ယခု မြန်မာပြည်တွင်းမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေေလေးနဲ့ တိုက်ဆိုင်လွန်းနေတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်……

Posted on

ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကို သေမင်းက ရောဂါပိုးတစ်ခု သယ်ပြီး ဝင်လာတယ်…

မြို့စောင့်နတ်ကမေးတာပေါ့..

“မင်း ဘယ်သူလဲ..”

“ကျွန်တော် သေမင်းပါ..

ပလိပ်ရောဂါပိုးကို သယ်လာပါတယ်.. ဒီမြို့က လူတစ်ထောင်ကို သတ်မလို့ပါ.. သူတို့ရဲ့ ကံအရ သေချိန်တန်ပြီမို့ပါ..”

မြို့စောင့်နတ်ကလည်း သေမင်းဆိုတော့ ခွင့်ပြုလိုက်ရပါတယ်..

နောက်နေ့လည်းကျရော အဲဒီမြို့က လူတစ်သောင်း သေသွားကြတယ်..

သေမင်းက သူ့တာဝန်တွေပြီးလို့ မြို့ကပြန်ထွက်လာတဲ့အခါ မြို့စောင့်နတ်က မကျေမနပ်နဲ့မေးတယ်..

“ခင်ဗျား သတ်မယ်ဆိုတဲ့သူက လူတစ်ထောင်ဆို..ခုတော့ လူတစ်သောင်း သေသွားတာပါလား..”

“ဟုတ်ကဲ့..ကျွန်တော် ပလိပ်ရောဂါပိုးကို လူတစ်ထောင်ဆီပဲ အတိအကျ ပို့လိုက်တာပါ..ကျန်တဲ့လူ ကိုးထောင်က သူတို့ဟာသူတို့ပလိပ်ရောဂါဖြစ်တယ်ထင်ပြီး ကြောက်လန့်ပြီး သေကြတာပါ..”

သေမင်းက အဝေးကိုတစ်ရွေ့ရွေ့ပြန်ထွက်သွားတယ်..ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ပေါ့..

မှတ်မိသလောက်လေး နီးစပ်အောင်ပြန်ရေးတာပါ..

ဒီဝတ္ထုလေးကိုရေးသူက ဆရာဖေမြင့် လားဆရာတာရာမင်းဝေ လား ဘယ်ဆရာရေးတာလဲ မမှတ်မိတော့ပါ..

အကြောက်တရားရဲ့ ကြောက်စရာကောင်းပုံက တကယ့် ကပ် ရောဂါထက် ပိုဆိုးရွားကြောင်း ဒီဝတ္ထုတိုလေးက အလင်းပြထားတယ်..

နေရာတကာမှာသံသယရှိလူနာတွေ့ပြီလို့ အွန်လိုင်း သတင်းတွေက ဆိုနေတယ်..

လူနာအခြေအနေက တကယ်ဆိုးရွားလား မဆိုးရွားလား မသိ..ကျိန်းသေတာကတော့ လူတွေ ဆိုးဆိုးရွားရွားကြောက်လန့်ကုန်ပါတယ်..

ဒီကြားထဲ နှာခါင်းစွပ် Mask တွေကို သိုလှောင်ပြီး ဈေးတင်ရောင်းမဲ့ စီးပွားရေးသမားတွေကလည်း ထုံးစံအတိုင်း လူတွေမလန့် လန့်အောင် မကြောက် ကြောက်အောင် ဂျပိုးကို လိပ်ဖြစ်အောင် ဖွ ကြပါလိမ့်အုံးမယ်..

ပေါ်ပင်ဖြစ်ရင်ပြီးရော (စေတနာမပါဘဲ)

Like များများလိုချင်တဲ့ (တစ်ချို့သော)

သတင်း page တွေကလည်း ဖွ ကောင်းကောင်းနဲ့

ဖွ ပါလိမ့်မယ်..

ပြည်သူလူထုအနေနဲ့ အရမ်းကြီး အသိလက်လွတ် စိုးရိမ်ထိတ်လန့်နေတာမျိုး မဟုတ်ဘဲ ပုံမှန်ထက်တော့ အသိ သတိပိုထားပြီး သွားလာနေထိုင်သင့်ပါတယ်

မလိုအပ်ပဲသွား လာနေတာ မျိူးလဲအတတ်နိုင်ဆုံး ထိမ်းချုပ်ေ စချင်ပါတယ် ပြည့်စုံသော အဟာရနဲ့အိပ်ရေးဝဝအိပ် နိုင်အောင်လဲသတိ ထားနေထိုင်စေချ င်ပါတယ်(အတတ်နိုင်ဆုံးပေါ့)

တကယ်ပဲ ရောဂါ ဖြစ်ခဲ့ရင်တောင် အပေါ်ကဝတ္ထုတိုထဲက လိုတကယ်ရောဂါြ ဖစ်မဲ့ လူတစ်ေ ထာင် ထဲ ကိုယ်မပါဖို့ အရေးကြီးလှသလို

ကြော က်လန့်ပြီး သေကြမဲ့ လူကိုးထောင်ထဲလည်း ကို ယ်မပါဖို့ လိုအပ်ပါကြောင်း…

Leave a Reply

Your email address will not be published. Required fields are marked *