ယနေ့ကျရောက်တဲ့ သူမမွေးနေ့လေးမှာ တစ်သက်လုံးအတွက်အလိုချင်ဆုံးဆုလေးတစ်ခုကို တောင်းလိုက်တဲ့ ပိုင်တံခွန်ရဲ့မိခင်

Posted on

မတရားထောင်ဒဏ် ချမှတ်ခံ ထားရတဲ့ ပိုင်တံခွန် ကတော့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ ကပဲ လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ လွတ်မြောက် လာခဲ့ ပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက် လာခြင်း အတွက် သူ့ရဲ့ မိတ်ဆွေ တွေ သူငယ်ချင်း တွေက ဝမ်းသာနေ ကြပြီး အထူးသဖြင့် သူ့ရဲ့ မိသားစုဝင် တွေက အပျော်ကြီး ပျော်နေကြ တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ မိခင်ကြီး ကလည်း သား ဖြစ်သူ အတွက် ပျော်ရွှင် နေပြီး စိတ်ရော ကိုယ်ပါ ပြန်လည် ကျန်းမာ လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ (၅) ရက်နေ့ ကတော့ ပိုင်တံခွန် မိခင်ကြီး ရဲ့ မွေးနေ့ လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ မေမေက “ ဒီနေ့ကျ ရောက်တဲ့ မွေးနေ့မှာ ပျော်ရွှင်ပြီး အရမ်း ကြည်နူး ရပါတယ်။ ချစ်ရတဲ့ သားတွေ သမီးတွေ နဲ့ ထာဝရ ပျော်ရွှင်စွာ တစ်သက်တာ လုံး နေရ ပါလို၏😊😊😊” ဆိုပြီး သားသမီး တွေနဲ့ အလိုချင် ဆုံးဆု တစ်ဆု ကိုသာ လိုချင် ကြောင်း ပြောလာ ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ မေမေ ကတော့ မိခင် တစ်ယောက် ပီပီ သားတွေ သမီးတွေနဲ့ ထာဝရ ပျော်ရွှင်စွာ နေချင်တဲ့ ဆုလေး တစ်ဆုကို တောင်းထား တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ မေမေလည်း တောင်းတဲ့ ဆုနဲ့ ပြည့်စုံ ပြီး ထာဝရ ပျော်ရွှင် နိုင်ပါ စေနော်။

Zawgyi




Leave a Reply

Your email address will not be published.