မြန်မာလူမျိုးတွေ အရမ်းကြိုက်ကြတဲ့ ဒညင်းသီးရဲ့ ရာဇဝင်

Posted on

ဒညင်းသီး ရဲ့ ဖြစ်ပုံကေ တာ့ ပုဂံခေတ် နရသီဟပတေ့ မင်း လက် ထက်မှာ ဘုရင်က တိုင်းခန်းလှည့်လည်ရင်း ကောင်မလေး တစ်ယောက်ကို တော်ကောက် လာရာမှ အစပြုခဲ့ပါတယ်။

နန်းတော်ေ ရာက်လို့ ည ဖက်ဆောင်တော်ကူးတော့ ကောင်မလေးက သူ့ရည်းစားက လွဲရင် No ပါ၊

ဘုရင်လည်း မပေးနိုင်ဘူး ဆိုပီး ဇွတ်ငြင်းေ လတော့ ဘုရင်ကြီးခမျာ ဒေါ‌ သတွေထွက် ၊ အရှက်တွေကွဲပြီး လက်မရွံ့တွေကို ချက်ချင်းခေါ် သူ့ကို ငြင်းတဲ့ နေရာကို ဓားနဲ့ ကွက်လှီးပီး သတ်စေ အမိန့်ပေးတော့တာဘဲ။

လက်မရွံ့တွေက အလော င်းကို မြို့ပြင်မှာ မြှုပ်နှံပြီး ပြန်ခဲ့တော့မှ သူတို့ဓားနဲ့ ကွက်လှီး ထားတဲ့ ပစ္စည်းက နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှ သိလိုက်ကြတယ် ။

ဒါနဲ့ မထူးပါဘူးကွာ ဆိုပြီး နန်းတွင်း ထဲက ဒေါင့်တနေရာမှာ မြှုပ်နှံလိုက် ကြပါတော့တယ်။ လအတန်ကြာတဲ့အခါ အဲဒီနေရာက အပင်တစ်ပင် ပေါက်လာပါတယ်။

အပင်ကြီးလာလို့ အသီးသီး လာတော့ စားလို့ ကောင်း မကောင်း သိရအောင် မြည်းကြည့်ကြတယ်။

ပြုတ်စားလည်း Good ၊ မီးဖုတ်ပြီး စားလည်း Good ၊ ဆားရေစိမ်ပီး စားလည်း Good ၊ သူ့အနံ့က တစ်မျိုးလည်း ထူးတယ်။

ဒါ ဘာသီး လည်းလို့ သိချင်လို့ ဘုရင်က မေးမြန်း စုံစမ်းကြည့်တော့ အကြောင်းစုံ ပေါ်လာတာပေါ့။

ဒါကြောင့်.. ဘုရင်က အဲဒီ ကိစ္စကို အခုထိ အစာမကြေသေးလေတော့..

” ဒီအပင်ကို ငါကိုယ်တော် နာမည်ပေးမယ်၊ ဒင်းက ငါ့ကိုငြင်းလို့ ဖြစ်လာတဲ့ အပင်မို့ အဲဒီအပင်ကို ( ဒင်းငြင်းပင် ၊ အသီးကိုလည်း ဒင်းငြင်းခဲ့လို့ ဒင်းငြင်းသီး) လို့ ခေါ်တွင်ေ စရမယ် ဆိုပြီး အမိန့်တော် ချမှတ်လိုက်ရာမှ အစပြုပီး..

နောင်ကာလ အတန်ကြာသော် ( ဒညင်းပင် ၊ ဒညင်းသီး ) ဆိုပြီး ဖြစ်ပေါ်လာရပါကြောင်း နှောင်းလူအပေါင်းတို့ မှတ်သားကြ ပါကုန်။

Zawgyi Version












Leave a Reply

Your email address will not be published.