မြန်မာနိုင်ငံ အတွင်းက ဘဝမလှတဲ့ နင်းပြားတွေနဲ့ နေ့ပြန်တိုး

Posted on

နေ့ပြန်တိုးဆို တဲ့ စကားလုံး ဟာ လူချမ်းသာေ တွအတွက် စိမ်းေ နပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လ က်စားတွေအတွ က် အရင်းအနှီးမိ တ်ဆွေတ စ်ခုလို့ပဲ ပြောရပါမယ်။

အခြေခံလူ တန်းစားတွေ အများ စုနေထိုင်ရာ ဆင်ခြေဖုံးရ ပ်ကွက်တွေ၊ ကျူးကျော်နေထို င်သူအများ စုရှိတဲ့နေရာ မှာတော့ နေ့ပြန်တိုးပေးနိူင် တဲ့သူတွေဟာ သူတို့ရဲ့ဘဏ်တိုက်ကြီး တစ်ခုလို့ ပြောလို့ရပါတယ်။

“ဘာကြောင့်ေ ချးလဲလို့မေးရင် ဝင်ငွေနဲ့ထွက်ေ ငွမမျှလို့ ချေးတာ၊ တနေ့လုပ်မှ တနေ့ စားရတဲ့ ဘဝတွေလေ။ အဲ့ဒီလိုလုပ်နေရင်း ဗြုန်းခနဲဆို ကျန်းမာေ ရးကိစွဖြစ်လာ တယ်၊ ဘယ်မှာလဲငွေ မရှိတော့ငွေတိုးပေး တဲ့သူဆီ ပြေးရတော့ တာပဲ”လို့ လှိုင်သာယာ ၅ရပ်ကွက်မှာ နေထိုင်သူ မအေးမင်းကပြောပါတယ်။

မိုးတွင်းကာလ ခင်ပွန်းဖြစ် သူအလုပ်ကနေ ပြန်လာရင်း ချော်လဲ လို့ လက်ကျိုးရာ ဆေးခန်းသွားပြဖို့ လက်ထဲငွေအ ပိုမရှိတဲ့အတွက် ငွေ ငါးသောင်းကို သုံးဆယ်ကျ ပ်အတိုးနဲ့ယူ ခဲ့ရာကနေ အရင်းပြန်မပေးနိူင်ဘဲ တစ်နှစ်ကျော် ကြာတဲ့အထိ နေပြန်တိုး ဆပ်ခဲ့ရ တယ်လို့ သူကပြောပါတယ်။

မြို့နယ်အချို့က ဆင်ခြေဖုံးရပ်ကွ က်တွေမှာေ တာ့ ငွေရှင်တွေက လက်လုပ် လက်စားေ တွကို အတိုးနဲ့ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ပုံစံတွေနဲ့ေ ငွချေးကြပါတယ်။

“နေ့သွင်းဆို တာက ကိုယ်ယူတဲ့ ပိုက်ဆံကို ရက်အလိုက်ပြ န်သွင်းရတာ ကိုယ်ဘယ်လော က်ယူမလဲပေါ့၊ ဥပမာ တစ်သောင်းယူရင် တစ်ရက်တစ်ေ ထာင်နှုန်းနဲ့ ၂၄ရက် သွင်းရတာ၊ အချို့ဆို ၂၆ရက်သွင်းရတာ မတူဘူး ငွေပေးတဲ့သူချင်း၊

တနေ့တထောင်ဆိုတာ မသိသာေ ပမယ့် ဈေးမရောင်းတဲ့ေ န့တွေ သိသာတယ်၊ အဲ့ဒီလိုနေ ့တွေကျရင် ရက်ကထပ်သွားရော”လို့ လှည်းကူးမြို့မဈေးမှာ ဈေးရောင်းနေသူ တဦးကပြောပါတယ်။

နေ့သွင်းနဲ့ငွေေ ချးတာ ပြဿနာမဟု တ်ပေမယ့် အရေးပေါ်အ ခက်အခဲကြောင့် ငွေလိုအပ်တဲ့အခါ မတ်တိုးနဲ့ယူလိုက်မိလို့ ပေ ၂၀” ၆၀”အိမ်ကို ဆယ်ပေခြမ်းရောင်းေ ပးပြီး ပြန်ဆပ်လိုက်ရ တဲ့သူတွေလည်းရှိပါတယ်။

“သုံးနှစ်ေ လာက်ရှိပြီ ကျနော့်သား ဆေးမှုနဲ့အဖ မ်းခံရတယ်၊ မိဘ ဆိုတော့ ထူပူသွားတယ် ဘာလုပ်ရမှန်းမသိဘူး၊ လက်ထဲမှာ ငွေကလည်း မရှိဘူး၊ မိတ်ဆွေတေ ယာက်အကူအညီနဲ့ ပိုက်ဆံ ငါးသိန်းကို မတ်တိုးနဲ့ ချေးလိုက်တာ နောက်ပိုင်း အတိုးနဲ့အရင်းနဲ့ ပေါင်းလိုက်တာ သိန်းသုံးဆယ်ေ ကျာ်နေပြီ၊

