လယ်သမားတွေ ပဲ ဒီလိုခံစားမှုကို သိနိုင်ပါတယ်ဗျာ ….

Posted on

သီးနှံပေါ်ချိန်ကျဈေးတွေအဆမတန် အနှိမ်ခံရ ။သွင်းအားစုဈေးတွေကခေါင်ခိုက် ၊ဘယ်လိုအကြပ်အတည်းပဲကြုံကြုံ ဒုက္ခရောက်ကြရတဲ့ ကျနော်တို့လယ်သမားတွေ ။

မိရိုးဖလာတောင်သူအလုပ်ကလွဲလို့ တခြားအလုပ်မလုပ်တတ်တော့ အချိန်တန်မိုးကျရင် ကြွေးရှာပြီးလယ်စိုက်ကြရ ။မြေသြဇာ ၊ဆေး ၊မျိုးစေ့ ၊လုပ်အားခရှင်းပြီးတော့ လယ်သမားကျီထဲ စပါးမကျန်တော့ပါ။ ကိုယ်စိုက်တဲ့စပါး ကိုယ္မစားရ ။

တဖြည်းဖြည်းကြွေးနွံနစ်လာတော့ မြေပေါင် ယာပေါင်ဆပ်ရ ။မြေပိုင်ယာပိုင် ဘဝကေန စာရင်းငှားလုပ်ကြရပါတော့တယ်။ ဒီလိုအဖြစ်တွေနဲ့ခေတ်အဆက်ဆက် ကျနော်တို့နိုင်ငံက လယ်သမားတွေ ဆင်းရဲလာပါတော့တယ်။

နဖူးကချွေး ခြေမကျအောင်ရိုးသားခဲ့ကြလို့ ၊ဆင်းရဲစွာနဲ့လည်းနေသားကျလာကြပါပြီ ။ ကျနော်တို့တောင်သူလယ်သမားဦးကြီးများ စိုက်ပျိုးရေးရွှေခေတ်ကို အမြန်ဆုံးရောက်ရှိကြပါစေ ။

#စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ Photo – Internet (crd- photo)

Zawgyi Version







Leave a Reply

Your email address will not be published. Required fields are marked *