ယနေ့မှာတော့ အခုလတ်တလော လက်ခံထားတဲ့ အလုပ်တွေကိုသူ့ဘက်ကနေဖျက်သိမ်းကြောင်း တရားဝင်ကြော်ငြာလိုက်တဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီး ရေ ပိုင်တံခွန် ကတော့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှု ကို အပြည့်အဝ ရရှိ ထားတဲ့ ပရိသတ် အချစ်တော် မော်ဒယ်လ် မင်းသားချော လေးပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာ သာမက ပြည်ပ နိုင်ငံ တော်တော်များများ အထိပါ ထိုးဖောက် နိုင်တဲ့ အထိ အောင်မြင်မှု တွေ ရရှိထား နိုင်ခဲ့တဲ့ ပြည်သူ့ အချစ်တော် တစ်ယောက်ပါ။

သူဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရား ဘက်က ရဲရဲတောက် ရပ်တည် ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်၊ ထိုကြောင့် စကစရဲ့ မတရား ဖမ်းဆီးခြင်းကို ခံခဲ့ ရပါတယ်၊၊ ဖမ်းဆီးခံရပြီး တစ်နှစ်‌ကျော်မှ လွတ်မြောက် လာသူ ဖြစ်ပါတယ်။ လတ်တလောမှာ တော့ ပိုင်တံခွန်က အနုပညာ အလုပ်တွေ ကို ပြန်လည် လုပ်ကိုင် နေခဲ့ပြီး အနုပညာ အလုပ် တွေက စန်းပြည့်ဝလွန်း လှတာကြောင့် မနားတမ်းကို အနုပညာ အလုပ်တွေ လုပ်ကိုင် နေခဲ့ ရပါတယ်။

ယနေ့ မှာတော့ လက်ခံထားတဲ့ ပွဲတက်တွေ ဖျက်လိုက်တဲ့ အကြောင်း ယခုလိုပဲ ပြောပြလာ ပါတယ်၊၊ မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ကျွန်တော် တစ်နှစ် နီးပါး ဆင်းရဲ ဒုက္ခခံစားခဲ့ ရပါတယ်။ ဒါပေမယ့် ကျနော့် ထက် အခုချိန်မှာ ပိုခက်ခဲ ကြပ်တည်း နေတဲ့ သူတွေ ရှိတာ ကျနော် နားလည် ပါတယ်။ ဒါကြောင့် ဒီအတော အတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျနော့် ဘက်က တရားဝင် ဖျက်သိမ်း လိုက်ပါပြီဆိုပြီး ရေးသား လာပါတယ်။ ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးပါ ပရိတ်သတ်ကြီးရေ။

Zawgyi




Leave a Reply

Your email address will not be published.