မြောက်ဒဂုံမှာရှိတဲ့ သိန်း (၁၀၀၀)တန်ခြံကြီးကို ဝယ်လိုက်တဲ့အကြောင်းလိုင်းပေါ်တင်ခဲ့လို့ ကြွားတယ်ဆိုပြီးဝေဖန်လိုက်တဲ့ ပရိသတ်တစ်ဦးကို ပြန်လည်ချေပလိုက်တဲ့ မေပန်းချီ
Posted on
ပရိသတ် ကြီးရေ သရုပ်ဆောင် မေပန်းချီ ကတော့ အနုပညာ အလုပ်တွေ အပြင် တန်ဖိုးကြီး ပစ္စည်း တွေနဲ့ ရတနာတွေကို live လွှင့် ရောင်းချ ပေးပြီး အောင်မြင်နေတဲ့ သူတစ်ယောက် လည်း ဖြစ်ပါတယ်။ မေပန်းချီ ကတော့ သိန်း(၁)ထောင်တန် မြေကွက်ကြီးကို ဝယ်ခဲ့ တာကို လိုင်းပေါ်တင် ခဲ့လို့ဝေဖန်မှု တချို့ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ပရိသတ် တစ်ဦးက အနုပညာသမား ဘဝတူတွေ ပြေးနေရတဲ့ အချိန်မှာ အမ အလုပ်တွေ အဆင်ပြေ လာတာကို ဝမ်းသာ ပါတယ်။အမကို သဘောကျလို့ Live တိုင်း နီးပါးလဲ ကြည့် ဖြစ်ပါတယ်။
တစ်ခုခု ဆို ပို့စ်တင်ပြီး ကြွားကြွားနေတာ အမလို ဘဝတူ ပြေးနေရတဲ့ အနုပညာသမား တွေကို အားမနာဘူး လား။ သူတို့ကို အားနာသော အားဖြင့် ပို့စ်တင်ပြီး ကြွားမနေ ပေးလို့ မရဘူးလား။ ခဏလောက် လေးပဲ တိတ်ဆိတ် ပေးလို့ မရဘူး လားဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။ အဲဒီ comments လေးကို မေပန်းချီကလည်းဟုတ်ကဲ့ လူတိုင်းက သူ့အကြောင်းနဲ့ သူရှိပါတယ် အစ်မက ဒီအချိန် ပဲ ကွက်မြင်တာကို အနင်းခံနေ ရတဲ့အချိန် ၁ဝစုနှစ်ကိုကွက် မမြင်တာ လူဆိုတာ ကိုယ်ကြုံဖူး မှ ကိုယ်သိ သလို ကျွန်မအကြောင်း တရားထပ် အစ်မပို မသိနိုင်ပါဘူး။ မုဒိတာ တရားဆိုတာ ဒီလို အချိန်မှာ ခေါ်တာ အဲ့အနုပညာ လောကထဲက လူတချို့ ပဲ ကျွန်မတို့ကိုနင်းခဲ့တာ ဆယ်စုနှစ် တစ်ခု ရှိပါပြီ။
ရိုက်ချိုးခံ ခဲ့ရတဲ့ နေ့တွေ အချိန်တွေ မိဘကို အိမ်ပိုင် မထားပေးနိုင်တဲ့ အချိန်တွေ ဘဝက အစ်မ ပြောတဲ့ ကြွားဝါချင်း တမျိုးနဲ့ ရပ်တည်နေတာ မဟုတ်ဘူး။ တချို့ ပိုစ့် သည် ကျွန်မ ချစ်တဲ့ သူတွေ မုဒိတာပွါးဖို့ တချို့ ပိုစ့်သည် လူတိုင်း ကြိုးစားရင် ဖြစ်တယ် ဆိူတာ သိဖို့ တချို့ ပိုစ့်သည် ကျရူံးနေ ပါပြီဆိုပြီး နင်းနင်းခဲ့တဲ့ သူတွေသိဖို့ ဘဝ က အစ်မတွေးခေါ် နေသလို နိမ့်ပါးနေဘူး။ ကျွန်မဘဝရဲ့ ရုန်းကန်ခဲ့ ရမူ့တိုင်း အစ်မ မမြင်ဖူးခဲ့တာမို့ အစ်မအတွေးအခေါ်က သေးတိမ် နေလောက် တယ်။လူတိုင်း မှတ်ကျောက် ရှိတယ်။ ဒဏ်ရာရှိတယ် အကြောင်းတရားရှိတယ် အကြွားပိုစ့် လို့ထင်တယ် ပိုစ့်များရှိရင် မန်းရှင်း ခေါ်လိုက်ပါ ထပ်ရှင်းပြဖို့ ဆိုပြီး မေပန်းချီကပြန်ရှင်းလာတာ ဖြစ်ပါတယ်။
Zawgyi
Leave a Reply
Your email address will not be published.