သရုပ်ဆောင် စည်ဖြိုး ကတော့ အနုပညာ အလုပ်၊ စီးပွားရေး အလုပ်တွေ တစ်ဖက် လုပ်ကိုင်ရင်း တစ်ဖက် မှာလည်း ချစ်သူလေး ခင်လွှမ်းနဲ့ သာယာ အေးချမ်းတဲ့ အချစ်လမ်း ခရီးကို အတူတူ လျှောက်လှမ်း နေကြတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင် တူနှစ် ကိုယ်ဘဝကို တည်ဆောက်ပြီး အေးအတူ ပူအမျှ ဇနီးမောင်နှံတွေ ဖြစ်သွားကြပြီ ဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းက သူတို့ နှစ်ယောက်ရဲ့ သမီးလေး ကိုလည်း အကောင်းဆုံ းပြုစုပျိုးထောင် ပေးနေကြတာပဲ ဖြစ်ပါတယ်။
စည်ဖြိုးရဲ့ မိသားစုဝင် တွေကလည်း ခင်လွှမ်းအပေါ် သမီးရင်း တစ်ယောက်လို ချစ်ကြကြောင်းကို ခင်လွှမ်းက “ဖေကြီး (father in law) ပေးတဲ့ suprise gift 😍 တန်ဖိုးထားပြီး ရိုရို သေသေ ပတ်ပါ့မယ်ရှင်🥰 ကျေးဇူးအများကြီး တင်ရင်း ဖေကြီးရော မေကြီးရော ကန်တော့ လိုက်ပါ့တယ် 🥰🙏🥰” ဆိုပြီး ယောက္ခမဖြစ်တဲ့ စည်ဖြိုးရဲ့ ဖေကြီးဆီက အကောင်းစား Omega နာရီကြီးကို လက်ဆောင် ရရှိခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ခင်လွှမ်းကတော့ ယောက္ခမ ဖြစ်တဲ့ စည်ဖြိုးရဲ့ ဖေကြီးဆီက အကောင်းစား လက်ပတ်နာရီကြီးကို Suprise လက်ဆောင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယောက္ခမ အချစ်ခံရလွန်းတဲ့ ခင်လွှမ်းကို အားကျ နေကြမယ် ထင်ပါတယ်နော်။
Zawgyi