နောက်ဆုံး ဆယ်ပေတခြမ်းရော င်းပေးလိုက်ရတယ်၊ အိမ်လည်း ကုန် သားလည်း ထောင်ကျ”လို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမှာနေတဲ့ ဦးလှမြင့်က ပြောပါတယ်။

မတ်တိုးဆိုတာဟာ ငွေတစ်သိ န်းချေးပါက အရင်းပြန်မဆပ်နိူင်မချင်း နေ့စဉ်အတိုးပေးရတာဖြစ်ပြီး အတိုးယူရာမှာ ငွေချေးသူ တဦးနဲ့တဦး တူညီမှုမရှိဘူးလို့ သူကရှင်းပြပါတယ်။

လတိုးဆိုတာ ဟာ အများအားဖြင့် လုပ်ငန်းလုပ်ကိုင်သူတွေကိုသာ ငွေရှင်တွေက ချေးတက်ကြပြီး သာမန်လက်လု ပ်လက်စားတွေကို ချေးငှားေ လ့မရှိဘူးလို့ ရွှေပြည်သာမြို့နယ်က ကုန်စုံဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လတိုးက ငွေအိပ်တယ်လေ ပြောရရင် မြှုပ်နှံထားရတာ၊ အတိုးလည်း တလမှတခါပဲရတယ်၊ အစ်မတို့လည်း ငွေချေးရတာပဲ ဆယ်ဂဏန်း နဲ့အထက်ပဲ၊ သူများတွေဘယ်လိုယူလဲတော့ မသိဘူး၊ အစ်မတို့ချေးတာတော့ တဆယ်တိုး တသိန်းကို တသောင်းပေးရတယ်”လို့ သူကပြောပါတယ်။

ဆင်ခြေဖုံးရပ်ကွ က်အချို့က ခေါင်းရွက်ဗျက်ထိုးဈေးသည်အများစုကတော့ ရက်သုံးဆိုတဲ့ ငွေပေးသွင်းရတဲ့ ချေးယူမှုမျိုးနဲ့ လုပ်ငန်းတွေကို လည်ပတ်ကြပါတယ်။

“ရက်သုံးဆိုတာ ကတော့ ပုံစံအ မျိုးအမျိုးရှိတယ်၊ တစ်သောင်းယူရင် ၁၂ရက်သွင်းရတာရှိတယ် ၁၃ရက်သွင်းရတာရှိတယ်၊ နှစ်သောင်းယူရင် ကိုယ်ဘယ်လိုပေးမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊

တသောင်းယူရင် ၁ ရက်ကို တထောင်နှုန်းနဲ့ ၁၂ရက် ဒါမှမဟုတ် ၁၃ရက်သွင်းရတာရှိတယ်”လို့ ကားမှတ်တိုင်မှာ ကွမ်းယာရောင်းချနေသူတဦးက ပြောပါတယ်။

နေ့ပြန်တိုးနဲ့ငွေ ယူတဲ့သူတွေက အတိုးတွေနဲ့သံသရာလည်နေသလို အတိုးနဲ့ငွေချေးသူတွေဘက်မှာလည်း ငွေပြန်မရတာတွေ ငွေချေးပြီးလိမ်လည်ထွက်ပြေးတာတွေ၊ အတိုးမရတဲ့အပြင် အရင်းပါဆုံးရှုံးတဲ့ပြဿနာတွေလည်းရှိတယ်လို့ ငွေတိုးပေးစားသူအချို့ကနေ သိရပါတယ်။

“သူတို့ဘက်ကလည်း ပြောတာပဲ ကျွန်မတို့ဘ က်မှာလည်း ဆုံးရှုံးရတာတွေရှိတယ်၊ အထောက်အထားမရှိဘဲ ချေးရတာလေ၊ ဒီကိစွတွေက ရဲစခန်းတိုင်လို့လည်း ရတာမဟုတ်ဘူး၊ တချို့ဆို သိန်းနဲ့ချီယူပြီး ထွက်ပြေးသွားတယ်၊

တချို့ဆိုပြန်တော င်းရင် မရှိတာကိုအသားလှီး ယူမှပဲရမယ်လို့ ပြောတဲ့သူတွေတောင်ရှိတယ်”လို့ ငွေတိုးပေးစားသူတဦးက ပြောပါတယ်။

ရန်ကုန်ကမြို့နယ် အချို့မှာ အတိုးနှုန်းမြင့်မားစွာယူထားပြီး အခြေခံလူတန်းစားတွေအပေါ် စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းပြီး တရားမကြောင်းအရ တရားစွဲကာ အိမ်‌၊ ခြံ၊ မြေတွေ သိမ်းတဲ့အထိပါ ကျူးလွန်လာတဲ့ ငွေတိုးပေးစားသူတွေလည်းရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“ပြောရရင် ငွေတိုးပေးတဲ့သူက ယုံကြည်မှုတစ်ခုအနေနဲ့ အိမ်အရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်၊ တချို့က စာချုပ်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ် မသိတော့လက်မှတ်ထိုးပေးလိုက်တယ် ပြီးရင်အိမ်သိမ်းရော၊ အဲ့ဒီလိုမှ မရရင် တရားမကြောင်းအရ တရားစွဲရော”လို့ တရားလွှတ်တော်ရှေ့နေတဦးက ရှင်းပြပါတယ်။

