မြန်မာဘုရင် အဆက်ဆက် ကိုင်စွဲခဲ့သော သန်လျက်များ အကြောင်း သိမှတ်စရာ

Posted on

သန်လျက်ဆို သည်မှာရှေးအ ခါကမြန် မာဘုရင်များကိုင်စွဲရသော လက်န က်၊မင်းဆောင် မင်းယောင်မင်း ခမ်းမင်းနားများတွင် အသုံးပြုရသောလ က်နက်ဖြစ်သည်။

မင်းမြှောက် တန်ဆာငါးပါးတွ င်သန်လျက်သည် တစ်ပါးအပါအဝင်ဖြ စ်သည်။မင်းခမ်းတော်များ တွင်လည်းသန်လျ က်ကိုလင်္ကျာမင်း ခမ်းတော်အဖြ စ်တွေ့ရသည်။

ထို့ကြောင့်`လ င်္ကျာတော်က ၊ရွှေလှော်သိင်္ဂါ၊မျ က်စိမြွှာသား၊ရတ နာသန်လျက်၊လျှံလက် လျှပ်လျှပ်၊သားမြီး ယပ်နှင့်.စသည်ဖြင့်စပ် ဆိုခဲ့ကြသည်။သို့သော်လည်း ဘုရင်၏ခွင့်ပြုချ က်ဖြင့်သူရဲကောင်း တို့ကိုင်စွဲရ ပုံကိုရာဇဝင်သမိုင်းတွ င်တွေ့ရှိရပြန်လေသည်။

နားတောင်းများ မင်း၏ယောက်ဖတော်မင်းအနန္တ သူရိယသည်ဒုတိယနရ ပတိစည်သူလက် ထက်တော်တွင်သူရဲကော င်းရန်မန်ငထွေး အဖြစ်နှင့်ရေဝယ်ဆင်း ၍ငုပ်ပြီးသော်မ င်းကြီး၏ဖောင်တော်ကိုေ ကျာကုန်း ထက်ရွက်၍ချုပ်ကိုင်ေ သာမိချောင်းအားသန် လျက်ဖြင့်ထိုးသတ် ခဲ့ဘူးပေသည်။

နရသူမင်းလက်ထက် တွင်လည်းမိမိ၏သန့်သက်ရေမဆော င်သောကြောင့်ရွှံရှာသဖြ င့်မချဉ်းမကပ်နေသောခမည်းတော် လက်ထက်က ဆက်လာသည့်ကုလားမ င်းသမီးကိုအမျက်ေ တာ်ရှိကာသန်လျက်ဖြင့်ခု တ်သတ်ခဲ့၏။

ထိုအကြောင်းကို မင်းသမီး၏ခမည်းတော်ေ ဝသာလီပြည်မှကု လားမင်းကြီးကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကိုေ ရွး၍ပုဏ္ဏားယော င်ဆောင်စေကာပု ဂံသို့စေလွှတ်သည်။

နန်းတော်သို့ေ ရာက်လျှ င်နရသူမင်းကြီးကိုမြေ ဇာမြက်နှင့်ခရုသင်း ကမ်းဟန်ပြု၍ပတ်ပတ်လည်ဝို င်းရံကာသန်လျက် (ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီးမိမိတို့ကိုယ်ကိုလည်း အဆုံးစီရင်ခဲ့ကြေ ပသည်။သန်လျက်ကို ထိုးရာ၌၎င်း၊ခု တ်ရာ၌၎င်းအသုံးပြုသည်။

သန်လျက်လုပ်သော သံသည်အလွန်ကောင်းမွန်ရ ၏။ရှေးကသံကော င်းကိုတစ်ဖန်ကြိုးကြာဝမ်းတွ င်အကြိမ်ကြိမ်စိ မ်ပြီးမှသန်လျ က်ကောင်း၊ဓားကောင်းလု ပ်ရသည်ဟု အဆိုရှိသည်။ထို့ကြော င့်သန်လျက်သည်ထက်မြက် လွန်း၍ ဆင်ပေါက်လ ည်တိုင်ကိုပင်ဖြတ်နိုင်ေ လာက်သည်ဟုအမှ တ်သညာပြုခဲ့ကြပေသည်။

