လမ်းပေါ်မှာ ကျနေတတ်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းတိုင်း ကို လက်လွတ်စပယ် မကောက်သင့်တဲ့ အကြောင်းအရင်းများ

Posted on

ကိုယ် ကတော့ စိတ်ရင်းစေ တနာ အမှန်နဲ့ ပိုင်ရှင်အစစ် ပြန်တွေ့စေချ င်ဇောနဲ့ ကောက်ေ ပးလိုက်တာပဲ။ ဒါပေမဲ့ ကိုယ့်စေတ နာက ဝေဒနာ ဖြစ်တတ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ ဒီလိုလ မ်းပေါ်မှာ ကျနေတဲ့ ပိုင်ရှင်မဲ့ပစ္စည်း ကို လက်လွတ်စပ ယ်ကောက်လိုက်ခြင်း အားဖြင့် လူလိမ်ခံလိုက် ရတာမျိုး၊ အခြားသူများ မိမိကိုယ်ကျင့် သိက္ခာကို အထင်လွဲသွားနိုင်တာမျိုးတို့အပြင် သင့်ရဲ့ကျန်းမာရေး ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဒီဆော င်းပါးထဲမှာ ဘယ်လိုမျိုး ပိုင်ရှင်မဲ့ပစ ္စည်းတွေကို လက်လွတ်စပယ် မကောက်သင့်ဘူး လဲဆိုတာတွေ ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပိုက်ဆံအိတ်

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

သင်က ပိုက်ဆံအိတ် တစ်အိတ် လမ်းပေါ်မှာ ကျနေတာကို မြင်လို့ ကောက်လိုက် တဲ့အချိန်မှာ အခြားမျက်မြင်တစ်ေ ယာက်ကလည်း သင်နဲ့ ဝေစုခွဲဖို့ ညှိနှိုင်းပါလိမ့်မယ်။ ထိုအချိန်မှာ ပိုက်ဆံအိတ် ပိုင်ရှင် ပေါ်လာတာမျိုး ဖြစ်တတ်ပြီး သင့်ကို သူခိုးလို့ စွပ်စွဲနိုင်ပါတယ်။

လက်ဝတ်ရတနာများ

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

လက်ဝတ်ရ တနာလည်း ထိုနည်း အတိုင်းပါပဲ။ အခြားသူတစ်ယောက်ပေါ်လာပြီး သင့်ကို ဝေစုခွဲဖို့ ပြောပါလိမ့်မယ်။ သင်က သင့်ပိုက်ဆံကို ပေးပြီးကာမှ လက်ဝတ်ရတနာဆိုင် သွားပြီး စစ်ကြည့်တဲ့အခါ အတုဖြစ်မှန်း သိသွားပါလိမ့်မယ်။ ဒါ့ကြောင့် လူလိမ်လူညာတွေရဲ့လိမ်ဆင်ထဲ အဝင်မခံဖို့ သတိထားသင့်ပါတယ်။

နားကြပ်

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

နားကြပ်မှ မဟုတ်ပါဘူး။ အခြား တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဖြစ်တဲ့ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ စတဲ့အရာတွေမှာ ဘယ်ကမှန်းမသိတဲ့ ပိုးမွှားတွေ ကိန်းအောင်းနေပါတယ်။ မထိတွေ့ မကိုင်တွယ်တာ အကောင်းဆုံးပါပဲ။

ဓား

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

တကယ်လို့ သင်က ရာဇဝတ်မှုထဲမှာ မပါချင်ဘူး ဆိုရင်တော့ ဘယ်လောက်ပဲ ဖန်စီကျပြီး မိမိုက်တဲ့ အိတ်ဆောင်ဓားဖြစ်နေပါစေ မကိုင်တာ ဘေးအကင်းဆုံးပါပဲ။ ဘယ်သူက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ထားပြီး လမ်းမပေါ် လာလွှင့်ပစ်ထားလဲဆိုတာကို သင် မသိနိုင်ပါဘူး။

ဆင်းကတ်များ

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

ဆင်းကတ် လည်း ထိုနည်းအတိုင်းပါပဲ။ အရှေ့က ဆင်းကတ် အသုံးပြုသွားသည်က ဘယ်လိုမသမာမှုမျိုး ကျူးလွန်ထားလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ဘယ်မှာပဲကျကျ မသိကျိုးကျံ ပြုထားလိုက်ပါ။

ပင်အပ်များ

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

အချို့မသ မာသူတွေက အများပြည်သူထို င်တဲ့နေ ရာတွေမှာ ပင်အပ်တွေ ထိုးစိုက် တတ်ကြပါတယ်။ ပင်အပ်တွေ တစ်ခါသုံး ဆေးထိုးအ ပ်တွေဆိုတာက မိမိခန္ဓာကိုယ်ထဲသို့ ရောဂါပိုးမွှားများ ဝင်ရောက်လာစေတဲ့ ပစ္စည်းတွေဖြစ် တာကြောင့် သတိထားသင့်ပါတယ်။

ငှက်နှင့် အခြားတိရစ္ဆာန်ငယ်များ

လက်လွတ်စပယ် မကောက်သင့်တဲ့ ပိုင်ရှင်မဲ့ပစ္စည်းများ

သင့်မှာ သနားကြင်နာစိတ် ဘယ်လောက် ပဲရှိနေပါစေ ငှက်ပေါက်များ၊ အခြားတိရစ္ဆာန်ငယ် များကို အကာအကွယ်မပါဘဲ ကောက်ယူခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ သူတို့မှာ ဘက်တီးရီးယားနှင့် ရောဂါပိုးမွှားများ သယ်ဆောင်ထား ခဲ့သည်ရှိသော် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Source: Brightside.me

Leave a Reply

Your email address will not be published. Required fields are marked *