မြန်မာ့ ဆိုက်ကား ပေါ်ပေါက်လာပုံ ရာဇဝင်သမိုင်းကြောင်း

Posted on

၁၃၀၀ ပြည့် အရေးတော်ပုံ လို့ မြန်မာ့သမိုင်း မှာ မော်ကွန်း ထိုးခဲ့တဲ့ အမျိုးသား လွတ်လပ်ရေး အုံကြွ လှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာ လည်းဖြစ်ပွားပေါ်ပေါ က်ခဲ့ ပါတယ်။

ဒီအချိန်မှာ မန္တလေးမြို့ သူမြို့သား တွေက အမျိုးသား လုပ် ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလို က်ကြတော့ ဓါတ်ရ ထားလုပ်ငန်း ဟာ ခွက်ခွက်လ န်အောင် ရှုံးလို့အလုပ်ရပ်နား သွားရ တာပေါ့။

မန္တလေးမြို့မှာ အဲဒီခေတ် က မြို့သူမြို့သားများစီးနင်း သွားလာဖို့ မြင်းရထားေ ခါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓါတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။

၁၃ဝဝ ပြည့် အရေးေ တာ်ပုံကာ လကြီးကို ရောက်လာတော့ အမျိုးသားစီးပွားေ ရးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်ဆို တဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ် ချယ်လှ ယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်း တွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားေ တွက ဖွင့်လာ ကြတယ်။

အဲဒီအချိန်မှာ စက်အား မပါ ၊လောင်စာဆီ မလို ၊လူအား နဲ့ လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေး တစ်ခု ပေါ်လာတယ်။

ဆိုက်ကား ဆိုတာက စက်ဘီးက နေပြီးဖြစ်လာ တဲ့ယာဉ်ကိုး။ အဲဒီခေတ်ကေ ယာင်္ကျားတွေ စီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာ က တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။

ဟာကြူလီ တံဆိပ် ဆိုရင် အသစ်မှ ၅၀ ကျပ် ကနေ ရဝ ကျပ်အထိပ် တန်ဖိုး ရှိတယ်။ အဲဒီတော့ ၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီး အဟောင်း ကို ညောင်ပင်ဈေးက ကား ဘော်ဒီလုပ်တဲ့ ဆရာ ဆရာညိုက ဆိုက်ကား ဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။

တပ်ခက လည်း သိပ်မ များတော့ ငွေ ၁ဝဝ ကျပ် ၊ ၁၅၀ ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေ က မြန်မာ တွေတတ်နိုင် တဲ့ အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁ဝဝဝ လောက် နေ့ချင်း ညချင်း မန္တလေး မှာ ပေါ်ပေါက် လာတော့တယ်။

အဲဒီဆိုက် ကားက ဈေးချိုက ၂ ပြား ပေးစီးခဲ့ရင် ဓါတ်ရထား က ပို့ပေးတဲ့ ၂ပြား ခရီးမျိုး အပြင် ဓါတ်ရထား မရောက်တဲ့ လမ်းကြို လမ်းကြား ဝင်းကြို ဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။

မန္တလေးမြို့ ဆိုတာ ကလည်း တချို့မြို့တွေလို ရွာကြီး က တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာ တာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျ တဲ့ မြေပြန့် မြေညီ တစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။

ဒါကြောင့် နန်းတော်ရှေ့ ဆရာတင်က “စည်မျက်နှာ ကဲ့သို့ ညီညာပေသကို လို့ မန္တလေး ကို သူ့မြနန္ဒာ သီချင်း ထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။

မန္တလေးမှာ လမ်းတွေက အတက်အဆင်း အနိမ့် အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေ ဖောက်တာ၊ အကွက်တွေရဲ့ အလယ်ကဝင်းတွေဖွဲ့တယ်။ ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။

မန္တလေးမြို့ရဲ့ လမ်းတွေ က အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်း ရှိနေအောင် တမင်ဖော်ထားကာ ၊ တစ်ပြန်တစ်ပြ အကွာအဝေးညီတယ်။ ဝင်း ကြိုဝင်းကြား ပေါတယ်။

မန္တလေးမှာ ဗြိတိသျှ အစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်း ပေးသတဲ့။ ဓါတ်ရထား သွားနိုင်တာက ၆ မိုင်ထဲ ရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့ အပြင် လမ်း မရှိတဲ့ ဝင်းကြိုဝင်းကြားထဲ လည်း ဝင်ပြီး ပို့ပေးလေ တော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကား ပဲ စီးကြတာပေါ့။

အဲဒီမှာ ၁၅၀ ကျပ်တန် ၊ ၂၀၀ ကျပ်တန် ဆိုက်ကားတွေ နဲ့ မယှဉ်နိုင်၊မယှဉ်ဝံ့လို့ ဓါတ်ရထားကြီး သိမ်းလိုက်ရ တယ် ဆိုတာ ကြားကြား သမျှကတော့ မယုံနိုင်စရာကြီး ဖြစ် နေတာပေါ့။