သန်လျက်သည် အသွားနှစ်ဖက်ရှိသောဓားဟုဆိုခဲ့ေ သာကြောင့်သန်လျက်နှ င့်ဓားကိုပေါင်းစပ်ကာ သန်လျက်ဓားဟုလည်းသုံးခဲ့ကြ သည်။အသွားနှ စ်ဖက်ရှိသောသန်လျက်အစ စ်ကိုသာသန် လျက်ဓားဟုခေါ်ရုံမျှမကနောင်အ ခါတွင်အ သွားထက်မြက်သည့်ဓားကိုပင်သန်လျက် ဓားဟုတင်စားေ ခါ်ဝေါ်ခဲ့ကြသည်။

စာလုံးပေါင်းသ တ်ပုံသန်လျက်ကို`သံလျှက်၊သန် လျက်၊သန်လျှက်ဟူ၍အမျိုးမျိုးစာလုံးပေါင်း တတ်ကြသည်။သံလျှ က်ဟုအသုံးပြုကြခြင်းမှာ`သံဖြင့်ြ ပုလုပ်ထားသော အပြားတစ်မျိုးဟုေ ကာက်ယူလို သည့်သဘောဖြင့်သုံး ဟန်တူသည်။စင်စစ်သံ မဟုတ်မူဘဲသန်သာအ မှန်ဖြစ်သည်။

ကဝိလက္ခဏာ သတ်ပုံ၌ရှင်ဥပနန်၊ပ ဋိဘာန်၊ထားသန်လျက်ပမာ ဟုပြဆိုခဲ့သည်။တွင်းသင်း တိုက်ဝန်မဟာစည်သူ ၏ဝေဿန္တရာ ပျို့တွင်ကိုင်ငင်စွဲလျက် ၊ရွှေသန်လျှက် တည့်၊မန်လည်ဆရာတော် ၏မဟာသုတကာရီ-မာဃဒေဝလ င်္ကာသစ်၌ဤဓားသန်လျှက်၊ငါ့ကို ဆက်ဟု၊တုပ်လျက် နားတော်စသည်ဖြင့်လျက်နှ င့်လျှက်ကိုခွဲထား စပ်ခဲ့သည်လည်းရှိ၏။

သို့သော်လည်းလျ က်မှဟထိုးတိုးကာလျှက်ဖြစ်လာပုံရ၍သ န်လျက်သာအမှန်ဟုယူသင့်ေ ပသည်။သန်လျ က်၏ရင်းမြစ်ကိုရှာလျှင်သ က္ကတဘာသာစ ကားၐလျကကိုတွေ့နိုင်သည် ။ၐလျကသည်ပါဠိသ လ္လနှင့်အ နက်သဘောခြင်းတူသည်။ြ ဖူကောင်-ဆူး၊မြားဦးစသောအသွား ထက်သည့်အရာကိုခေါ်ပေသည်။

ၐလျကမှသလျက် ၊သန်လျက်ဟုဟုကြား ဆက်(န်)တိုးကာပျက်ယွင်း လာသည်ဟုယူဆရသည်။ဟယ်လီဒေး၏မွန်-အင်္ဂလိပ်အဘိဓာန်တွင်atwoed gedswordor dagger(အသွားနှစ် ဖက်ရှိသောဓား)ဟုအနက် ဖွင့်ဆိုထားသည်။

မြန်မာတွင်လည်း ရ-ကောက်နှင့်လတို့ပြောင်းလဲနိုင်သ ည့်အလျောက်သန်လျက် ဟုအသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။သန် လျက်သည် အသွားနှစ်ဖက်ရှိသည့်အလျော က်၊သန်လျ က်ဦး၊သန်လျက်စွန်းသည်နှစ်ဖက် ညီစွာချွန်၍သွားသည်။

