မြန်မာ့ရိုးရာအကဖြစ်တဲ့ဦးရွှေရိုးနဲ့အဒေါ်မိုးအကကို သူငယ်ချင်း လပြည့်နဲ့အတူ အံ့ဩစရာကောင်းလောက်အောင်ကပြလိုက်တဲ့ ဖြိုးရာဇာနိုင်ရဲ့ဗီဒီယိုဖိုင်

Posted on

ပရိသတ် ကြီးရေ ဖြိုးရာဇာနိုင် ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာ အလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာ မောင်မြင့် ဇာတ်ကောင် အနေနဲ့ ပရိတ်သတ်အကြိုက် တွေ့ခဲ့တဲ့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသား တစ်လက်ပါ။ ချောမောတဲ့ ရုပ်သွင်ကို ပိုင်ဆိုင် ထားပြီး ယောကျာ်း ပီသတဲ့ သွင်ပြင် ကြောင့် ပရိသတ်တွေ သတိထားမိလာ သူလို့လည်း ဆိုရ မှာပါ။

သူရဲ့ သရုပ်ဆောင်ချက် တွေက အနုပညာ ကျောင်းဆင်း တစ်ယောက်ဖြစ်တာနဲ့ အတူ သရုပ်ဆောင်ချက် တွေက ရောက်တဲ့ နေရာမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင် နိုင်ပြီး အလားအလာ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကြော်ငြာ တွေ စတင် ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါ ရိုက်ကူး နေပြီ ဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ် စတင် လျှောက်လှမ်း နေပြီလို့ ပြောရ မှာပဲ ဖြစ်ပါတယ်။

ဒီနေ့ မှာတော့ တော်ရုံလူတွေ မလုပ်နိုင်တဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုး အကကို သူငယ်ချင်း လပြည့်နဲ့အတူ ကခဲ့တဲ့ ဗီဒီယိုဖိုင် လေးကို”ဦးရွှေရိုး နဲ့ ဒေါ်မိုး 🤭 ဒေါ်မိုးက ဘူလဲ 🤭#ဝမ်ဝု ကျဲခိုကျွန့်.. မြန်မာ အကလေးနဲ့ လှည့်ပတ် က လိုက်ရတာ အရမ်း မိုက်တာပဲကဲ.. အားလုံးပဲ ဒီ challenge လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်…”ဆိုကာ အက ဗီဒီယိုဖိုင်လေးကို တင်လာခဲ့ တာပါ။ သရုပ်ဆောင် ပညာသာမက မြန်မာ့ရိုးရာ အကတွေကိုပါ ကျွမ်းကျင် လှတဲ့ ဖြိုးရာဇာနိုင်နဲ့ လပြည့်တို့ နှစ်ဦးရဲ့ဗီဒီယိုဖိုင် လေးကို ကြည့်ပြီး သဘောကျရင် မှတ်ချက် ပေးခဲ့ပါ ဦးပရိသတ် ကြီးရေ။

Zawgyi




Leave a Reply

Your email address will not be published.