ယနေ့ခေတ်လူငယ်တွေ အသုံးတာမရှိသလောက် ပျောက်ကွယ်လုနီးပြီ ဖြစ်သော မြန်မာ့ရှေးသုံး အတိုင်းအထွာများအကြောင်း

Posted on

မြန်မာ အတိုင်းအထွာ ဇယားေ တွထဲမှာ မိုက်တို့ ထွာ တို့ တော့ပါပြီး ဆေးတံတို ၊တစ်ညိုလောက် ရော့သောက်တော့ ပေး ဆိုတဲ့ ကဗျာထဲက ညိုကျတော့ မပါကြဘူး။

တခါက ဦးကြီး တစ်ယောက်က သူ့သ နပ်ခါးပင် လုံးပတ်ဟာ ထွာဆိုင်လော က်ရှိပြီ လို့ပြောတာနဲ့ ကျနော်က အချင်းပြောစမ်းပါ ဆိုတော့.သူက ကောင်လေး ကလည်း..အချင်းဆို တစ်ညိုလျော့လျော့၊ တစ်မိုက်လောက်ပေါ့..တဲ့။

ဘာလည်း ခင်ဗျား..တစ်ညိုက ဆိုပြီး မေးတော့ တစ်မိုက် ဆိုတာ လက်သီးဆုပ်ပြီး လက်မကို လက်သီးဆုပ်ရဲ့ ဘေးကန့်လန့် ဆန့်ထုတ်လိုက်၊ လက်သီးဆု ပ်နဲ့ လက်မအ တိုင်းအ တာနှစ်ခုပေါင်းပဲတဲ့။

တစ်ညိုဆိုတာက လက်မ နဲ့လက်ညိုးကို ဟနိုင်သ၍ ဟပြီးထားလို့ရတဲ့ပမာဏ။ တစ်ထွာဆိုတာက လက်မနဲ့လက်သန်းကို ဟနိုင်သ၍ ဟပြီးထား လို့ ရတဲ့ ပမာဏတဲ့။ ဒီဦးကြီး ပြောတာဟုတ်လားဗျာ။

စာဖြည့်မြန်မာ့ရှေးပညာများဆိုတဲ့ ပေ့ချ်ထဲမှာ ကို Zaw Min-Oo ကဝင်ဖြည့်ပေးလို့ အသိ တိုးရတယ်။ ဒါကိုဖြည့်ပေး လိုက်ပါတယ်..

ဟုတ်ပါတယ်။ ကျနော်တို့ငယ်စဉ်က ဂေါ်လီရိုက်ရင် တညိုတထွာ ဆိုတာတွေနဲ့ တိုင်းတာဆုံးဖြတ်အနိုင်ယူပါတယ်။ နိုင်ဖို့ အတွက် လက်ဖြဲလေ့ကျ င့်ခန်း နေ့စဉ်လုပ်ပါတယ်။ ထွေလိုက်ရင် နီးမနီး ကိုယ့်အထွာအညိုတွေက အရေးပါလို့ပါ။

ညို ထွာ ဆုပ် မိုက် တော င်အပြင် လူ့လက်နဲ့တိုင်းတဲ့ တခြားဝေါဟာရတွေက တဖောင် တသူ စတာတွေပါ။ လုံးပတ်ကိုတိုင်းရင် တဖောင်လို့ခေါ်ပြီး အန က်အမြင့်စောက်ကို ပုံမှန်အရပ်ရှိလူ လက်ဆန့်အမြင့်ကို တသူ ခေါ်ပါတယ်။ အသူတရာနက်သော ချောက်ဆိုတာ ဒီကလာပါတယ်။

ပါဠိသက္က တဝေါဟာ ရတွေဖြစ်တဲ့ အင်္ဂုလိ ဟတ္ထ မုဋ္ဌိ (မုတ္ထိ) စတာတွေကိုလည်း မဇ္ဈိမပုရိသနဲ့တိုင်းပါတယ်။ ဟတ္ထကို ဘာသာပြန် ကွဲကြလို့ ဘုရားရှင်အရပ်တော် ၁၈ တောင်လား မိုက်လား ယူဆချက်ကွဲပြန်ပါတယ်။

