မွေးဖွားပီးလို့ အသက်(၁၂)နှစ် အရွယ်ရောက်မှ ယောက်ျား/မိန်းမ သေချာ ခွဲခြားသိမြင်ရတဲ့ ထူးဆန်းတဲ့ ရွာငယ်လေး
Posted on
ဒီအဖြစ် ကတော့ တစ်ကမ္ဘာ လုံးနဲ့ယှ ဉ်တဲ့အခါ အလွန် ထူးဆန်းကောင်း ထူးဆ န်းနေပါလိမ့်မယ်။ မည်သည့်ေ ဒသမှာဖြစ်ဖြစ် ကလေး တစ်ယောက် မွေးပြီဆို မွေးရာပါ အထီးအမ အင်္ဂါကိုကြ ည့်ပြီး၊ မိန်းကလေးဟေ့… ယောက်ျားေ လးဟလို့ ဆုံးဖြတ်ကြ တာ ဖြစ်ပါတယ်။ ဒါပေမယ့် အရာ ရာတိုင်းမှာ ရှုပ်ထွေးနေတဲ့ အမှန်တရားတွေ ရှိနေတတ်ပါတယ်။
အခု လည်း ဒိုမီနီကန် ရီပက်ဗလစ် နိုင်ငံင ယ်လေးက ဝေးလံသီခေါင်လှတဲ့ ရွာငယ်လေးတ စ်ရွာမှာတော့ အလွန်ထူး ဆန်းတဲ့ဖြစ်စ ဉ်တစ်ခုကို နှစ်ရှည်လများ ဘယ်သူမှ ပြေလည်အောင် ဖြေရှင်းပေး နိုင်ခြင်း မရှိေ သးပါဘူး။ အကြောင်းကေ တာ့ သူတို့ရွာမှာ မွေးဖွားခဲ့တဲ့ တစ်ချို့သော ယောက်ျားလေးတို င်းဟာ မိန်းကလေး တစ်ယောက်လို မွေးဖွားလာပြီး၊ ယောက်ျားလေးလို့ အသိအမှတ်ပြုရမယ့် မျိုးပွား အင်္ဂါ မပါဘူးလို့ သိရပါတယ်။
တစ်ချို့ကောင်ေ လးတွေဟာ မွေးမွေးချင်းမှာ မိန်းကလေးတစ်ယော က်အတိုင်း ဖြစ်ပြီး၊ မိန်းကလေး နာမည်တွေနဲ့ ရှင်သန်နေထိုင်ခဲ့ြ ကရတယ် လို့ သိရပါတယ်။ ဒါပေမယ့် အသက်(၁၂)နှစ် နောက်ပိုင်းမှ ခန္ဓာကိုယ်ရဲ့ကြွ က်သားတစ်ချို့ စတင်ကြီးထွား လာသလို၊ ထိုအချိန်ကျမှ အထီးအမ ခွဲြ ခားလို့ရနိုင်မယ့် ဝှေးစေ့နဲ့ မျိုးပွားအင်္ဂါက စတင်ဖွံဖြိုးလာတာဖြစ်ကြောင်း သိပါတယ်။
သူတို့ရဲ့ အခုလိုထူးဆန်း တဲ့ဖြစ်စဉ်ကို “Guevedoces” လို့ ခေါ်ပြီး ဘာသာပြန်ပါက “Penis at 12 yrs “လို့ ဆိုပါတယ်။ ဒီအကြောင်းကို BBC က Countdown to Life အမည်ရ မှတ်တမ်းဗွီဒီယိုရိုက်ကူးခဲ့ပြီး ဒေသခံရွာသားတစ်ဦးဖြစ်တဲ့ Johnny က ဦးဆောင်ပါဝင်ခဲ့ကာ သူတို့တစ်တွေ ငယ်စဉ်ကအဖြစ်အပျက်တွေကို ပြန်ပြောပြပါတယ်။
Johnny ဟာ တစ်ခြား Guevedoces တွေလိုပဲ မိန်းကလေးတစ်ယောက်လို စကပ်တွေ၊ ပန်းရောင်ဘောင်းဘီလေးတွေနဲ့ ကြီးပြင်းခဲ့ရကြောင်း၊ သူ့မှာ ယောက်ျားလို့ သက်သေပြရမယ့် ဝှေးစေ့နဲ့ကျားအင်္ဂါ ပါမလာဘဲ၊ အမျိုးသမီးတစ်ယောက်ရဲ့ ယောနိလိုမျိုးဖြစ်ကြောင်း ဆိုပါတယ်။ ထိုစဉ်က Johnny ရဲ့ မိန်းကလေးနာမည်ဟာ Felicita ဖြစ်ပြီး၊ ဒီလိုအဝတ်အစားတွေ ဝတ်ဆင်ရပေမယ့် ဘယ်တုန်းကမှ ပျော်တယ်လို့ မခံစားခဲ့ဖူးကြောင်း ဆိုပါတယ်။
ဒီလိုနဲ့ (၁၂)နှစ်ကျော်တဲ့အခါမှာ သူဟာ အထီးလိင်အင်္ဂါ ထူးခြားလာခဲ့ပြီး၊ ငါ ယောက်ျားဖြစ်ပြီကွလို့ ဝမ်းသာအားရ အော်ဟစ်ခဲ့ပါတယ်။ ကျောင်းမှာ သူ့ကို ရန်လာစတဲ့သူကို လက်သီးနဲ့ထိုး တုံ့ပြန်ခဲ့ရတာ အတော်လေးကို ယောက်ျားတစ်ယောက်အတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
BBC အဖွဲ့သားတွေဟာ Carla လို့ အမည်ရသူနဲ့လည်း မှတ်တမ်းဗွီဒီယိုရိုက်ကူးခဲ့ပြီး သူကတော့ အသက် (၇)နှစ်အရောက်မှာပင် အမျိုးသားတစ်ယောက်ရဲ့ အင်္ဂါရပ်တွေပြည့်စုံခဲ့လို့ Carla မှ Carlos ဆိုတဲ့နာမည်ကို ပြောင်းလဲမှည့်ခေါ်ခဲ့ပါတယ်။ ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ဟာ နှစ်ပေါင်းရာနဲ့ချီနေပါပြီ။ ဒီဖြစ်ရပ်ကို ပထမဆုံး သုတေသနပြုခဲ့တာကတော့ နယူးယောက်ခ်မြို့ Cornell Medical College မှ ဒေါက်တာ Julianne Imperato-McGinley က (၁၉၇၀)ခုနှစ်မှာ စတင်ခဲ့တာပါ။
ဒေါက်တာ Julianne ဟာ သူမနဲ့အတူ လမ်းပြအနည်းငယ်သာ ခေါ်သွားခဲ့ပြီး၊ သူမဟာ အဲဒီရွာကလေးမှာပင် များပြားလှတဲ့ သုတေသနများစွာလုပ်ခဲ့ပါတယ်။ ဒီလို သုတေသနတွေပြုလုပ်နေရင်းနဲ့ အချက်များစွာထဲကနေ အမှန်တရားတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဟိုမုန်းမဖွံ့ဖြိုးခြင်ပါဘဲ။ ရှင်းရှင်းလင်းလင်း ပြောရရင် မွေးဖွားစဉ်ကတည်းက X ခရိုမိုဇုန်းနဲ့ မွေးဖွားလာတယ်ဆိုရင် သေချာပေါက် မိန်းကလေးဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ XY ခရိုမိုဇုန်းနဲ့ဆိုရင်တော့ ယောက်ျားလေးအဖြစ် မွေးဖွားမှာဖြစ်ပါတယ်။
အမိဝမ်းထဲရှိနေစဉ်မှာ ရက်သတ္တပတ်အနည်းငယ်မှာတော့ ခရိုမိုဇုန်းက မျှတနေမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ရင်သားတွေ(နို့သီးတွေ)စတင်ဖွံ့ဖြိုးနေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်(၈)ပ တ်အရွယ်မှာတော့ ခရိုမိုဇုန်းတွေ ကွဲကွဲပြားပြား ဖြစ်သွားမှာပါ။ ဒီလိုနဲ့ ကိုယ်ဝန်က ယောက်ျားေ လးဖြစ်မယ်ဆိုရင် Y ခရိုမိုဇုန်းတွေက ယောက်ျားလေးနဲ့သက်ဆိုင်တဲ့ အင်္ဂါရပ်တွေကို စတင်ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပင် dihydro-testosterone လို့ခေါ်တဲ့ အသွင်ပြောင်းဟိုမုန်းတွေက အထီးအင်္ဂါရပ်ပိုင်းဆိုင်ရာ တည်ဆောက်ဖို့ အားပေးနေကြမှာပါ။
