ဒီနည်းလေးေ တွက အခုခေတ်မှာ သိတဲ့သူအ င်မတန်ရှား ပါးနေပါပြီ။ ဒါကြောင့် ကျွန်တော် လက်လှမ်းမှီ သလောက် လေ့လာရင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဒီလိုဝေမျှေ ပးလိုက်လို့ မသိသေးတဲ့ သူတွေအတွက်ပဲ ဖြစ်ဖြစ် ဗဟုသုတ ရသွားတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်။
ကျွန်တော် တင်ပြပေးမယ့် စာရေးနည်းေ တွကတော့
(၁) ပိတုန်းပျံဝဲ ရေးန ည်းဖတ်နည်း(၂) ဝါးခွဲ ရေးနည်းဖတ်နည်း(၃) ရင်စေ့ ရေးနည်းဖတ်နည်း(၄) ရင်ခွဲ ရေးနည်းဖတ်နည်း(၅) ငပြေတက်သက် ရေးနည်းဖတ်နည်း(၆) သုဝဏ္ဏလိပ် ရေးနည်းဖတ်နည်း တို့ပဲဖြစ်ပါတယ်
(၁) ပိတုန်းပျံဝဲ ရေးနည်းဖတ်နည်း
အဆုံးအက္ခရာကစပြီး (၂) လုံးကျော် ပိတုန်းပျံဝဲသကဲ့သို့ ဖတ်ပြီးလျှင် အစအက္ခရာ (၃) လုံး၌ အဆုံးသက်၍ ရေးရဖတ်ရမည်။
ရေးနည်း ။ ။ လှည့်ပါဆွတ် ကြည့်နေဝန်း ရှုမင်းရံ တူဝခြံနေ ရွှေရွှေသည်နေ၌ မ္ဗူဌာယံဇ ကျွန်းကမ်းဆင်း ရွှေရွှေသူကို ကြံရပ်ပန်းဆင်း မြေနွယ်ချောင်း ရွှေရွှေရွှေ ။
ဖတ်နည်း ။ ။ ရွှေချောင်းစင်းကြံ ရွှေကမ်းယံ၌ ရွှေခြံရံဝန်း ရွှေနွယ်ပန်းကိုရွှေကျွန်းဌာန ရွှေဝမင်းနေ ရွှေမြေရပ်သူ ဆင်းဇမ္ဗူသည် နေတူရှုကြည့် ဆွတ်ပါလှည့် ။
(၂) ဝါးခွဲ ရေးနည်းဖတ်နည်း
အလယ် အက္ခရာကစ၍ ဓါးခွဲသကဲ့သို့ ရှေ့နောက်တစ်လုံးစီ တိုးသဖြင့် အဆုံးအက္ခရာ၌ အစသက်၍ ရေးဖတ်ရမည်။
ရေးနည်း ။ ။ စေတံ့ရှည် အဝရမ်စု မိမြန်မာသား ဖိုထာရ ဓွန့်တည်ပါ။
ဖတ်နည်း ။ ။ မြန်မာမိသားစုဖိုရမ် ထာဝရ အဓွန့်ရှည် တည်တံံ့ပါစေ။
(၃) ရင်စေ့ ရေးနည်းဖတ်နည်း
အရင်းတစ်လုံး ၊ အဖျားတစ်လုံး ဘယ်ပြန်ညာပြန် ဖတ်၍ အလယ်အက္ခရာတွင် အဆုံသတ်ရမည်။
ရေးနည်း ။ ။ မှန်ချပ်ပြရှိ လိုတကောင်းချိန် ပင်မှားနိုင်သည် ပါရှိအမှာ နေရားကံသ ဒါးမှာတစ်။
ဖတ်နည်း ။ ။ မှန်တစ်ချပ်မှာ ပြဒါးရှိသလို ကံတရားကောင်းနေချိန်မှာပင် အမှားရှိနိုင်ပါသည်။
(၄) ရင်ခွဲရေးနည်းဖတ်နည်း
ဝါးခွဲရေးနည်းနှင့် သဘောတူသည်။
ရေးနည်း ။ ။ တယ်ကြီးအတတ် အောင်တိုင်ကို အအကိုယ်တာ အောင်မြင်သူ အရည်ပိုင် မိမိကိုယ်စွမ်းကိုခြားများသာ ပြထက်ပိုင်ရည်ချင်း ကိုယ်မြင်ကြည့်ဖို့ရေးပါ။
