ပရိသတ်ကြီး ရေ Myanmar Idol ပြိုင်ပွဲ ကနေ ပရိသတ်တွေ အားပေး ဝန်းရံခံခဲ့ ရတဲ့ နိုင်ငံကျော် အဆိုတော် အက်စတာဒေါ့ချင်းဆုန်ကတော့ ဒီနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့ကတော့ အသက်၂၄နှစ် ပြည့်သွားခဲ့ပြီးပဲ ဖြစ်ပါတယ်။ အမြဲ ရိုးသားဖြူစင်ကာ စိတ်ထားကောင်းတဲ့ အက်စတာကတော့ သူမရဲ့ မွေးနေ့မှာ အလှူအတန်းတွေ များစွာကို နေမကောင်းတဲ့ ကြားကလှူဒါန်းခဲ့ပါ သေးတယ်။
“24 နှစ်တိုင် လမ်းပြပို့ဆောင်ပေးတဲ့ ကိုယ်တော် ကျေးဇူးတင်တယ်🙏🏻မေမေနဲ့ ဖေဖေမိသားစုကိုလည်း သတိရတယ် အရမ်းချစ်တယ် 👨👩👧👦မွေးနေ့မှာ Omicron မိသွားတော့ ချစ်ရသူတွေနဲ့ မတွေ့ရပေမယ် Esther ရဲ့ 24 ပြည့်မွေးနေ့မှာ #Whitenubes နဲ့အတူ တကယ်လိုအပ်တဲ့ နေရာမှာ ဒီအလှူလေး မထင်မှတ်ဘဲ လုပ်နိုင်ခဲ့ပါတယ်။
မွေးနေ့ အမှတ်တရ အနေနဲ့ ပုံတင်ခြင်းသာဖြစ်ပါတယ် 📸Esther ကိုချစ်လို့ ယုံကြည်ကြလို့ အမြဲမားမား မတ်မတ် ရပ်တည်ပေးပီး ချစ်ပေးကြတဲ့ ပြည်တွင်း ပြည်ပ အယောက် ချင်းစီတိုင်းစကားလုံး တွေနဲ့ ဖော်ပြမတက်အောင် ကျေးဇူးတင်ပါတယ် အရမ်းလည်း ချစ်တယ်🙏🏻💌ပေးကမ်းချင်တဲ့ စိတ်နဲ့ လက်တစ်စုံတိုင်း ဘုရားသခင်ရဲ့ ကောင်းကြီး အဆပေါင်းများစွာ ခံစားကြရပါစေ Dawtu nan zaa te ka miphun hawi nan za te nan um nak cio ah Bawipa nih in kil veng hna seh 💌”ဆိုတဲ့စာလေးနဲ့ သူမရဲ့ လက်ရှိ ပုံရိပ်လေးနဲ့ အတူ လှူဒါန်းမှုတွေကို ဖော်ပြခဲ့တာပါ။
Zawgyi