သို့ဖြစ်၍နှစ်ဖက်ညီ စွာချွန်ထွက်နေသည့်ရတနာပူရအ င်းဝမြေအခုံကိုသန်လျ က်ခုံ၊သန်လျက်စွန်းဟုတင်စား သုံးနှုန်းခဲ့ကြပေသ ည်။ရန်ကုန်မြို့ဗိုလ်တေ ထာင်တွင်လည်းရန် ကုန်မြစ်နှင့်ပုဇွန်ေ တာင်ချောင်း ဆုံရာအစွန်းကိုသန်လျ က်စွန်းဟုအမည်တွ င်လေသည်။သန်လျ က်ဟူသည်ကားလ က်နက်အထူးတည်း။

သန်လျက်၂မျိုးရှိသ ည်။တစ်ဖက်သာအသွားရှိသောဧကေ တာဓာရသန်လျက်နှ င့်နှစ်ဖက်သွားရှိသောဥဘတောဓာရသ န်လျက်ဟူ၍လည်းေ ကာင်း၊ဦးဖျားစဉ်းငယ်ညွတ်သော ဤသာဂ္ဂသန်လျ က်နှင့်ဦးဖျားမညွ တ်ဘဲအ စဉ်အတိုင်းဦးဖျားေ သးသောဥဇုဂ္ဂသန်လျ က်ဟူ၍လည်းေ ကာင်းနှစ်မျိုးခွဲကြသည်။

သန်လျက်၏အ သွားအလျားပမာဏသ ည်သုံးဆယ့်သုံး သစ်၊အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ ၍သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့ ၌လာသည်။

Zawgyi Version

သန္လ်က္ဆို သည္မွာေရွးအ ခါကျမန္ မာဘုရင္မ်ားကိုင္စြဲရေသာ လက္န က္၊မင္းေဆာင္ မင္းေယာင္မင္း ခမ္းမင္းနားမ်ားတြင္ အသုံးျပဳရေသာလ က္နက္ျဖစ္သည္။

မင္းျမႇောက္ တန္ဆာငါးပါးတြ င္သန္လ်က္သည္ တစ္ပါးအပါအဝင္ျဖ စ္သည္။မင္းခမ္းေတာ္မ်ား တြင္လည္းသန္လ် က္ကိုလကၤ်ာမင္း ခမ္းေတာ္အျဖ စ္ေတြ႕ရသည္။

ထို႔ေၾကာင့္`လ ကၤ်ာေတာ္က ၊ေ႐ႊေလွာ္သိဂၤါ၊မ် က္စိႁမႊာသား၊ရတ နာသန္လ်က္၊လွ်ံလက္ လွ်ပ္လွ်ပ္၊သားၿမီး ယပ္ႏွင့္.စသည္ျဖင့္စပ္ ဆိုခဲ့ၾကသည္။သို႔ေသာ္လည္း ဘုရင္၏ခြင့္ျပဳခ် က္ျဖင့္သူရဲေကာင္း တို႔ကိုင္စြဲရ ပုံကိုရာဇဝင္သမိုင္းတြ င္ေတြ႕ရွိရျပန္ေလသည္။

နားေတာင္းမ်ား မင္း၏ေယာက္ဖေတာ္မင္းအနႏၲ သူရိယသည္ဒုတိယနရ ပတိစည္သူလက္ ထက္ေတာ္တြင္သူရဲေကာ င္းရန္မန္ငေထြး အျဖစ္ႏွင့္ေရဝယ္ဆင္း ၍ငုပ္ၿပီးေသာ္မ င္းႀကီး၏ေဖာင္ေတာ္ကိုေ က်ာကုန္း ထက္႐ြက္၍ခ်ဳပ္ကိုင္ေ သာမိေခ်ာင္းအားသန္ လ်က္ျဖင့္ထိုးသတ္ ခဲ့ဘူးေပသည္။

နရသူမင္းလက္ထက္ တြင္လည္းမိမိ၏သန႔္သက္ေရမေဆာ င္ေသာေၾကာင့္႐ႊံရွာသျဖ င့္မခ်ဥ္းမကပ္ေနေသာခမည္းေတာ္ လက္ထက္က ဆက္လာသည့္ကုလားမ င္းသမီးကိုအမ်က္ေ တာ္ရွိကာသန္လ်က္ျဖင့္ခု တ္သတ္ခဲ့၏။