ဒါပေမယ့် တစ်ကယ့် ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီး ခမျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ ပဲ စီးနိုင်ရင် တစ်နေ့လုံး ဓါတ်ရထားပေါ် က မဆင်းပဲနေချင် နေဆိုပြီး တစ်နေကုန်စီးလည်း ၃ ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါ သေးရဲ့၊ မရပါဘူး။

တစ်ခါတည်း လုပ်ငန်းပိတ် လိုက် ရပါရော၊။ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ ရေးသားသူ ဆရာမကြီးလူထုဒေါ်အမာ Crd-photo

Zawgyi Version

၁၃၀၀ ျပည့္ အေရးေတာ္ပုံ လို႔ ျမန္မာ့သမိုင္း မွာ ေမာ္ကြန္း ထိုးခဲ့တဲ့ အမ်ိဳးသား လြတ္လပ္ေရး အုံႂကြ လႈပ္ရွားမႈႀကီး ကၽြန္မတို႔ မႏၲေလးမွာ လည္းျဖစ္ပြားေပၚေပါ က္ခဲ့ ပါတယ္။

ဒီအခ်ိန္မွာ မႏၲေလးၿမိဳ႕ သူၿမိဳ႕သား ေတြက အမ်ိဳးသား လုပ္ ငန္းတစ္ခုျဖစ္တဲ့ ဆိုက္ကားယာဥ္ငယ္ကို ဝိုင္းၿပီး အားေပးလို က္ၾကေတာ့ ဓါတ္ရ ထားလုပ္ငန္း ဟာ ခြက္ခြက္လ န္ေအာင္ ရႈံးလို႔အလုပ္ရပ္နား သြားရ တာေပါ့။

မႏၲေလးၿမိဳ႕မွာ အဲဒီေခတ္ က ၿမိဳ႕သူၿမိဳ႕သားမ်ားစီးနင္း သြားလာဖို႔ ျမင္းရထားေ ခၚတဲ့ ျမင္းတပ္ရထားလုံး နဲ႔ ဓါတ္ရထားပဲ ရွိတယ္။ ရန္ကုန္မွာလို လံျခား မရွိဘူး။

၁၃ဝဝ ျပည့္ အေရးေ တာ္ပုံကာ လႀကီးကို ေရာက္လာေတာ့ အမ်ိဳးသားစီးပြားေ ရးဟာ အမ်ိဳးသားေတြရဲ့ လက္ထဲမွာပဲ ရွိရမယ္ဆို တဲ့ မူတစ္ခု ေပၚလာၿပီး ေသြးစုပ္ ခ်ယ္လွ ယ္ေနတဲ့ နိုင္ငံျခားသားပိုင္ လုပ္ငန္း ေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခုလည္း အမ်ိဳးသားေ တြက ဖြင့္လာ ၾကတယ္။

အဲဒီအခ်ိန္မွာ စက္အား မပါ ၊ေလာင္စာဆီ မလို ၊လူအား နဲ႔ လႈပ္ရွားတဲ့ ယာဥ္ငယ္ဆိုက္ကား ဆိုတဲ့ စီးစရာေလး တစ္ခု ေပၚလာတယ္။

ဆိုက္ကား ဆိုတာက စက္ဘီးက ေနၿပီးျဖစ္လာ တဲ့ယာဥ္ကိုး။ အဲဒီေခတ္ေက ယာကၤ်ားေတြ စီးတဲ့ စက္ဘီးအေကာင္းဆုံး ရေလး စပါယ္ရွယ္ ဆိုတာ က တစ္စီးမွ ၁၂၅ က်ပ္ ေပးရတာ။

ဟာၾကဴလီ တံဆိပ္ ဆိုရင္ အသစ္မွ ၅၀ က်ပ္ ကေန ရဝ က်ပ္အထိပ္ တန္ဖိုး ရွိတယ္။ အဲဒီေတာ့ ၁၉၃၈ ခုႏွစ္ေလာက္မွာ စက္ဘီး အေဟာင္း ကို ေညာင္ပင္ေဈးက ကား ေဘာ္ဒီလုပ္တဲ့ ဆရာ ဆရာညိဳက ဆိုက္ကား ဆိုတဲ့ ေဘးတြဲ တပ္ေပးတယ္။

တပ္ခက လည္း သိပ္မ မ်ားေတာ့ ေငြ ၁ဝဝ က်ပ္ ၊ ၁၅၀ က်ပ္နဲ႔ ဆိုက္ကားတစ္စီး ျဖစ္လာတာပဲ။ ဒီေလာက္ေငြ က ျမန္မာ ေတြတတ္နိုင္ တဲ့ အရင္းအႏွီးမ်ိဳးျဖစ္ေလေတာ့၊ ဆိုက္ကားအစီး ၁ဝဝဝ ေလာက္ ေန႔ခ်င္း ညခ်င္း မႏၲေလး မွာ ေပၚေပါက္ လာေတာ့တယ္။

