လိမ္မော်သီးတွေရောင်းပြီး ရွာမှာ စာသင်ကျောင်းတွေ ဆောက်ပေးခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ဦး…

လိမ္မော်သီးရောင်းပြီးတော့  ရွာမှာ စာသင်ကျောင်းတွေ  ဆောက်ပေးခဲ့တဲ့ အိန္ဒိယအမျိုးသား

ဆင်းရဲရင်  လက်အောက်ခံနိုင်ငံဘဝ_ရောက်တတ်ပါတယ်_ပညာရေးဟာနိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုပါပဲ။

စာသင်ကျောင်းလှူတယ်ဆိုတာ_နိုင်ငံရဲ့အနာဂါတ်အတွက်ပါပဲ။

အိန္ဒိယနိုင်ငံ ကာနာတာကာ  ပြည်နယ်မှာနေထိုင်နေပြီး တဲ့ အသက်(၆၈)နှစ်အရွယ် Harekala Hajabba ဟာ လိမ္မော်သီးရောင်းပြီး ဘဝကိုရဲရဲ ရပ်တည်နေတဲ့သူ  တစ်ဦးဖြစ်ပါတယ်။

သူဟာ အညတရမိသားစုတစ်စုက  နေမွေးဖွားလာခဲ့တာဖြစ်ပြီး  မိသားစုအခက်အခဲတွေကြောင့် သူ့ရဲ့တရားဝင်ပညာ ရေးကိုပြီးဆုံးအောင် မသင်ခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ဘဝမှာ ပညာဟာအဓိက  အရေးပါတဲ့နေရာမှာ ရှိနေတာကိုသိတဲ့သူဟာ သူ့ရွာမှာရှိတဲ့ကလေးတွေပညာဆက်လက်သင်ယူနိုင်ဖို့ သူလုပ်ဆောင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

”Harekala” ဟာ” Mangalore” ဆိပ်ကမ်းမြို့အနီး ”Newpadapu” ရွာလေးမှာနေထိုင်ပြီး ဝင်ငွေထွက်ငွေမျှတအောင်ပြု လုပ်ဖို့အတွက် မြို့ပေါ်တက်ပြီးလိမ္မော်သီးရောင်းချတဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

တစ်ရက်မှာတော့ နိုင်ငံခြားသားခရီးသွားစုံတွဲတစ်တွဲက ”Harekala” ဆီကနေ လိမ္မော်သီးတစ်လုံးဘယ်လောက်လဲလို့ အင်္ဂလိပ်လိုမေးတဲ့ အခါမှာ ”Harekala” အနေနဲ့ နိုင်ငံခြားဘာသာစကားမပြောတတ်တာကြောင့် သူတို့ကိုပြန်မပြာနိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ သူဟာ အကြီးအကျယ်  စိတ်ထိခိုက်မှုတွေရရှိခဲ့ပြီး ပညာဟာ ဘယ်လောက်အထိအရေးပါကြောင်း နားလည်သဘော ပေါက်ခဲ့ပါတယ်။

အဲ့ဒါကြောင့် သူ့ရွာမှာရှိတဲ့ကလေးတွေကို   ပညာသင်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ သူရင်ဆိုင်ရမယ့်အရာများစွာ ရှိနေခဲ့ပါတယ်။အဓိကကတော့ ရွာမှာ ကျောင်းတစ်ကျောင်းမှမရှိတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်” Harekala” ရွာမှာ ကျောင်းဆောက် လုပ်ဖို့အတွက်   ပိုက်ဆံကိုကြိုးစားရှာခဲ့ပါတယ်။ မူလတန်းကျောင်းတစ်ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် သူဟာ လိမ္မော်သီးရောင်းရငွေထဲမှ တစ်နေ့ကို ရူပီး(၁၅၀)စုခဲ့ပါတယ်။

(၂၀၀၀)ခုနှစ်မှာတော့ သူဟာ မူလတန်းကျောင်းတစ်ကျောင်းကို  တည်ဆောက်နိုင်ဖို့ လုံလောက်တဲ့ပိုက်ဆံကို ရရှိခဲ့ပါတယ်။

