ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့(၁၁) နှစ်တိုင်တိုင်ချစ်လာခဲ့တဲ့ ချစ်သူကျော်ထွဋ်ဆွေရဲ့ လက်ထပ်ခွင့်တောင်းမှုကို လက်ခံလိုက်ပြီဆိုတဲ့ နန်းသူဇာ

Posted on

အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ သရုပ်ဆောင် မော်ဒယ်လ် နန်းသူဇာ တို့ ကတော့ အနုပညာ လောကရဲ့ နာမည်ကြီး ချစ်သူစုံတွဲ လေးပဲ ဖြစ်ပါတယ်။ စိတ်တူ ကိုယ်တူရှိသလို ဝါသနာချင်းလည်း ထပ်တူ ကျတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ဟာ ချစ်သူသက်တမ်း (၁၁) နှစ်တိုင်တိုင် လက်တွဲ မဖြုတ် စတမ်း ချစ်နေ ကြတဲ့ စုံတွဲလေးတစ်တွဲ ဆိုလည်း မမှားပါဘူး။ ပရိသတ် တွေကလည်း ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးကို အားကျ စိတ်နဲ့ အားပေးနေကြလျက် ရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေး ဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ဟာ ဒီကနေ့ မှာတော့ ပရိသတ် တွေဆီ ဝမ်းသာစရာ သတင်းကောင်း တစ်ခုကို မျှဝေပေးလာခဲ့ ပြန်ပါပြီ။ ဒီကနေ့ မှာတော့ ကျော်ထွဋ်ဆွေ က ချစ်သူ နန်းသူဇာကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး လက်ထပ် ခွင့်တောင်းခဲ့ သလို နန်းသူဇာ ကလည်း ကျော်ထွဋ်ဆွေရဲ့ လက်ထပ်ခွင့် တောင်းခံမှုကိုလည်း လက်ခံ ခဲ့ကြောင်း “I said YES 🙈🥰 ဒီတခါ တော့ ကိုကျော်ကြီး Surprise အောင်မြင် ခဲ့ပြီ 😅” ဆိုပြီး သူမရဲ့အပျော်လေးကို မျှဝေ ပေးလာ ပါတယ်။

ပရိသတ်တွေ ဘယ်အချိန် လက်ထပ်မလဲ ဆိုတာကို စောင့်ဆိုင်း နေကြတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့က ချစ်သူ ဘဝကနေ တဆင့် တက်နိုင်ဖို့ မကြာခင်မှာ လက်ထပ်ပွဲကြီး ကျင်းပတော့မှာ သေချာ သွားပါပြီ။ ပရိသတ် ကြီးလည်း ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့နဲ့ ထပ်တူ ဝမ်းသာ ပျော်ရွှင် နေကြ မယ်ထင်ပါ တယ်နော်။

Zawgyi

အဆိုေတာ္ ေက်ာ္ထြဋ္ေဆြ နဲ႔ သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္ နန္းသူဇာ တို႔ ကေတာ့ အႏုပညာ ေလာကရဲ႕ နာမည္ႀကီး ခ်စ္သူစုံတြဲ ေလးပဲ ျဖစ္ပါတယ္။ စိတ္တူ ကိုယ္တူရွိသလို ဝါသနာခ်င္းလည္း ထပ္တူ က်တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာ တို႔ဟာ ခ်စ္သူသက္တမ္း (၁၁) ႏွစ္တိုင္တိုင္ လက္တြဲ မျဖဳတ္ စတမ္း ခ်စ္ေန ၾကတဲ့ စုံတြဲေလးတစ္တြဲ ဆိုလည္း မမွားပါဘူး။ ပရိသတ္ ေတြကလည္း ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔ စုံတြဲေလးကို အားက် စိတ္နဲ႔ အားေပးေနၾကလ်က္ ရွိတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြ အားက်ရတဲ့ စုံတြဲေလး ျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာ တို႔ဟာ ဒီကေန႔ မွာေတာ့ ပရိသတ္ ေတြဆီ ဝမ္းသာစရာ သတင္းေကာင္း တစ္ခုကို မွ်ေဝေပးလာခဲ့ ျပန္ပါၿပီ။ ဒီကေန႔ မွာေတာ့ ေက်ာ္ထြဋ္ေဆြ က ခ်စ္သူ နန္းသူဇာကို သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္ၿပီး လက္ထပ္ ခြင့္ေတာင္းခဲ့ သလို နန္းသူဇာ ကလည္း ေက်ာ္ထြဋ္ေဆြရဲ႕ လက္ထပ္ခြင့္ ေတာင္းခံမႈကိုလည္း လက္ခံ ခဲ့ေၾကာင္း “I said YES 🙈🥰 ဒီတခါ ေတာ့ ကိုေက်ာ္ႀကီး Surprise ေအာင္ျမင္ ခဲ့ၿပီ 😅” ဆိုၿပီး သူမရဲ႕အေပ်ာ္ေလးကို မွ်ေဝ ေပးလာ ပါတယ္။

ပရိသတ္ေတြ ဘယ္အခ်ိန္ လက္ထပ္မလဲ ဆိုတာကို ေစာင့္ဆိုင္း ေနၾကတဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔က ခ်စ္သူ ဘဝကေန တဆင့္ တက္ႏိုင္ဖို႔ မၾကာခင္မွာ လက္ထပ္ပြဲႀကီး က်င္းပေတာ့မွာ ေသခ်ာ သြားပါၿပီ။ ပရိသတ္ ႀကီးလည္း ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာတို႔နဲ႔ ထပ္တူ ဝမ္းသာ ေပ်ာ္႐ႊင္ ေနၾက မယ္ထင္ပါ တယ္ေနာ္။

Leave a Reply

Your email address will not be published.