ရိုးရှင်းလွယ်ကူလှတဲ့ ကုလားထိုင် တစ်လုံးရှိရုံနဲ့ ၄၅ ရက်အတွင်း သင့် ခန္ဓာကိုယ်ကို လှပစေမဲ့ နည်းလမ်းကောင်း

Posted on

ကုလား ထိုင် တစ်လုံးရှိ ရုံနဲ့ ၄၅ ရက် အတွင်း သင့် ခန္ဓာကိုယ် ကို လှပစေမဲ့ နည်းလမ်းကောင်း

လေ့ကျင့်ခန်း ၆


ကုလား ထိုင် မှာ ထိုင်တဲ့အခါ နောက်ေ ကျာကို မမှီဘဲ ကျောရိုးကို ဖြောင့် တန်းစွာထားပါ။ ပုံမှာပြသထားသိအတိုင်း ခြေတစ်ချောင်းကို ကြမ်းပြင်ပေါ်ချထားပြီး နောက်တစ်ချောင်းကို ကုုလားထိုင်ပေါ်မှာ ဒူးခေါင်းကို ထောင်ထားရမှာပါ။ ဝမ်းဗိုက်ကြွက်သားများ ပိန်လိုက်ဖောင်းလိုက်ဖြစ်တဲ့အထိ လေကို အသွင်း၊ အထုတ် ပြုလုပ်ပါ။ ဝမ်းဗိုက် ကြွက်သား များ ဆန့်စေရဲ့ သင့်ရဲ့ လက်နှစ်ဖက်ကို ပုံမှာ ပြထားတဲ့အနေအထားတိုင်း ထားပေးရပါမယ်။ ခြေထောက် ကို ဘယ်ညာ တစ်လှည့်ဆီပြောင်းပြီး အကြိမ် ၂၀ မှ ၃၀ အထိအပြန်အလှန်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၅


ပုံမှာပြသထား တဲ့အတိုင်း သင့်ရဲ့ ခြေနှစ်ဖက် စလုံးကို ကြမ်းပြင်ပေါ်မှာ ချထားပြီး လက်နှစ်ဖက်က ကုလားထိုင်ကို ကိုင်တဲ့ အနေအထားထားပေးရပါမယ်။ ဝမ်းဗိုက်ကြွက်သားများ တင်းစေရန် ဒူးနှစ်ဖက်ကို ရင်ဘက်နေရာထိ အပေါ်သို့ေြ မှာက်ပါ။ ပြီးလျှင် သင့်ခြေထောက်နှ စ်ချောင်းကို ကြမ်းပြင်နဲ့ မထိပဲ နိမ့်လိုက် ချလိုက် ဆက်တိုက်ပြုလုပ်ရမှာဖြစ်ပြီး အကြိမ်ရေ ၁၀ မှ ၂၀ ထိပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၄


ဒီ လေ့ကျင့်ခန်း ဟာ (လေ့ကျင့်ခန်း ၅) မှာ ပြသထား တဲ့အတိုင်း လက်နှစ်ဖက်က ကုလားထိုင် ကို တင်းကြပ်စွာကိုင်ထားပြီး ဒူးနှစ်ဖက်ကို ရင်ဘက်အပေါ်ထိမြှောက်လိုက် ချလိုက် ပြုလုပ်ပါ။ ဒါပေမဲ့ ဒူးနှစ်ဖက်မြှောက် လိုက်ချလိုက် ပြုလုပ်တဲ့အချိန်မှာ သင့်ရဲ့ ခါး ကို စောင်းနေတဲ့ အနေအထား ထားပေးရပါမယ်။ သင့်ရဲ့ ခါး ကို ဘက် ညာ ပြောင်ပြန် ပြုလုပ်ပေးရမှာဖြစ်ပြီး ၁၀ကြိမ်မှ အကြိမ် ၂၀ ထိ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၃


သင့်ရဲ့ ခြေနှစ်ချောင်းကို ကြမ်းပြင်ပေါ်မှာ ချထားပါ။ ပခုံးမှ သင့်ရဲ့လက် ကို ဖြောင့်တန်းသိအထိ ဆန့်ထုတ်ပြီး ကြမ်းပြင်ပေါ်မှာ ချထားတဲ့ ခြေဖျားကို ထိသည်အထိ ခန္ဓာကိုယ် ကို ကွေးချပါ။ ခြေဖျားကို လက်ဖြင့်ထိတဲ့အခါ ပုံမှာဖော်ပြထားတဲ့အတိုင်း ဘယ်ခြေ၊ ညာလက် ဆန့်ကျင်ဘက်ထိပေးရမှာဖြစ်ပြီး ကျန်လက်တစ်ချောင်းကို အပေါ်ဘက်သို့ ဆန့်ထုတပေးထားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ဘယ်ညာ ပြောင်ပြန် အကြိမ်ရေ ၂၀ မှ ၃၀ အထိပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင်ခန်း ၂


ဒီ လေ့ကျင့်ခန်း ကတော့ သင့်ထိုင်တဲ့ ကုလားထိုင် ခိုင်ခံ့ဖို့တော့လိုပါလိမ့်မယ်။ ပုံမှာဖော်ပြထားတဲ့ အတိုင်း အဆိုပါ ကုလားထိုင် ရဲ့ လက်တန်းကို တင်းကြပ်စွာ ကိုင်ထားရမှာဖြစ်ပြီး သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို လေပေါ်သို့ မြှောက်လာအောင် မြှင့်တင်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြှောက်တင်တဲ့အခါမှာ ဝမ်းဗိုက် ကြွက်သားများသန်မာစေရန် သင့်ရဲ့ ဒူးခေါင်းနှစ်ဘက်ဟာ ရင်ဘက်နဲ့အနီးဆုံးနေရာထိ မြှောက်ထားပေးရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ခန္ဓာကိုယ်ကို လေပေါ်မှာ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ ထိ ထားထားပေးရမှာဖြစ်ပြီး ၄ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၁


ခါးလှစေရန်အတွက် ဒီ လေ့ကျင့်ခန်း ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကုလားထိုင် ပေါ်မှာ သင့်ရဲ့ ခါးအနေအထား စောင်းထားရမှာဖြစ်ပြီး ကျောရိုးကို ဖြောင့်တန်းစွာ မတ်ထားပါ။ ပြီးလျှင် လက်နှစ်ဖက်ကို ဦးခေါင်း အနောက်သို့ ပို့ထားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ အနေအထားမှာ ပုံမှာဖော်ပြထားတဲ့အတိုင်း ဘယ် တံတောင်ဆစ်နဲ့ ထိအောင် ညာဒူးကို မြှောက်ပေးရမှာဖြစ်ပြီး ဘယ်ညာ အပြန်အလှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ဘယ်ညာ ၁၅ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Credit: todaybago

Leave a Reply

Your email address will not be published. Required fields are marked *