မြန်မာ့တို့ရဲ့တူရိယာဖြစ်တဲ့စောင်းကို ပိုင်နိုင်စွာတီးခတ်နိုင်ခဲ့တဲ့ ဗီဒီယိုလေးကြောင့် ပရိသတ်တွေချီးကျူးမှုကို ခံနေခဲ့ရတဲ့ မေသက်ထားဆွေ

Posted on

ပရိသတ် ကြီးရေ မေသက်ထားဆွေ ကတော့ ပရိတ်တွေ ရဲ့ အချစ်တော် အဆိုတော် မလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေသက်ထားဆွေ ကတော့ လူငယ်တစ်ယောက် ဖြစ်ပေမဲ့ မြန်မာသံ တေးသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင် တာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ ရတဲ့သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

မေသက်ထားဆွေ ကတော့ ဒီနေ့ မှာလည်း ပရိသတ်တွေ ထံကနေ ချီးကျူးခြင်းကို ခံနေခဲ့ ရပါတယ်။ မေသက်ထားဆွေက သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာကနေ ဟင်္သာတမြို့ မိုးကောင်း ဆရာတော်ကြီး သက်တော် (၈၇) နှစ်ပြည့် ဝိဇာတ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး ဗီဒီယ်ုလေး ရိုက်ကူးကာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ဖော်ပြ ထားခဲ့ ပါတယ်။

ဒီဗီဒီယိုလေး ထဲမှာတော့ မေသက်ထားဆွေက မြန်မာ တူရိယာ ဖြစ်တဲ့ စောင်းကို ပိုင်နိုင်စွာ တီးခတ်ခဲ့တာလေး ပါဝင်ခဲ့ပြီး ပရိသတ် တွေကတော့ မေသက်ထားဆွေရဲ့ တီးခတ်မှု စွမ်းရည်ကို အံ့သြမှင်သက် ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးရေ မေသက်ထားဆွေ ကတော့ လူသာငယ်က ပညာက မငယ်ဘူး တကယ်ကို တော်လွန်းလှ ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.