“ရေနစ်သေရတဲ့ မိကျောင်း” နှင့် “ငါးသလောက်”

Posted on

မိကျောင်းဟာေ ရချိုေ ရငန်စပ်တဲ့ေ ရပြင်မှာတော့ ဘုရင်ပါ။ အဲဒီနေရာ မျိုးမှာ သူ့ကိုယှဉ်နိုင်တဲ့သားရဲ မရှိပါဘူး။ ဒီလိုရေဘုရင်က ရေနစ်သေစရာလား???

ဟုတ်ပါတယ်။ မိကျောင်းတွေ အစုလိုက်အပြုံလိုက် မျိုးပြုတ်မတတ် ရေနစ်သေခဲ့ကြဖူးတယ်။ National geographic channel မှာပြဖူးခဲ့တဲ့ မှတ်တမ်းကိုသတိရမိလို့ရေးမိတာပါ။

သိပ်မကြာမီ နှစ်အနည်းငယ်က အမေရိကန်က ရေကန်ကြီးတွေမှာ မိကျောင်းတွေ အစုလိုက်အပြုံလိုက် သေကုန်ကြတယ်။ ရေကန်တွေမှာ မိကျောင်းသေပုပ်နံ့ တထောင်းထောင်းနဲ့ ကပ်ကိုဆိုက်နေတော့တာပဲ။

ရေပြင်ကျယ်ကြီးပေါ်ကို ဟယ်လီကော်ပတာနဲ့ဝဲပြီးတော့ မိကျောင်းသေနေတာ တွေ့ရင် နေရာပြဖို့ဆေးအနီဖြန်း အမှတ်အသားလုပ်ပြီး မော်တော်ဘုတ်ကိုခေါ်ရတယ်။ ဆေးနီဖြန်းတဲ့ အမှတ်အသားေ နရာကို မော်တော် ဘုတ်နဲ့လာ ပက်လက်သေနေတဲ့ မိကျောင်းတွေကိုဆွဲပြီးရှင်းရတာ တစ်နေ့တစ်နေ့ မနည်းဘူး။ မိကျောင်းသေတွေကို ခွဲစိတ်ကြည့်တော့လည်း ဘာရောဂါပိုး မှရှာမတွေ့ဘူး။ရေနစ်သေတာပဲ တွေ့ရတယ်။


မိကျောင်းက ပါးဟက်ပါတဲ့ငါးမဟုတ်ဘူး။ ကုန်းနေရေနေ တွားသွားသတ္တဝါလေ။ လေရှူဖို့အတွက်တော့ ရေမျက်နှာပြင်ပေါ် တက်ရသေးတယ်။ ဒါပေမဲ့ ရာဇဝင်မှာ မိကျောင်းရေနစ်သေတာ မရှိဖူးဘူးလေ။

တိမွေးကု ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေ ထပ်ပြီးလေ့လာတော့မှ သေတဲ့မိကျောင်းတွေ အားလုံးဟာ ဦးနှောက်ဆဲလ်တွေ ဆိုးဆိုးရွားရွား ပျက်စီးနေတာ တွေ့ရတယ်။ ကူးစက်ရောဂါကြောင့်လား???

ဒါပေမဲ့ အသက်ရှင်ကျန်နေတဲ့အကောင်တွေကို စစ်ကြည့်ပြန်တော့လည်း ကူးစက်ရောဂါပိုး ရှာမတွေ့ဘူး။ မိကျောင်းတွေဟာ ရေကူးရေငုပ်ရင်းကို Direction Lost တွေဖြစ် အကြောတွေ ဆိုင်းပြီး ရေနစ်ပြီးသေ ရတာ။ ရေပြင်တစ်ခုလုံးကို ပိုင်စိုးထားတဲ့မိကျောင်းတွေ လေဖြတ်လို့ရေနစ်ပြီး မျိုးပြုတ်လုနီးကိုကြုံရတာ။ ဒါဆိုရင် သူတို့ရဲ့ Food Chain အစာကွင်းဆက် မှာပြဿနာ ရှိမယ်လို့တွေးတော့မှ စစ်ဆေးကြည့်တဲ့အခါ ရေကန်ထဲမှာ ငါးသလောက်တွေ အလွန်အကျွံများနေမှန်း တွေ့ရတယ်။ကကတစ်လို အခြားငါးမျိုးစိတ်တွေ ပျောက်ကွယ်ပြီး ငါးသလောက်တွေချည်း ကျန်နေတယ် ဆိုတာတွေ့ရတယ်။


