လမစေ့ဘဲ မွေးသည့် ကမ္ဘာ့ အငယ်ဆုံး ကလေးအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့သူ

Posted on

အမေရိ ကန် နိုင်ငံမှာ ကလေးတယော က်ဟာ ကိုယ် အလေးချိန် ၁ ပေါင်တောင် မပြည့်ဘဲ ၂၁ ပတ်နဲ့ မွေးဖွား ရှင်သန်ခဲ့တဲ့ အတွက် ကမ္ဘာ့ အငယ်ဆုံး လမစေ့ဘဲ မွေးတဲ့ ကလေးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ကလေးနာ မည်က Curtis Means ဖြစ်ပြီးတော့ သူ့ကို အလာ ဘားမား ပြည်နယ် ဘာမင်ဂမ်မြို့မှာ မွေးဖွားခဲ့ပြီး မွေးတုန်းက ၄၂၀ ဂရမ် (၁၄.၈ အောင်စ) သာ ရှိတာ ဖြစ်ပါတယ်။

အခု ဆိုရင် ၁၆ လ သား ရှိနေပြီ ဖြစ်တဲ့ ကလေးငယ်ဟာ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်းမှာ စံချိန်တင် မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ နေ့စေ့လစေ့ ကိုယ်ဝန်ဆော င်ချိန်ဟာ ပုံမှ န်အားဖြင့် သီတင်းပတ် ၄၀ ရှိတဲ့အတွက် Curtis Means ဟာ ၁၉ ပတ်လောက် စောပြီး မွေးဖွားခဲ့တာ လို့ ဆိုရမှာ ဖြစ်ပါတယ်။

သူ့အမေ Michelle Butler ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၄ ရက် အမေရိကန် နိုင်ငံရဲ့ လွတ်လပ်ရေးနေ့၊ ကောင်းကင် တခွင်လုံး မီးရှူးမီးပ န်းတွေ ပြည့်နှက် နေချိန်မှာ ဆေးရုံကို အပြေးအလွှား သွားခဲ့ရတာ ဖြစ်ပါတယ်။

နောက်တနေ့ နေ့လယ်စာ စားချိန်မှာ Curtis နဲ့ C’Asya ဆိုတဲ့ အမွှာ နှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ C’Asya ကတော့ နောက်တရက်မှာ ဆုံးပါး သွားခဲ့ ရှာပါတယ်။ ဒါပေမဲ့ ရှင်သန်နိုင်ခြေ ၁ ရာခိုင်နှုန်းေ လာက်ပဲ ရှိတဲ့ကြားက Curtis တယောက်ကတော့ အထူးကုသဆောင်မှာ ကုပ်ကပ်ပြီး တင်ကျန် ရှင်သန်ခဲ့ပါတယ်။

သူ့ကို အသက် ရှူစက်နဲ့ ၃ လ ထားခဲ့ရပါတယ်။ ဒီ ဧပြီလမှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီး ဆေးရုံတက်ရက် စုစုပေါင်း ၂၇၅ ရက် ရှိခဲ့ပါတယ်။ ကုထုံးပညာရှင်တွေဟာ သူ့ကို အသက်ရှူတတ်အောင်၊ ပါးစပ်နဲ့ စားတတ်အောင် ကူညီ ပေးခဲ့ရပါတယ်။

မိခင်ဖြစ်သူ မစ္စစ် ဘတ်တလာ က “Curtis ကို အိမ်ပြန်ခေါ်ပြီး သူ့ အစ်ကိုတွေကို ရုတ်တရက် အံ့ဩသွားအောင် လုပ်နိုင်ခဲ့တဲ့ အခိုက်အတန့်ကို ကျမ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ Curtis မှာ အကြီးသုံးယောက် ရှိပါတယ်။

Curtis ဟာ ခုချိန်ထိ အောက်ဆီဂျင်နဲ့ အစာပိုက်တို့ ကူပေးနေရဆဲ ဖြစ်ပေမဲ့ ဆရာဝန်တွေကတော့ သူ့ကျန်းမာရေး ကောင်းမွန်ပါ တယ်လို့ ဆိုကြပါတယ်။

သူ့ကို မွေးဖွား တုန်းက ကြီးကြပ်ပေးခဲ့တဲ့ ဘာမင်ဂမ်မြို့၊ အလာဘားမား တက္ကသိုလ်က မွေးကင်းစ ကလေးငယ်ဆိုင်ရာ ပညာရှင် ဒေါက်တာ ဘရိုင်ယန်ဆင်း က “ကျနော် ဒီအလုပ် လုပ်လာတာ အနှစ် ၂၀ နီးပါး ရှိပါပြီ။ ဒါပေမဲ့ ဒီလောက် ငယ်တဲ့ ကလေးက ဒီလောက် ကြံ့ခိုင်တာမျိုး တခါမှ မမြင်ဖူးဘူး။ Curtis လေးက ထူးတော့ထူးတယ်” လို့ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်းကို ပြောကြားခဲ့ပါတယ်။

Curtis ဟာ သူ့အရင် က စံချိန်တခုကို ၂၄ နာရီ စောပြီး ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင် စံချိန်က Wisconsin ပြည်နယ်က Richard Hutchinson ဖြစ်ပြီး ၂၁ ပတ်နဲ့ ၂ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Richard Hutchinson မတိုင်ခင် စံချိန်ဟာ ၃၄ နှစ်တိုင်တိုင် မကျိုးပျက်ဘဲ ရှိနေခဲ့တာပါ။ သူ့အရင် တယောက်ကတော့ ကနေဒါ နိုင်ငံ၊ Ottawa က ကလေးငယ်ဖြစ်ပြီး ၂၁ ပတ်၊ ၅ ရက်နဲ့ မွေးခဲ့တာ ဖြစ်ပါတယ်။ Credit;

Leave a Reply

Your email address will not be published. Required fields are marked *