အဲ့ဒီကတည်းက ကလေးတွေဟာ   ကျောင်းကိုစတင်တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် ကျောင်းသားဦးရေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ချေးငွေထုတ်ချေးပြီး ကျောင်းတည်  ဆောက်မယ့် မြေကိုဝယ်ယူခဲ့တာဖြစ်တယ်လို့ NDTV သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ဒေသခံတွေ၊ အာဏာပိုင်တွေဆီကနေ ထောက်ပံ့ကြေးတစ်ခုမှမယူပဲ မူလတန်းကျောင်းတစ်ကျောင်းကို သူ့ရဲ့အင်အား နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အနည်းငယ်ဆီကနေ ထောက်ပံ့မှုကိုလက်ခံခဲ့ပါ တယ်။

အဲ့ဒီနောက်   ရန်ပုံငွေရှာဖွေဖို့အတွက်   နေ့ရောညပါ   အလုပ်လုပ်ပြီးနောက် နောက်ဆုံးမှာတော့” Harekala” ဟာ အသက်(၁၀)နှစ်ကနေ(၁၄)နှစ်အတွင်းရှိတဲ့ကျောင်းသားတွေအတွက် အထက်တန်းကျောင်းတစ်ကျောင်းကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။

”Harekala” ဟာ ကျောင်းအတွက် လိုအပ်တဲ့အရာအားလုံးကို တတ်နိုင်သမျှ သူ့တစ်ယောက်တည်းရဲ့အင်အားနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အဲ့လိုကိုယ်ကျိုးမကြည့်ပဲလုပ်ဆောင်ခဲ့လို့လည်း (၇၁)ကြိမ်မြောက် အမျိုးသားနေ့မတိုင်ခင်မှာ ပြည်ထဲရေးဝန်ကြီးဌာနကဖုန်းတစ်ခုကိုလက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။

အဲတာကတော့ သူ့ကို ”Padma Shri” ဆုချီးမြှင့် ခံရကြောင်း ဝန်ကြီးဌာနကအကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဆုဟာ အိန္ဒိယအစိုးရကပေးတဲ့ အမြင့်ဆုံးအရပ်ဘက်ဆုပဲဖြစ်ပါတယ်။

အစိုးရကို ကျွန်တော်တို့ရွာမှာ ကောလိပ်တက်ခွင့်ရဖို့တောင်းဆိုခဲ့သလို ကောလိပ်ကျောင်းဆောက်လုပ်နိုင်ဖို့လည်း ပိုက်ဆံတွေကိုစတင်စုဆောင်းနေပြီဖြစ်တယ်လို့” Harekala” ကပြောပြခဲ့ပါတယ်။

Credit to Thae  Su

Unicode

လိမ္မော်သီးရောင်းပြီး တော့  ရွာမှာ စာသင်ကျောင်းတွေ   ဆောက်ပေးခဲ့တဲ့ အိန္ဒိယအမျိုးသား

ဆင်းရဲရင်  လက်အောက်ခံနိုင်ငံဘဝ_ရောက်တတ်ပါတယ်_ပညာရေးဟာနိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုပါပဲ။

စာသင်ကျောင်းလှူတယ်ဆိုတာ_နိုင်ငံရဲ့အနာဂါတ်အတွက်ပါပဲ။

အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်မှာနေထိုင်နေပြီး တဲ့ အသက်(၆၈)နှစ်အရွယ် Harekala Hajabba ဟာ လိမ္မော်သီးရောင်းပြီး ဘဝကိုရဲရဲ ရပ်တည်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဟာ အညတရမိသားစုတစ်စုက နေမွေးဖွားလာခဲ့တာဖြစ်ပြီး   မိသားစုအခက်အခဲတွေကြောင့် သူ့ရဲ့တရားဝင်ပညာ ရေးကိုပြီးဆုံးအောင် မသင်ခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ဘဝမှာ ပညာဟာအဓိက  အရေးပါတဲ့နေရာမှာ ရှိနေတာကိုသိတဲ့သူဟာ သူ့ရွာမှာရှိတဲ့ကလေးတွေပညာဆက်လက်သင်ယူနိုင်ဖို့ သူလုပ်ဆောင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

”Harekala” ဟာ ”Mangalore” ဆိပ်ကမ်းမြို့အနီး ”Newpadapu” ရွာလေးမှာနေထိုင်ပြီး ဝင်ငွေထွက်ငွေမျှတအောင်ပြု လုပ်ဖို့အတွက် မြို့ပေါ်တက်ပြီးလိမ္မော်သီးရောင်းချတဲ့  သူတစ်ဦးလည်းဖြစ်ပါတယ်။

