့ ကစားသမားအောင်သူ

Posted on

မြန်မာ့ လက်ရွေးစင် ဘောလုံး သမား အောင်သူ ဟာဆိုရင် တစ်ချိန်က မြန်မာ အသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှု တွေ ယူဆောင် ပေးနိုင် ခဲ့တဲ့ သူဖြစ်ပါတယ်။ ဘောလုံး သမား အောင်သူဟာ လက်ရှိမှာ ထိုင်းနိုင်ငံက နာမည်ကြီး ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ ဘူရီရမ် အသင်းနဲ့ စာချုပ် ချုပ်ကာ လက်ရွေးစင် ကစား သမား တစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင် ကစား နေပြီပဲ ဖြစ်ပါတယ်။

ဘောလုံး ပညာမှာ ထူးချွန်လွန်းတဲ့ အောင်သူဟာ ထိုင်းနိုင်ငံ ဘူရီရမ် အသင်း အတွက် အကောင်းဆုံး ကြိုးစား ပေးကာ သွင်းဂိုး အများကြီး သွင်းပေး နိုင်ခဲ့ ပါတယ်။ ဒီကနေ့ မှာဆိုရင် ဘောလုံးသမား အောင်သူ တစ်ယောက် သူပါဝင် ကစားနေတဲ့ ဘူရီရမ် အသင်းနဲ့ အတူ ၂၀၂၁-၂၂ ဘောလုံး ရာသီ ထိုင်း လိဂ်-၁ အမှတ်ပေးချန်ပီယံ ဆုဖလား ကြီးကို ရယူ နိုင်ခဲ့ ပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ ဘောလုံးသမား အောင်သူ ဟာ ထိုင်းလိဂ်-၁ ဆုဖလားကို အရယူ ပေးနိုင် ခဲ့တဲ့ ပထမဦးဆုံး မြန်မာ ဘောလုံးသမား အဖြစ် မှတ်တမ်း ဝင်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ စွမ်းစွမ်း တမံ ကြိုးစားပြီး အောင်မြင်မှုတွေ ရအောင် ယူနိုင် ကာ မြန်မာကို ဂုဏ်တတ်အောင် လုပ်ပေး နိုင်ခဲ့တဲ့ ဘောလုံးသမား အောင်သူကို ဝိုင်းဝန်း ဂုဏ်ပြု ပေးလိုက် ကြရ အောင်နော်။ ဂုဏ်ယူ ပါတယ် ဖေဖေ အောင်သူရေ …။

Zawgyi




Leave a Reply

Your email address will not be published.