အဲဒီဆိုက္ ကားက ေဈးခ်ိဳက ၂ ျပား ေပးစီးခဲ့ရင္ ဓါတ္ရထား က ပို႔ေပးတဲ့ ၂ျပား ခရီးမ်ိဳး အျပင္ ဓါတ္ရထား မေရာက္တဲ့ လမ္းႀကိဳ လမ္းၾကား ဝင္းႀကိဳ ဝင္းၾကားအထိ လိုက္ပို႔ေပးတယ္ေလ။

မႏၲေလးၿမိဳ႕ ဆိုတာ ကလည္း တခ်ိဳ႕ၿမိဳ႕ေတြလို ရြာႀကီး က တျဖည္းျဖည္းနဲ႔ ၿမိဳ႕ျဖစ္လာ တာမ်ိဳး မဟုတ္ဘူး။ မင္းတုန္းမင္းႀကီးက ၿမိဳ႕သစ္တည္ဖို႔ စိတ္တိုင္းက် တဲ့ ေျမျပန႔္ ေျမညီ တစ္ကြက္ကို ေသေသခ်ာခ်ာေရြးၿပီးမွ အကြက္ေတြခ်ၿပီး တည္ခဲ့တဲ့ၿမိဳ႕။

ဒါေၾကာင့္ နန္းေတာ္ေရွ႕ ဆရာတင္က “စည္မ်က္ႏွာ ကဲ့သို႔ ညီညာေပသကို လို႔ မႏၲေလး ကို သူ႔ျမနႏၵာ သီခ်င္း ထဲမွာ ထည့္ဖြဲ႕ထားတယ္ မဟုတ္လား။

မႏၲေလးမွာ လမ္းေတြက အတက္အဆင္း အနိမ့္ အျမင့္ အလြန္နည္းတယ္။ ၿမိဳ႕ကို အကြက္ခ်ထားၿပီး လမ္းေတြ ေဖာက္တာ၊ အကြက္ေတြရဲ့ အလယ္ကဝင္းေတြဖြဲ႕တယ္။ ဝင္းထဲမွာ အရာရွိႀကီးေတြ ေနေစတယ္။

မႏၲေလးၿမိဳ႕ရဲ့ လမ္းေတြ က အေရွ႕ ၊ အေနာက္ ၊ ေတာင္ ၊ ေျမာက္ တည့္တည့္တန္းတန္း ရွိေနေအာင္ တမင္ေဖာ္ထားကာ ၊ တစ္ျပန္တစ္ၿပ အကြာအေဝးညီတယ္။ ဝင္း ႀကိဳဝင္းၾကား ေပါတယ္။

မႏၲေလးမွာ ၿဗိတိသၽွ အစိုးရက ေက်ာက္လမ္းမိုင္ ၆၀ ခင္း ေပးသတဲ့။ ဓါတ္ရထား သြားနိုင္တာက ၆ မိုင္ထဲ ရွိတာ။ ဆိုက္ကားက မိုင္ ၆၀ စလုံးကို သြားနိုင္တဲ့ အျပင္ လမ္း မရွိတဲ့ ဝင္းႀကိဳဝင္းၾကားထဲ လည္း ဝင္ၿပီး ပို႔ေပးေလ ေတာ့ ၊ ၿမိဳ႕သူၿမိဳ႕သားေတြက ဆိုက္ကား ပဲ စီးၾကတာေပါ့။

အဲဒီမွာ ၁၅၀ က်ပ္တန္ ၊ ၂၀၀ က်ပ္တန္ ဆိုက္ကားေတြ နဲ႔ မယွဥ္နိုင္၊မယွဥ္ဝံ့လို႔ ဓါတ္ရထားႀကီး သိမ္းလိုက္ရ တယ္ ဆိုတာ ၾကားၾကား သမၽွကေတာ့ မယုံနိုင္စရာႀကီး ျဖစ္ ေနတာေပါ့။

ဒါေပမယ့္ တစ္ကယ့္ ျဖစ္ရပ္ပဲ။ ဓာတ္ရထားႀကီး ခမ်ာမွာ လက္မွတ္တစ္ေစာင္ တစ္ေန႔လုံး စီးခ်င္ရာစီး ၃ ပဲ စီးနိုင္ရင္ တစ္ေန႔လုံး ဓါတ္ရထားေပၚ က မဆင္းပဲေနခ်င္ ေနဆိုၿပီး တစ္ေနကုန္စီးလည္း ၃ ပဲ လက္မွတ္ေတြ ဘာေတြေတာင္ လုပ္ၿပီးျပဳတ္ခါနီးမွာ ထိန္းရွာပါ ေသးရဲ့၊ မရပါဘူး။

တစ္ခါတည္း လုပ္ငန္းပိတ္ လိုက္ ရပါေရာ၊။ဆရာမႀကီး လူထုေဒၚအမာ ရဲ့ ရတနာပုံမႏၲေလး မႏၲေလး ကၽြန္မတို႔မႏၲေလး စာအုပ္မွ ေရးသားသူ ဆရာမႀကီးလူထုေဒၚအမာ Crd-photo

Leave a Reply

Your email address will not be published. Required fields are marked *