ထိုအေၾကာင္းကို မင္းသမီး၏ခမည္းေတာ္ေ ဝသာလီျပည္မွကု လားမင္းႀကီးၾကားသိေသာ္ ကုလားသူရဲေကာင္း ရွစ္ေယာက္တို႔ကိုေ ႐ြး၍ပုဏၰားေယာ င္ေဆာင္ေစကာပု ဂံသို႔ေစလႊတ္သည္။

နန္းေတာ္သို႔ေ ရာက္လွ် င္နရသူမင္းႀကီးကိုေျမ ဇာျမက္ႏွင့္ခ႐ုသင္း ကမ္းဟန္ျပဳ၍ပတ္ပတ္လည္ဝို င္းရံကာသန္လ်က္ (ဓားျမႇောင္)ကိုယ္စီႏွင့္ ထိုးခုတ္ၾကၿပီးမိမိတို႔ကိုယ္ကိုလည္း အဆုံးစီရင္ခဲ့ၾကေ ပသည္။သန္လ်က္ကို ထိုးရာ၌၎၊ခု တ္ရာ၌၎အသုံးျပဳသည္။

သန္လ်က္လုပ္ေသာ သံသည္အလြန္ေကာင္းမြန္ရ ၏။ေရွးကသံေကာ င္းကိုတစ္ဖန္ႀကိဳးၾကာဝမ္းတြ င္အႀကိမ္ႀကိမ္စိ မ္ၿပီးမွသန္လ် က္ေကာင္း၊ဓားေကာင္းလု ပ္ရသည္ဟု အဆိုရွိသည္။ထို႔ေၾကာ င့္သန္လ်က္သည္ထက္ျမက္ လြန္း၍ ဆင္ေပါက္လ ည္တိုင္ကိုပင္ျဖတ္နိုင္ေ လာက္သည္ဟုအမွ တ္သညာျပဳခဲ့ၾကေပသည္။

သန္လ်က္သည္ အသြားႏွစ္ဖက္ရွိေသာဓားဟုဆိုခဲ့ေ သာေၾကာင့္သန္လ်က္ႏွ င့္ဓားကိုေပါင္းစပ္ကာ သန္လ်က္ဓားဟုလည္းသုံးခဲ့ၾက သည္။အသြားႏွ စ္ဖက္ရွိေသာသန္လ်က္အစ စ္ကိုသာသန္ လ်က္ဓားဟုေခၚ႐ုံမွ်မကေနာင္အ ခါတြင္အ သြားထက္ျမက္သည့္ဓားကိုပင္သန္လ်က္ ဓားဟုတင္စားေ ခၚေဝၚခဲ့ၾကသည္။

စာလုံးေပါင္းသ တ္ပုံသန္လ်က္ကို`သံလွ်က္၊သန္ လ်က္၊သန္လွ်က္ဟူ၍အမ်ိဳးမ်ိဳးစာလုံးေပါင္း တတ္ၾကသည္။သံလွ် က္ဟုအသုံးျပဳၾကျခင္းမွာ`သံျဖင့္ျ ပဳလုပ္ထားေသာ အျပားတစ္မ်ိဳးဟုေ ကာက္ယူလို သည့္သေဘာျဖင့္သုံး ဟန္တူသည္။စင္စစ္သံ မဟုတ္မူဘဲသန္သာအ မွန္ျဖစ္သည္။

ကဝိလကၡဏာ သတ္ပုံ၌ရွင္ဥပနန္၊ပ ဋိဘာန္၊ထားသန္လ်က္ပမာ ဟုျပဆိုခဲ့သည္။တြင္းသင္း တိုက္ဝန္မဟာစည္သူ ၏ေဝႆႏၲရာ ပ်ိဳ႕တြင္ကိုင္ငင္စြဲလ်က္ ၊ေ႐ႊသန္လွ်က္ တည့္၊မန္လည္ဆရာေတာ္ ၏မဟာသုတကာရီ-မာဃေဒဝလ ကၤာသစ္၌ဤဓားသန္လွ်က္၊ငါ့ကို ဆက္ဟု၊တုပ္လ်က္ နားေတာ္စသည္ျဖင့္လ်က္ႏွ င့္လွ်က္ကိုခြဲထား စပ္ခဲ့သည္လည္းရွိ၏။