ဖတ်နည်း ။ ။ မိမိကိုယ်ပိုင်စွမ်းရည်ကို အခြားသူများမြင်သာအောင် ပြတာထက် ကိုယ်ပိုင်အရည်အချင်းကို ကိုယ်တိုင်မြင်အောင် ကြည့်တတ်ဖို့အရေးကြီးပါတယ်။
(၅) ငပြေတက်သက်ရေးနည်း
အစအက္ခရာကစပြီး တစ်လုံးကျော် ၊ အဆုံးအက္ခရာ နောက်အက္ခရာတစ်လုံးကျော် ရေးရ ၊ ဖတ်ရမည်။
ရေးနည်း ။ ။ ရွှေသိအမှ ကြောင်းပေါင်းဖကြောင်းယောင်း အမှလူသိ ။
ဖတ်နည်း ။ ။ ရွှေအကြောင်းဖယောင်းမှသိ လူအကြောင်းပေါင်းမှသိ ။
(၆)သုဝဏလိပ် ရေးနည်းဖတ်နည်း
အဆုံးအက္ခရာ ရဲ့ရှေ့ဖြစ်တဲ့ အက္ခရာကစပြီး အပြန်ဖတ်ပြီး အဆုံးအက္ခရာ၌အစသက်၍ ရေးဖတ်ရမည်။
ရေးနည်း ။ ။ကိုနှယ်ဇူမည် မုန်းဂဆုံးကြိုင် မွှေးပျံ့သည်ပေး၍ ကုံးလေးမြတ်မက်စုံ နှင့်လက်ခင် သရက်ခေါက်ရည်းတင့်လည်းသော်ရပန်မှ။
ဖတ်နည်း ။ ။ ပန်ရသော်လည်း တင့်ရည်းခေါက်ရက် သခင်လက်နှင့် စုံမက်မြတ်လေး ကုံး၍ပေးသည်ပျံ့မွှေးကြိုင်ဆုံး ဂမုန်းမဉ္ဇူ နှယ်ကိုမှ။
ဗဟုသုတ အနည်းငယ်တော့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် Credit;
Zawgyi Version
ဒီနည္းေလးေ တြက အခုေခတ္မွာ သိတဲ့သူအ င္မတန္ရွား ပါးေနပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္ လက္လွမ္းမွီ သေလာက္ ေလ့လာရင္း ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။ ဒီလိုေဝမွ်ေ ပးလိုက္လို႔ မသိေသးတဲ့ သူေတြအတြက္ပဲ ျဖစ္ျဖစ္ ဗဟုသုတ ရသြားတယ္ဆိုရင္ပဲ ကြၽန္ေတာ္ေက်နပ္ပါတယ္။
ကြၽန္ေတာ္ တင္ျပေပးမယ့္ စာေရးနည္းေ တြကေတာ့
(၁) ပိတုန္းပ်ံဝဲ ေရးန ည္းဖတ္နည္း(၂) ဝါးခြဲ ေရးနည္းဖတ္နည္း(၃) ရင္ေစ့ ေရးနည္းဖတ္နည္း(၄) ရင္ခြဲ ေရးနည္းဖတ္နည္း(၅) ငေျပတက္သက္ ေရးနည္းဖတ္နည္း(၆) သုဝဏၰလိပ္ ေရးနည္းဖတ္နည္း တို႔ပဲျဖစ္ပါတယ္
(၁) ပိတုန္းပ်ံဝဲ ေရးနည္းဖတ္နည္း
အဆုံးအကၡရာကစၿပီး (၂) လုံးေက်ာ္ ပိတုန္းပ်ံဝဲသကဲ့သို႔ ဖတ္ၿပီးလွ်င္ အစအကၡရာ (၃) လုံး၌ အဆုံးသက္၍ ေရးရဖတ္ရမည္။
ေရးနည္း ။ ။ လွည့္ပါဆြတ္ ၾကည့္ေနဝန္း ရႈမင္းရံ တူဝၿခံေန ေ႐ႊေ႐ႊသည္ေန၌ မၺဴဌာယံဇ ကြၽန္းကမ္းဆင္း ေ႐ႊေ႐ႊသူကို ႀကံရပ္ပန္းဆင္း ေျမႏြယ္ေခ်ာင္း ေ႐ႊေ႐ႊေ႐ႊ ။