ဒါနဲ့ ကျွမ်းကျင်သူတွေက အမေရိကန်ရဲ့ အခြားအရပ်မှာ သီးခြားရှိနေတဲ့မိကျောင်းတွေကို ဖမ်းပြီး နေ့တိုင်း ငါးသလောက်ချည်းကျွေးပြီး စမ်းသပ်တယ်။ သိပ်မကြာခင်မှာပဲ အဲဒီမိကျောင်းတွေဟာ ဦးနှောက်ဆဲလ်တွေယိုယွင်းပြီး သေကုန်ကြတော့မှ ငါးသလောက်ကလွဲပြီး အခြားရွေးချယ်စရာ အစာ မရှိတော့ခြင်းဆိုတဲ့ အစာကွင်းဆက်ကမောက်ကမ ဖြစ်မှုဟာ မိကျောင်းတွေမျိုးပြုတ်စေတဲ့ အကြောင်းရင်း ဆိုတဲ့အဖြေကို ရှာတွေ့ရတော့တယ်။

သက်ရှိတွေရဲ့ ဆဲလ်တွေဟာ အချိန်နဲ့အမျှပျက်စီးနေတယ်။ တစ်ပြိုင်နက်တည်းမှာ အချိန်နဲ့အမျှ ပြန်လည်ဖြစ်ထွန်းတယ်။ ဆဲလ်ပျက်စီးမှုနှုန်းဟာ ဆဲပြန်ဖြစ်ထွန်းမှု နှုန်းထက်မြင့်နေရင်တော့ ဆိုးဝါးပါတယ်။

ငါးသလောက်မှာ thiaminase သိပ်မြင့်တယ်။ ပိုဆိုးတာက ငါးသလောက်ရဲ့thiaminaseက ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေပြီးအသစ် ပြန်လည်ဖြစ်ထွန်းမှုကို သိပ်နှေးကွေးစေတယ်။
Thiaminase ဟာ Thiamine လို့ခေါ်တဲ့ Vitamin B1ကို ဖြိုခွဲဖျက်ဆီးပြီး ဦးနှောက်ဆဲလ်များကိုယိုယွင်းစေကြောင်း ဒေါက်တာခွန်းညိုသွေးKhoon Nyo Thway ကျွန်တော့ကို စနစ်ကျ ရှင်းပြသွားခဲ့ပါတယ်။

ဒေါက်တာခွန်းညိုသွေးရဲ့အဖိုးတန်ကွန်းမန့်ပါ

☆☆☆ English လို အတိအကျသိရင် ပိုကောင်းမယ် အကို (အကိုက မြန်မာလို တိုင်ရာမင်နိလို့ ရေးထားလို့ )

Thiaminase ဆိုတဲ့ enzyme တစ်မျိုးဟာ အပင်တွေ အသားစိုတွေနဲ့ တချို့ငါးတွေရဲ့ အသားမှာပါတယ် (နောက် ငါးခြောက် တွေ ) သူတို့ဟာ thiamine (vitamin B1 )ကို ဖြိုခွဲတယ် ။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်မှာ B1 ဓာတ် ဟာ စားလိုက်တဲ့ glucose ရဲ့ ဖြစ်စဉ် ဆုံးတဲ့ အထိ လည်ဖို့ လိုအပ်တယ် ။ အဲ့လိုမဟုတ်ရင် pyruvate နေရာမှာ ပုံနေတယ် ။ Keto acid နေရာမှာ ပုံနေတယ်။ အဆုံးမသတ်ဘူး။Ketosis ကိုဖြစ်စေတယ် ။ အဲ့ဒီအခါလည်း ထိခိုက်စေသလို နောက်တစ်ခုကတော့ Thiaminase ဟာ ဦးနှောက်ဆဲလ်တွေရဲ့ ရှင်သန်မှု(brain cell viability)ကို နှောင့်နှေးစေတယ် လို့ပြောတယ်။☆☆☆

#ကျေးဇူးအထူးတင်ပါတယ်ဆြာခွန်း

ဦးနှောက်ရဲ့အချိန်နဲ့အမျှ ပျက်စီးနေတဲ့ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်ထွန်း ခြင်းက အချိန်မီမဖြည့်ဆည်းပေးနိုင်တော့တဲ့အခါ ဦးနှောက်ဟာ ပျက်စီးရတော့တယ်။(ငါးသလောက် စားရင်အိပ်ငိုက်တယ်ဆိုတာဒါကြောင့်။ တခါတရံတော့ ပြဿနာမဟုတ်ပေမဲ့ သိပ်တော့မကောင်းလှ။)

ငါးသလောက်ကလွဲပြီး ဘာမှစားစရာမရှိတော့လို့ မိကျောင်းတွေ အစုလိုက်အပြုံလိုက် သေရပါတယ်ဆိုရင်ရော ငါးသလောက်ကလွဲလို့ အခြားငါးတွေမရှိတော့လောက်အောင် အစာကွင်းဆက် ပျက်စီးရတာဘာကြောင့်လဲ???