ငွေကြေးချေးငှားရာမှာ တရားဝင်ငွေကြေးချေးငှားတာနဲ့ တရားမဝင်ငွေချေးငှား (၂)မျိုးရှိပြီး တရားဝင်ငွေတိုးချေးတဲ့လုပ်ငန်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်က ငွေချေးလုပ်ငန်းတွေ ၊

စည်ပင်သာယာရေးကော်မတီမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက အပေါင်ဆိုင်တွေသာဖြစ်ပြီး ရပ်ကွက်ကျေးရွာတွေမှာ အတိုးချေးတာက တရားမဝင်ဘူးလို့ အငြိမ်းစားရဲမှူးတဦးကပြောပါတယ်။

“အရေးယူလို့ရတာပေါ့ ငွေတိုးချေးစားသူ များအက်ဥပေ ဒရှိတယ်လေ ၁၉၄၅က ထုတ်ထားတာ၊ အဲ့ဒီဥပဒေက အသက်ဝင်သေးတယ်၊ အဲ့ဒီဥပဒေအရ ငွေတိုးပေးတာကို စီးပွားရေးအနေနဲ့လုပ်တယ်ဆိုရင် အရေးယူလို့ရတယ် လိုင်စင်မရှိဘဲ ငွေချေးတာပေါ့၊ မိတ်ဆွေ သူငယ်ချင်းကို ကူညီတာကတော့ ခြွင်းချက်ပေါ့”လို့ ပြောပါတယ်။

၁၉၄၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ The Money-Lender Act ဥပဒေ ပုဒ်မ-၂၊ ပုဒ်မခွဲ(က)အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ဖော်ပြချက်မှာ အသေးစာချေးငွေ ထုတ်ပေးခြင်းလုပ်ငန်းပါဝင်ပေမယ့်

ဥပဒေပုဒ်မ-၅၄မှာတော့ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည့်အတွက် အဲ့ဒီတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ-၅၇ အရ အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ၁၉၄၅ခုနှစ်၊ ငွေတိုးချစားသူများအက်ဥပဒေကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ် မေလ ၁၈ရက်နေ့မှာ ဖျက်သိမ်းခဲ့ပြီး ၁၉၆၂ ငွေတိုးချစားသူများအက်ဥပဒေကို အစားထိုးခဲ့ပေမယ့်

၁၉၄၅ အက်ဥပဒေကသာ အသက်ဝင်နေတာကြောင့် ၁၉၆၂ ငွေတိုးချစားသူများဥပဒေကို နဝတကောငိစီက ဥပဒေအမှတ် ၄/၁၉၉၄ နဲ့ရုပ်သိမ်းခဲ့လို့ ၁၉၄၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ The Money-Lender Act ဥပဒေကသာ အသက်ဝင်သေးတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဥပဒေအရ လှိုင်စင်မရှိဘဲ ငွေတိုးချေးစားသူတွေကို အရေးယူလို့ရတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေကတော့ အကြောင်းရှိလာရင် နီးစပ်ရာ ငွေတိုးပေးစားသူတွေဆီကို ပြေးလွှားချေးငှားနေရတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့နေ အခြေခံလူတန်းစားတွေဟာ ကျောတခင်းစာနေထိုင်ဖို့ပြဿနာအပြင် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး လူမှုရေး၊ ကျန်မာရေး၊ ပညာရေးစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ နေ့ပြန်တိုးပေးသူတွေက သူတို့အားထားရာ မိခင်ဘဏ်တိုက်ကြီးသဖွယ်ဖြစ်နေပါတယ်။

“ကိုဗစ်တတိယလှိုင်းတုန်းက အဖေက အောက်ဆီဂျင်ကျနေလို့ အတိုးနဲ့ ပိုက်ဆံငါးသိန်းချေးလိုက်တယ် တစ်လကို အတိုးငါးသောင်း၊ ဒါတောင်လူရင်းမို့လို့ တဆယ်အတိုးပဲ ယူတာ၊ သူ့ကိုတောင်ကျေးဇူးတင်ရမယ်၊

မောင်နှမသုံးယောက် အလုပ်ရှိလို့တော်သေးတယ်၊ နောက်လတော့ အရင်းကို ဖဲ့ဆပ်နိူင်ဖို့ကြိုးစားရမယ်”လို့ အထည်ချုပ်စက်ရုံက အမျိုသမီးတဦးက ပြောပါတယ်။

လစာထုတ်ရက် မောင်နှမသုံးယောက်ရတဲ့ လစာထဲက တသောင်းတန်(၅)ရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း နေ့ပြန်တိုးပေးသူရဲ့အိမ်ကိုလျှောက်သွားတဲ့ အမျိုးသမီးကိုကြည့်ရင်း အခြေခံလူတန်းစားတွေဘဝ နေ့ပြန်တိုးသံသရာက ရုန်းလေ နစ်လေပါလား လို့တွေးမိပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *