မွဲပြာကျလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လမ်းခွဲခဲ့တဲ့ ချစ်သူက ထားသွားတဲ့နေ့မှာပဲ ထီသန်းဆုကြီး ဆွတ်ခူးခဲ့တဲ့ အမျိုးသား
Posted on
အမျိုးသား တစ်ယော က်ဟာ ချစ်သူအ မျိုးသမီးက သူ့ကို ငမွဲတစ်ယော က်မို့ မတွဲချင်ေ တာ့ဘူးဆိုပြီး ဖြတ်သွားတဲ့နေ့မှာပဲ ထီသန်းဆုကြီးကို တိုက်တိုက် ဆိုင်ဆိုင် ဆွတ်ခူးခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ အသည်းကွဲလို့ စိတ်နာ ဝမ်းနည်းနေပေမယ့် မကြာသေးခင်က ကံစမ်းခဲ့တဲ့ ထီလက်မှတ်က ပေါင်(၃)သန်းအထိ ဆွတ်ခူးခဲ့တာပါ။
အဆိုပါ အမျိုးသား ဟာ တောင်အာဖရိကနိုင်ငံ၊ Johannesburg မှာ နေထိုင် သူဖြစ်ပြီး၊ သူ့အနေနဲ့ အထားခံခဲ့ရလို့ အခုအခါမှာတော့ ဝမ်းမနည်းတော့သလို စိတ်အေးလက်အေး ရှိနေဖြစ်ကြောင်း သိသာစေဖို့ ဖြတ်သွားတဲ့ ချစ်သူဟောင်းကို ရေခဲသေတ္တာ တစ်လုံးတောင် ဝယ်ပေးခဲ့ပါသေးသတဲ့။ သူဟာ အသက်(၃၀)နှစ်သာ ရှိပါသေးတယ်။
ချစ်သူက ထားသွားတဲ့နေ့မှာပဲ ထီသန်းဆုကြီး ဆွတ်ခူးခဲ့တဲ့ အမျိုးသား
ယခင်ကတော့ သူဟာ ဘဏ္ဏာရေး အပိုင်းမှာ အလုပ်လုပ်သူပါ။ သူဟာ ဇန်နဝါရီ (၁၅)ရက်နေ့မှာပဲ ထီဆုဆွတ် ခူးခဲ့တာဖြစ်ပြီး၊ ဒီသတင်းကို မကြားရခင်ကတော့ ချစ်သူက စွန့်ပစ်တာခံရတဲ့ သူ့ဘဝအဖို့ စိတ်ဓာတ် ပိုင်းလည်း ကျဆင်းစရာ ဖြစ်ခဲ့သလို၊ လူလည်း အတော်လေး ဆောက် တည်ရာမရ ဖြစ်ခဲ့ပါသတဲ့။ အဲဒီနေ့ ချစ်သူက အဖြတ်ခံရတဲ့ မရှေးမနှောင်းမှာပဲ သူဟာ ထီပေါက်ကြောင်း သိခဲ့ရတာပါ။
ချစ်သူက ထားသွားတဲ့နေ့မှာပဲ ထီသန်းဆုကြီး ဆွတ်ခူးခဲ့တဲ့ အမျိုးသား
အခုဆို သူဟာ နိုင်ငံတော်ထီအော် ပရေတာရုံးမှာ ထီဆု ထုတ်ယူ ပြီးပြီလို့ သိရပါတယ်။ သူဟာ အရင် တုန်းကလည်း ထီမဖြစ်စလောက်လေး ပေါက်ဖူးပါသေးတ ယ်လို့ ဆိုပါတယ်။ ထိုစဉ်တု န်းကတော့ တောင်အာဖရိကငွေကြေး Rand (၅၀၀)သာ ရရှိခဲ့ပါတယ်။ ပမာဏအားဖြင့် (၂၄)ပေါင်သာ တန်ကြေးရှိတာပါ။
သူက ” အဲဒီတုန်း ကတော့ ရန်ဒ်(၅၀၀)ပဲ ရခဲ့တယ် … မဖြစ်စလော က်လေးပေါ့ … အခုလည်း အတူနေချစ်သူက ထားသွားလို့ စိတ်ထဲမှာ ကြည်လင်နေတာမျိုးတော့ မဟုတ်ပါဘူး … ထီလည်းပေါက် သူမကလည်း ကျောခိုင်းသွားတော့ … ဒါတွေက ကိုယ်တစ်ယော က်တည်းနဲ့ပဲ ဆိုင်တော့တာလေ … ကျွန်တော်ဆို အိပ်မက် မက်နေတာလားလို့တောင် ထင်မိတယ်”
ချစ်သူက ထားသွားတဲ့နေ့မှာပဲ ထီသန်းဆုကြီး ဆွတ်ခူးခဲ့တဲ့ အမျိုးသား
” ချက်ချင်း ရေအေးအေးေ လး ချိုးလိုက်တယ် … စိတ်ကို တည်ငြိမ်အော င်ထားတယ် … ပြီးတော့ လက်မှတ်နဲ့ ထီပြန်တို က်ကြည့်တယ် … ဒါ တကယ်ဖြစ်နေတဲ့ကိစ္စပါ … သူမသာ ကျွန်တော်နဲ့ အတူတူ ရှိနေရင် သူမလည်း ကံကောင်း တဲ့လူထဲမှာ ပါမှာပေါ့ … “လို့ ပြောခဲ့ပါတယ်။ ဒီလောက် ထီဆုကြီးကို ဆွတ်ခူးပေမယ့် အလုပ်ကနေ ထွက်ဦးမှာမဟုတ်ပါဘူးတဲ့။ အနာဂတ်မှာတော့ ရင်းနီးမြ ျုပ်နှံတာတွေ သူ တက်နိုင် တဲ့အလှူတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။ သူ့အမည်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ လင်းဇော်ကို
Ref ; DailyStar
Ref ; DailyStar
Leave a Reply
Your email address will not be published. Required fields are marked *