တစ်ရက်မှာတော့ နိုင်ငံခြားသားခရီးသွားစုံတွဲတစ်တွဲက ”Harekala” ဆီကနေ လိမ္မော်သီးတစ်လုံးဘယ်လောက်လဲလို့ အင်္ဂလိပ်လိုမေးတဲ့ အခါမှာ ”Harekala” အနေနဲ့ နိုင်ငံခြားဘာသာစကားမပြောတတ်တာကြောင့် သူတို့ကိုပြန်မပြာနိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ သူဟာ အကြီးအကျယ်စိတ်ထိခိုက်မှုတွေရရှိခဲ့ပြီး ပညာဟာ ဘယ်လောက်အထိအရေးပါကြောင်း နားလည်သဘော ပေါက်ခဲ့ပါတယ်။

အဲ့ဒါကြောင့် သူ့ရွာမှာရှိတဲ့ကလေးတွေကို ပညာသင်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ သူရင်ဆိုင်ရမယ့်အရာများစွာ ရှိနေခဲ့ပါတယ်။အဓိကကတော့ ရွာမှာ ကျောင်းတစ်ကျောင်းမှမရှိတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ”Harekala” ရွာမှာ ကျောင်းဆောက်လုပ်ဖို့အတွက် ပိုက်ဆံကိုကြိုးစားရှာခဲ့ပါတယ်။ မူလတန်းကျောင်းတစ်ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် သူဟာ လိမ္မော်သီးရောင်းရငွေထဲမှ တစ်နေ့ကို ရူပီး(၁၅၀)စုခဲ့ပါတယ်။

(၂၀၀၀)ခုနှစ်မှာတော့ သူဟာ မူလတန်းကျောင်းတစ်ကျောင်းကိုတည်ဆောက်နိုင်ဖို့ လုံလောက်တဲ့ပိုက်ဆံကို ရရှိခဲ့ပါတယ်။

အဲ့ဒီကတည်းက ကလေးတွေဟာ ကျောင်းကိုစတင်တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် ကျောင်းသားဦးရေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ချေးငွေထုတ်ချေးပြီး ကျောင်းတည်ဆောက်မယ့် မြေကိုဝယ်ယူခဲ့တာဖြစ်တယ်လို့ NDTV သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ဒေသခံတွေ၊ အာဏာပိုင်တွေဆီကနေ ထောက်ပံ့ကြေးတစ်ခုမှမယူပဲ မူလတန်းကျောင်းတစ်ကျောင်းကို သူ့ရဲ့အင်အား နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အနည်းငယ်ဆီကနေ ထောက်ပံ့မှုကိုလက်ခံခဲ့ပါ တယ်။

အဲ့ဒီနောက် ရန်ပုံငွေရှာဖွေဖို့အတွက် နေ့ရောညပါအလုပ်လုပ်ပြီးနောက် နောက်ဆုံးမှာတော့” Harekala” ဟာ အသက်(၁၀)နှစ်ကနေ(၁၄)နှစ်အတွင်းရှိတဲ့ကျောင်းသားတွေအတွက် အထက်တန်းကျောင်းတစ်ကျောင်းကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။

”Harekala” ဟာ ကျောင်းအတွက် လိုအပ်တဲ့  အရာအားလုံးကို တတ်နိုင်သမျှ သူ့တစ်ယောက်တည်းရဲ့အင်အားနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အဲ့လိုကိုယ်ကျိုးမကြည့်ပဲ  လုပ်ဆောင်ခဲ့လို့လည်း (၇၁)ကြိမ်မြောက် အမျိုးသားနေ့   မတိုင်ခင်မှာ ပြည်ထဲရေးဝန်ကြီးဌာန  ကဖုန်းတစ်ခုကိုလက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။

အဲတာကတော့ သူ့ကို ”Padma Shri” ဆုချီးမြှင့် ခံရကြောင်း ဝန်ကြီးဌာနက  အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဆုဟာ အိန္ဒိယအစိုးရကပေးတဲ့ အမြင့်ဆုံးအရပ်ဘက်ဆုပဲဖြစ်ပါတယ်။

အစိုးရကို ကျွန်တော်တို့ရွာမှာ    ကောလိပ်တက်ခွင့် ရဖို့တောင်းဆိုခဲ့သလို   ကောလိပ်ကျောင်းဆောက်လုပ်နိုင်ဖို့လည်း ပိုက်ဆံတွေကိုစတင်စုဆောင်းနေပြီဖြစ်တယ်လို့ ”Harekala” ကပြောပြခဲ့ပါတယ်။

Credit to  Thae   Su

Add a Comment

Your email address will not be published. Required fields are marked *