ကျနော်စုပေါင်းပြီး ဆောင်းပါးတပုဒ် ရေးထားသင့်ပြီလို့ တွေးမိပါတယ်။ မှတ်သားချက်များအရ ကွာဟလိုအပ်ရင် ထောက်ပြ လမ်းညွှန်ပါ။ တတ်နိုင်က လုပ်ကြပါ။

မုဋ္ဌိက လက်ဆုပ်ဖြစ်တော့ အကိုပြောတဲ့ မိုက်က လက်ဆုပ်နဲ့ ဦးကြီး ရောနေပုံရပါတယ်။လက်ဆုပ်အရွယ် ဗုဒ္ဓဆင်းတု ပဋိမာတွေကို ရှင်မုတ္ထီး ဘုရားတွေလို့ခေါ်ဝေါ်ပါတယ်။

စစ်ဆေးတဲ့နည်းကတော့ တတောင်မှာ သုံးမိုက် တတောင် မှတ်ပါတယ်။ ကျနော် အလွတ်ပြောလို့ ကျမ်းအဆိုနဲ့ ပြန်ကြည့်ပြီး လွဲရင်ပြင်ပါ့မယ်။

ဖောင်က ဘယ်ညာလက်နှစ်ဖက်ကို ဘေးကို အစွမ်းကုန် လက်ဝါးပါဖြန့်လျက် ကိုယ်ခန္ဓာအဝင်အပါ တိုင်းတာမှု ယူနစ် တခုပါ။ သစ်ပင်လုံးပတ်တွေအပြင် အလျားဗျက်တွေကိုပါ တိုင်းနိုင်ပါတယ်။လက်ခုပ် လက်စွန်း လက်စွန်းဝက် လက်တပွေ့ ဆိုတာတွေက ခပ်ယူချင်တွယ်တာမျိုးမှာ သုံးပါတယ်။ Credit;

Zawgyi Version

ျမန္မာ အတိုင္းအထြာ ဇယားေ တြထဲမွာ မိုက္တို႔ ထြာ တို႔ ေတာ့ပါၿပီး ေဆးတံတို ၊တစ္ညိဳေလာက္ ေရာ့ေသာက္ေတာ့ ေပး ဆိုတဲ့ ကဗ်ာထဲက ညိဳက်ေတာ့ မပါၾကဘူး။

တခါက ဦးႀကီး တစ္ေယာက္က သူ႔သ နပ္ခါးပင္ လုံးပတ္ဟာ ထြာဆိုင္ေလာ က္ရွိၿပီ လို႔ေျပာတာနဲ႔ က်ေနာ္က အခ်င္းေျပာစမ္းပါ ဆိုေတာ့.သူက ေကာင္ေလး ကလည္း..အခ်င္းဆို တစ္ညိဳေလ်ာ့ေလ်ာ့၊ တစ္မိုက္ေလာက္ေပါ့..တဲ့။

ဘာလည္း ခင္ဗ်ား..တစ္ညိဳက ဆိုၿပီး ေမးေတာ့ တစ္မိုက္ ဆိုတာ လက္သီးဆုပ္ၿပီး လက္မကို လက္သီးဆုပ္ရဲ့ ေဘးကန႔္လန႔္ ဆန႔္ထုတ္လိုက္၊ လက္သီးဆု ပ္နဲ႔ လက္မအ တိုင္းအ တာႏွစ္ခုေပါင္းပဲတဲ့။

တစ္ညိဳဆိုတာက လက္မ နဲ႔လက္ညိဳးကို ဟနိုင္သ၍ ဟၿပီးထားလို႔ရတဲ့ပမာဏ။ တစ္ထြာဆိုတာက လက္မနဲ႔လက္သန္းကို ဟနိုင္သ၍ ဟၿပီးထား လို႔ ရတဲ့ ပမာဏတဲ့။ ဒီဦးႀကီး ေျပာတာဟုတ္လားဗ်ာ။

စာျဖည့္ျမန္မာ့ေရွးပညာမ်ားဆိုတဲ့ ေပ့ခ်္ထဲမွာ ကို Zaw Min-Oo ကဝင္ျဖည့္ေပးလို႔ အသိ တိုးရတယ္။ ဒါကိုျဖည့္ေပး လိုက္ပါတယ္..