ဖတ္နည္း ။ ။ ေ႐ႊေခ်ာင္းစင္းႀကံ ေ႐ႊကမ္းယံ၌ ေ႐ႊၿခံရံဝန္း ေ႐ႊႏြယ္ပန္းကိုေ႐ႊကြၽန္းဌာန ေ႐ႊဝမင္းေန ေ႐ႊေျမရပ္သူ ဆင္းဇမၺဴသည္ ေနတူရႈၾကည့္ ဆြတ္ပါလွည့္ ။
(၂) ဝါးခြဲ ေရးနည္းဖတ္နည္း
အလယ္ အကၡရာကစ၍ ဓါးခြဲသကဲ့သို႔ ေရွ႕ေနာက္တစ္လုံးစီ တိုးသျဖင့္ အဆုံးအကၡရာ၌ အစသက္၍ ေရးဖတ္ရမည္။
ေရးနည္း ။ ။ ေစတံ့ရွည္ အဝရမ္စု မိျမန္မာသား ဖိုထာရ ဓြန႔္တည္ပါ။
ဖတ္နည္း ။ ။ ျမန္မာမိသားစုဖိုရမ္ ထာဝရ အဓြန႔္ရွည္ တည္တံံ့ပါေစ။
(၃) ရင္ေစ့ ေရးနည္းဖတ္နည္း
အရင္းတစ္လုံး ၊ အဖ်ားတစ္လုံး ဘယ္ျပန္ညာျပန္ ဖတ္၍ အလယ္အကၡရာတြင္ အဆုံသတ္ရမည္။
ေရးနည္း ။ ။ မွန္ခ်ပ္ျပရွိ လိုတေကာင္းခ်ိန္ ပင္မွားနိုင္သည္ ပါရွိအမွာ ေနရားကံသ ဒါးမွာတစ္။
ဖတ္နည္း ။ ။ မွန္တစ္ခ်ပ္မွာ ျပဒါးရွိသလို ကံတရားေကာင္းေနခ်ိန္မွာပင္ အမွားရွိနိုင္ပါသည္။
(၄) ရင္ခြဲေရးနည္းဖတ္နည္း
ဝါးခြဲေရးနည္းႏွင့္ သေဘာတူသည္။
ေရးနည္း ။ ။ တယ္ႀကီးအတတ္ ေအာင္တိုင္ကို အအကိုယ္တာ ေအာင္ျမင္သူ အရည္ပိုင္ မိမိကိုယ္စြမ္းကိုျခားမ်ားသာ ျပထက္ပိုင္ရည္ခ်င္း ကိုယ္ျမင္ၾကည့္ဖို႔ေရးပါ။
ဖတ္နည္း ။ ။ မိမိကိုယ္ပိုင္စြမ္းရည္ကို အျခားသူမ်ားျမင္သာေအာင္ ျပတာထက္ ကိုယ္ပိုင္အရည္အခ်င္းကို ကိုယ္တိုင္ျမင္ေအာင္ ၾကည့္တတ္ဖို႔အေရးႀကီးပါတယ္။
(၅) ငေျပတက္သက္ေရးနည္း
အစအကၡရာကစၿပီး တစ္လုံးေက်ာ္ ၊ အဆုံးအကၡရာ ေနာက္အကၡရာတစ္လုံးေက်ာ္ ေရးရ ၊ ဖတ္ရမည္။
ေရးနည္း ။ ။ ေ႐ႊသိအမွ ေၾကာင္းေပါင္းဖေၾကာင္းေယာင္း အမွလူသိ ။
ဖတ္နည္း ။ ။ ေ႐ႊအေၾကာင္းဖေယာင္းမွသိ လူအေၾကာင္းေပါင္းမွသိ ။
(၆)သုဝဏလိပ္ ေရးနည္းဖတ္နည္း
အဆုံးအကၡရာ ရဲ႕ေရွ႕ျဖစ္တဲ့ အကၡရာကစၿပီး အျပန္ဖတ္ၿပီး အဆုံးအကၡရာ၌အစသက္၍ ေရးဖတ္ရမည္။
ေရးနည္း ။ ။ကိုႏွယ္ဇူမည္ မုန္းဂဆုံးႀကိဳင္ ေမႊးပ်ံ့သည္ေပး၍ ကုံးေလးျမတ္မက္စုံ ႏွင့္လက္ခင္ သရက္ေခါက္ရည္းတင့္လည္းေသာ္ရပန္မွ။
ဖတ္နည္း ။ ။ ပန္ရေသာ္လည္း တင့္ရည္းေခါက္ရက္ သခင္လက္ႏွင့္ စုံမက္ျမတ္ေလး ကုံး၍ေပးသည္ပ်ံ့ေမႊးႀကိဳင္ဆုံး ဂမုန္းမၪၨဴ ႏွယ္ကိုမွ။
ဗဟုသုတ အနည္းငယ္ေတာ့ ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ Credit;