သို႔ေသာ္လည္းလ် က္မွဟထိုးတိုးကာလွ်က္ျဖစ္လာပုံရ၍သ န္လ်က္သာအမွန္ဟုယူသင့္ေ ပသည္။သန္လ် က္၏ရင္းျမစ္ကိုရွာလွ်င္သ ကၠတဘာသာစ ကားၐလ်ကကိုေတြ႕နိုင္သည္ ။ၐလ်ကသည္ပါဠိသ လႅႏွင့္အ နက္သေဘာျခင္းတူသည္။ျ ဖဴေကာင္-ဆူး၊ျမားဦးစေသာအသြား ထက္သည့္အရာကိုေခၚေပသည္။

ၐလ်ကမွသလ်က္ ၊သန္လ်က္ဟုဟုၾကား ဆက္(န္)တိုးကာပ်က္ယြင္း လာသည္ဟုယူဆရသည္။ဟယ္လီေဒး၏မြန္-အဂၤလိပ္အဘိဓာန္တြင္atwoed gedswordor dagger(အသြားႏွစ္ ဖက္ရွိေသာဓား)ဟုအနက္ ဖြင့္ဆိုထားသည္။

ျမန္မာတြင္လည္း ရ-ေကာက္ႏွင့္လတို႔ေျပာင္းလဲနိုင္သ ည့္အေလ်ာက္သန္လ်က္ ဟုအသုံးျပဳခဲ့ၾကျခင္းျဖစ္ေပသည္။သန္ လ်က္သည္ အသြားႏွစ္ဖက္ရွိသည့္အေလ်ာ က္၊သန္လ် က္ဦး၊သန္လ်က္စြန္းသည္ႏွစ္ဖက္ ညီစြာခြၽန္၍သြားသည္။

သို႔ျဖစ္၍ႏွစ္ဖက္ညီ စြာခြၽန္ထြက္ေနသည့္ရတနာပူရအ င္းဝေျမအခုံကိုသန္လ် က္ခုံ၊သန္လ်က္စြန္းဟုတင္စား သုံးႏႈန္းခဲ့ၾကေပသ ည္။ရန္ကုန္ၿမိဳ႕ဗိုလ္တေ ထာင္တြင္လည္းရန္ ကုန္ျမစ္ႏွင့္ပုဇြန္ေ တာင္ေခ်ာင္း ဆုံရာအစြန္းကိုသန္လ် က္စြန္းဟုအမည္တြ င္ေလသည္။သန္လ် က္ဟူသည္ကားလ က္နက္အထူးတည္း။

သန္လ်က္၂မ်ိဳးရွိသ ည္။တစ္ဖက္သာအသြားရွိေသာဧကေ တာဓာရသန္လ်က္ႏွ င့္ႏွစ္ဖက္သြားရွိေသာဥဘေတာဓာရသ န္လ်က္ဟူ၍လည္းေ ကာင္း၊ဦးဖ်ားစဥ္းငယ္ၫြတ္ေသာ ဤသာဂၢသန္လ် က္ႏွင့္ဦးဖ်ားမၫြ တ္ဘဲအ စဥ္အတိုင္းဦးဖ်ားေ သးေသာဥဇုဂၢသန္လ် က္ဟူ၍လည္းေ ကာင္းႏွစ္မ်ိဳးခြဲၾကသည္။

သန္လ်က္၏အ သြားအလ်ားပမာဏသ ည္သုံးဆယ့္သုံး သစ္၊အခ်ိန္ပမာဏသည္ သုံးဆယ့္သုံးပိုလ္ဟူ ၍ေသနကဇာတ္၊ ပၪၥာဝုဓဇာတ္တို႔ ၌လာသည္။

Leave a Reply

Your email address will not be published. Required fields are marked *