ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်တဲ့ ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားချော နေတိုး က တော့ မနေ့ တပေါင်း လပြည့်နေ့ လေးမှာ မွန်မြတ် လှတဲ့ အလှူလေး တစ်ခုကို ပြုလုပ် ခဲ့ပါတယ် ။ အလှူလေး ကို တော့ နေတိုး က သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ မင်္ဂလာဦး အလှူတော် လေး အဖြစ်နဲ့ ပြုလုပ် ခဲ့တာလို့ လည်း သိရှိ ရပါတယ် ။
နေတိုး က တော့ မင်္ဂလာဦး အလှူလေး ကို ဘူးသီးတောင် မြို့နယ် မြို့သစ် အမှတ် (၅) ရပ်ကွက်မှာ ရှိတဲ့ ဆင်းရဲ နွမ်းပါးတဲ့ လက်လုပ် လက်စား မိသားစု (၅၅)စု စာအတွက် ကို မိသားတစ်စုစာ အတွက်လှူဒါန်း ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ မိသားတစ်စု ကို ဆန် ၊ ဆီ ၊ ဆား ၊ အချိုမှုန့် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂေါ်ဖီ စ တဲ့ အခြေခံ စားသောက်ကုန် တွေအပါ အဝင် စားသောက်ကုန် (၁၁) မျိုးကို လှူဒါန်းပေးခဲ့ တာပဲ ဖြစ်ပါ တယ် ။
အလှူလေး ကို တော့ မနေ့က ညနေ (၅) နာရီ အချိန်မှာ ရန်ကုန်မြို့ အလိုတော်ပြည့် ကျောင်းတိုက် ၊ အလိုတော်ပြည့် ဆရာတော် တပည့်ရင်း အသျှင်ကုမာရ က ကိုယ်စား ပေးအပ်လှူဒါန်း ခဲ့ပါတယ် ။ ပရိသတ်ကြီးရေ နေတိုး တို့ ဇနီးမောင်နှံ ရဲ့ မင်္ဂလာဦး အလှူလေး က တော့ တကယ် ကို ကုသိုလ် တွေ အများကြီး ရမှာပါနော် ။
Source : အသျှင်ကုမာရ
crd : CeleGabar
zawgyi
Source : အသျှင်ကုမာရ
crd : CeleGabar