ဟုတ္ပါတယ္။ က်ေနာ္တို႔ငယ္စဥ္က ေဂၚလီရိုက္ရင္ တညိဳတထြာ ဆိုတာေတြနဲ႔ တိုင္းတာဆုံးျဖတ္အနိုင္ယူပါတယ္။ နိုင္ဖို႔ အတြက္ လက္ျဖဲေလ့က် င့္ခန္း ေန႔စဥ္လုပ္ပါတယ္။ ေထြလိုက္ရင္ နီးမနီး ကိုယ့္အထြာအညိဳေတြက အေရးပါလို႔ပါ။

ညိဳ ထြာ ဆုပ္ မိုက္ ေတာ င္အျပင္ လူ႔လက္နဲ႔တိုင္းတဲ့ တျခားေဝါဟာရေတြက တေဖာင္ တသူ စတာေတြပါ။ လုံးပတ္ကိုတိုင္းရင္ တေဖာင္လို႔ေခၚၿပီး အန က္အျမင့္ေစာက္ကို ပုံမွန္အရပ္ရွိလူ လက္ဆန႔္အျမင့္ကို တသူ ေခၚပါတယ္။ အသူတရာနက္ေသာ ေခ်ာက္ဆိုတာ ဒီကလာပါတယ္။

ပါဠိသကၠ တေဝါဟာ ရေတြျဖစ္တဲ့ အဂၤဳလိ ဟတၳ မု႒ိ (မုတၳိ) စတာေတြကိုလည္း မဇၩိမပုရိသနဲ႔တိုင္းပါတယ္။ ဟတၳကို ဘာသာျပန္ ကြဲၾကလို႔ ဘုရားရွင္အရပ္ေတာ္ ၁၈ ေတာင္လား မိုက္လား ယူဆခ်က္ကြဲျပန္ပါတယ္။

က်ေနာ္စုေပါင္းၿပီး ေဆာင္းပါးတပုဒ္ ေရးထားသင့္ၿပီလို႔ ေတြးမိပါတယ္။ မွတ္သားခ်က္မ်ားအရ ကြာဟလိုအပ္ရင္ ေထာက္ၿပ လမ္းညႊန္ပါ။ တတ္နိုင္က လုပ္ၾကပါ။

မု႒ိက လက္ဆုပ္ျဖစ္ေတာ့ အကိုေျပာတဲ့ မိုက္က လက္ဆုပ္နဲ႔ ဦးႀကီး ေရာေနပုံရပါတယ္။လက္ဆုပ္အရြယ္ ဗုဒၶဆင္းတု ပဋိမာေတြကို ရွင္မုတၳီး ဘုရားေတြလို႔ေခၚေဝၚပါတယ္။

စစ္ေဆးတဲ့နည္းကေတာ့ တေတာင္မွာ သုံးမိုက္ တေတာင္ မွတ္ပါတယ္။ က်ေနာ္ အလြတ္ေျပာလို႔ က်မ္းအဆိုနဲ႔ ျပန္ၾကည့္ၿပီး လြဲရင္ျပင္ပါ့မယ္။

ေဖာင္က ဘယ္ညာလက္ႏွစ္ဖက္ကို ေဘးကို အစြမ္းကုန္ လက္ဝါးပါျဖန႔္လ်က္ ကိုယ္ခႏၶာအဝင္အပါ တိုင္းတာမႈ ယူနစ္ တခုပါ။ သစ္ပင္လုံးပတ္ေတြအျပင္ အလ်ားဗ်က္ေတြကိုပါ တိုင္းနိုင္ပါတယ္။လက္ခုပ္ လက္စြန္း လက္စြန္းဝက္ လက္တေပြ႕ ဆိုတာေတြက ခပ္ယူခ်င္တြယ္တာမ်ိဳးမွာ သုံးပါတယ္။ Credit;

Leave a Reply

Your email address will not be published. Required fields are marked *