“ရွှေဘ” တောင်

Posted on

မြန်မာနိုင်ငံမှာ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား…..

မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ယင်းမာပင်ခရိုင် ၊စစ်ကိုင်းတိုင်း ဖိုးဝင်းတောင်ဘက်ကိုသွားတဲ့လမ်းတွေကျော်ပြီးမှ ရောက်တဲ့နေရာလေးတော်တော် သွားရတယ်။ကျော က်သားတွေလည်း ဘေးဘက် မှာများတယ်။ဘာနည်းပညာ အကူအညီမှ မပါပဲ ကျောက်တောင်ကြီး တစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ” ရွှေဘတောင် “အံသြရပါပေတယ်။

“ရွှေဘ” တောင်
“ရွှေဘ” တောင်

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလို နေရာရှိနေတယ်ဆိုတာ သိရေတာ့ အလွန့်အလွန်ကို လည်းဂုဏ်ယူ မိပါတယ်။ နှစ်ပေါင်း ၉၀၀ တိုင်အောင်ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်ဟာ.. နောင်တစ်ချိ န် သွားရောက် လေ့လာလည်ပတ်ဖို့ နှလုံးသားထဲက တေးမှတ်ထားရမဲ့ နေရာပါပဲ။

ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေ ၊ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ်ဖတ်ရှု နိုင်ပါတယ်။

“ရွှေဘ” တောင်
“ရွှေဘ” တောင်
“ရွှေဘ” တောင်

ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိတာပါ။ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လည်း တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။မြန်မာတို့ရဲ့ စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာ တည်ထားကိုးကွယ်ကြသော်လည်းရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။ ကျောက်သားနံရံများးကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှု လက်ရာ ကျောက်ပန်းတမော့နှင့်ကျောက်လက်မှု့..ပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။

“ရွှေဘ” တောင်
“ရွှေဘ” တောင်

ရွှေဘတောင်မှာနာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို.. ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှု တွေ၊ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာစေတီများ ဘုရားများ တည်ထားပါသည်။နောက်ထပ်အထင်ကရ နေရာက တော့ကျောက်ဆင်ရုပ်ကြီးပါ..

“ရွှေဘ” တောင်
“ရွှေဘ” တောင်

ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကိုထွင်းထုထားပြီး ဆင်ကြီးရဲ့ အတွင်းဂူထဲမှာတော့ဘုရားများကိုပူဇော်ထားပါတယ်။ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီးကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍အမည်တွင်ရခြင်းပါ

“ရွှေဘ” တောင်
“ရွှေဘ” တောင်
“ရွှေဘ” တောင်

၊ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထိုကျေ ာက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့်နည်းပညာမှ မပါဝင်ပဲ လက်နှင့်ဆောက်ကိုသာ သုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။

“ရွှေဘ” တောင်
“ရွှေဘ” တောင်
“ရွှေဘ” တောင်

ထိုသို့ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသားကို အသုံးပြု ခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး.. အေးသောဓာတ်ရှိပါတယ်။ လိုသလို ပုံသွင်းနိုင်ပြီး နောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ရသော ကျောက်ဖြစ်ပါတယ်။လူသွားလမ်းများ၊ သာသနာ့ကျောင်းဆောင်များ၊ဘုရားများစေတီများ၊ကျောက်ပန်းပု ရုပ်အစုံ၊မြန်မာမှုလက်ရာမျ ားနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့တွေ့ရပါတယ်။

“ရွှေဘ” တောင်
“ရွှေဘ” တောင်
“ရွှေဘ” တောင်

ဥပမာပြောရရင် အဆောက်အဦး တွေနားအမှိုက်ပွနေခြင်းတွေ.. ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင် ရွှေဘတောင်ကို ဝင်ပြီး..မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးထားသင့်နေလေပြီ။

“ရွှေဘ” တောင်
“ရွှေဘ” တောင်
“ရွှေဘ” တောင်

Credit: Lodggy# မျှဝေပါ၏ ညီမလေး

Leave a Reply

Your email address will not be published. Required fields are marked *