မိန်းကလေးဖြစ်မယ့် ကိုယ်ဝန်မှာတော့ dihydro-testosterone အဖြစ် အသွင်ပြောင်းခြင်းမရှိတော့ဘဲ ဒီအတိုင်းတည်ရှိနေမယ်လို့ ဒေါက်တာ Julianne က အသေးစိပ်တွေ့ရှိခဲ့ပါတယ်။ ဒီတော့ အဆို ပါ ရွာသားလေးတွေဟာ မွေးကတည်းက အထီး လိင်အင်္ဂါ ကောင်းစွာဖွံ့ဖြိုး မှုမရှိတဲ့အတွက် 5-alpha-reductase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်ေ တွချို့တဲ့ ခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒီဓာတ်ချို့ တဲ့ခြင်းကြောင့် သန္ဓေ သားဘဝကတည်းက dihydro-testosterone တွေအဖြစ် အသွင်းပြောင်းမယ့် Testosterone တွေ မလုံလောက်မှုတွေဖြစ်ပေါ်က နောက်ဆုံးမှာတော့ မိန်းကလေးတစ်ယောက်နီးနီး အသွင်သဏ္ဍာန်နဲ့ မွေးဖွားခြင်းကို ဖြစ်စေပါတော့တယ်။
ဒါပေမယ့် တစ်ချို့ကေ လးငယ်တွေဟာ အသက်(၈)နှ စ်လောက်မှာ စောစောကပြောတဲ့ ဟိုမုန်းဓာ တ်တွေ လုံလုံလောက်လောက် ပြည့်ပြည်ဝဝရ လာတဲ့အခါ အထီးလိင်အင်္ဂါ ထင်ရှားေ ပါ်ပေါက်လာ တာမျိုးတွေရှိပြီး၊ တစ်ချို့ ကတော့ အသက် (၁၂)ကျော်လောက်မှ အထီးလိင်အ င်္ဂါထင်ရှားဖြစ် လာတာမျိုး ရှိပါတယ်။ ဒါဟာ အလွန်ထူး ဆန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ကမ္ဘာနဲ့ချီရင်တော့ အလွန်ရှား ပါးတဲ့ဖြစ်စ ဉ်တစ်ခု ဖြစ်ပြီး အနာဂတ်အတွက် အဖြေကိုဆက်လက်ရှာနေဆဲဖြစ်ပါတယ်။
Zawgyi Version
တစ်ချို့ကောင်ေ လးတွေဟာ မွေးမွေးချင်းမှာ မိန်းကလေးတစ်ယော က်အတိုင်း ဖြစ်ပြီး၊ မိန်းကလေး နာမည်တွေနဲ့ ရှင်သန်နေထိုင်ခြဲ့ ကရတယ် လို့ သိရပါတယ်။ ဒါပေမယ့် အသက်(၁၂)နှစ် နောက်ပိုင်းမှ ခန္ဓာကိုယ်ရဲ့ကြွ က်သားတစ်ချို့ စတင်ကြီးထွား လာသလို၊ ထိုအချိန်ကျမှ အထီးအမ ခြွဲ ခားလို့ရနိုင်မယ့် ဝှေးစေ့နဲ့ မျိုးပွားအင်္ဂါက စတင်ဖွံဖြိုးလာတာဖြစ်ကြောင်း သိပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *