Liamဆိုတာနဲ့ ပရိသတ် တွေ ဝိုင်းချစ်ရတဲ့ ကလေးလေး ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ သားလေး ဖြစ်ပြီး ဖေဖေမေမေတို့ နိုင်ငံခြားမှာ ကျောင်းတက် နေချိန် ဖိုးဖိုးဖွားဖွားတို့နဲ့ တူတူ နေထိုင် နေတာပါ။ သားလေးဟာ မွေးဖွားချိန် ကတည်းက ခုချိန်ထိ ပရိသတ် တွေရဲ့ အချစ်တွေကို အပြည့်ရထား သူပါ။ ဒါကြောင့်လည်း သားလေးရဲ့ ပုံရိပ် လေးတွေ video လေးတွေကို fb group လေးတွေ ကနေ တင်ပေး နေတာပါ။
အဆိုပါ group လေးမှာလည်း အားပေးတဲ့ ပရိသတ် တွေက များစွာပါ။ ဖိုးဖိုးနဲ့ တူတူလည်း အမြဲဆော့ ကစားနေတဲ့video လေးတွေကို တင်ထားတာပါ။ ငယ်ငယ်ကတည်းက သီချင်းဆို ရတာ ဂစ်တာတီးတာလေးကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။
အခုမှာလည်း ဖိုးဖိုးက သီချင်းဆို နေတာကို Liam လေးတစ်ယောက် ဂစ်တာလေးတီးပြီး ကခုန် နေတာပါ။ မြေးဖိုး နှစ်ယောက် ဘယ်လောက် ချစ်စရာကောင်းလဲ ဆိုတာကတော့ အောက်က video လေးကို ကြည့်ပြီး ချစ်ပေး ကြပါ ဦးနော်။
Zawgyi