ဆက်ပြီးစစ်ဆေးတဲ့အခါ ရေကန်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ ရေမှော်တွေ တအားထူထပ်နေတာ တွေ့ရတယ်။ ကန်မျက်နှာပြင်ပေါ်က ရေမှော်တွေဟာ ရေထဲက အောက်စီဂျင်တွေကို စုပ်ယူလိုက်တဲ့ အခါ ရေထဲမှာ အောက်စီဂျင် မလုံလောက်တော့လို့ ကကတစ်လို ငါးတွေအသက်မရှင်နိုင်တော့ပဲ မျိုးတုံးသွားတယ်။ ဒီလို ရေအရည်အသွေး ပျက်စီးရခြင်းရဲ့ ဆန့်ကျင်ဘက်အကျိုးဆက်အဖြစ် ရေမှော်စားတဲ့ ရေမှော်ချစ်သူငါးသလောက်တွေချည်းသီးသန့် အမြောက်အမြားပွားများလာတော့တယ်။

ဒါဆို ကန်ကိုရေမှော်တွေဖုံးသွားရတာ ဘာကြောင့်လဲ ဆိုပြီး ဆက်စစ်ဆေးကြတယ်။ ကန်ထဲကရေထဲမှာ မြေဩဇာတွေ အမြောက်အများပျော်ဝင်နေတာကို တွေ့ရတယ်။အဲဒီမြေဩဇာတွေဟာ မိုးရေနဲ့အတူ စီးလာပြီးကန်ထဲကို စိမ့်ဝင်လာကြောင်းတွေ့ရမှ မြေဩဇာစီးဝင်ရာလမ်းကြောင်းကိုစစ်ပြီး တရားခံအစစ်ကို ရှာတွေ့တော့တာ။

တရားခံအစစ္က??????

ဟုတ်ကဲ့ လူတွေပါပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကန်ရဲ့ ပတ်ဝန်းကျင်ကို လူတွေအခြေချလာကြတယ်။အဲဒီလူတွေ အပင်စိုက်ကြတော့ မြေဩဇာတွေထည့်တယ်။ အဲဒီမြေဩဇာတွေဟာ မိုးရေနဲ့အတူကန်ထဲကို တဖြည်းဖြည်း စိမ့်ဝင်တယ်။

ရေထဲမှာမြေဩဇာပျော်ဝင်မှုမြင့်တက်လာတော့ ရေမှော်တွေ ပွားလာတယ်။ ရေမှော်တွေရဲ့ အောက်စီဂျင်စုပ်ယူမှုကြောင့် ရေအရည်အသွေးပျက်ပြီး ရေချိုငါးတွေ တုံးသွားချိန်မှာရေမှော်ကြိုက်တဲ့ ငါးသလောက်တွေ စံမြန်းရာရေကန်ဘဝ ရောက်ရတယ်။

ရွေးစရာအခြားငါးမရှိတဲ့အဆုံးမှာ ငါးသလောက်ချည်း စားရပြီး ဦးနှောက်ပျက်စီးရတာကြောင့် ရေဘုရင်တွေဟာ အဲဒီရေကန်မှာ ရာဇဝင်ရိုင်းလောက်အောင် ရေနစ်သေရတာ မျိုးကိုတုံးကရော။
ပေးချင်တဲ့ message နှစ်ခုပဲရှိတယ်။

ငါးသလောက် အစားများရင်သေတတ်တယ်။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့အတိုင်း ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြပါလို့။ နောက်တစ်ခုကတော့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ မဟုတ်ဘဲနဲ့လည်း အခြားသတ္တဝါတွေ မျိုးတုံးရတတ်တယ်။ ဒါကြောင့် သူများအသက်လည်းတန်ဖိုးထားကြပါလို့။

ရည်ညွှန်းချက်။ ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီး food chain အစာကွင်းဆက် ကမောက်ကမဖြစ်မှုကို သတိမထားမိပဲ မေ့လျော့ကျန်ရစ်နေသူများသို့။

တောင်းပန်ခြင်း။ ။ ရေကန်ရဲ့အမည်နဲ့ national geographic channel ရဲ့မှတ်တမ်းခေါင်းစဉ်မေ့သွားတာ ခွင့်လွှတ်ပါ။

နောက်ဆက်တွဲ။ ။တောင်သမန်မှာ ငါးတွေအပြုံလိုက် သေတာရယ် အင်းလေးကန်တိမ်လာတာရယ်ဟာ ဘာကြောင့်လဲ။ ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။

Credit – @Minn Aung Khant Zaw

Leave a Reply

Your email address will not be published. Required fields are marked *