လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့သမီးလေးအတွက် ပိုက်ဆံအိတ်တွေ ၊ အဝတ်အစားတွေနဲ့မုန့်ဖိုးတွေပေးလိုက်တဲ့ ဘေဘီမောင်

Posted on

ပရိတ်သတ် ကြီးရေ သရုပ်ဆောင် ဘေဘီမောင် ကတော့ ရင်သွေးလေးကို လွယ်ထား ရပြီး မကြာခင် သမီးလေး မွေးတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဘေဘီမောင်က ကိုယ်ပိုင် ရတနာ ဆိုင်ကြီး ဖွင့်ထားတဲ့ အပြင် အဝတ်အစားတွေကိုပါ ကိုယ်ပိုင် brand နဲ့ ထုတ်တော့မှာ ဖြစ်ပါတယ်။

ဘေဘီမောင် ကတော့ မနေ့ ကဘဲ လူကြမ်း သရုပ်ဆောင် မင်းမင်းနဲ့ သူ့သမီးလေးရဲ့ Interview video လေးကို ကြည့်ပြီး နောက်ထပ် ရိုက်မယ့် ခင်ပွန်းဖြစ်သူသားဂန်းရဲ့ သီချင်းဗီဒီယိုမှာ ခေါ်ရိုက်သွားမယ့် အကြောင်း ပြောပြ လာတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မှာတော့ ကိုမင်းမင်းတို့ မိသားစုကို လှူချင်တဲ့ စေတနာရှင် တစ်ယောက်က ဆက်သွယ် လာတာကြောင့် အလှူငွေ အပြင် အဝတ်အစား တွေနဲ့ လိုအပ်တာ တွေပါလှူဒါန်းသွားမယ့် အကြောင်း ဘေဘီမောင် က ပြောလာတာ ဖြစ်ပါတယ်။ ​ဘေဘီမောင်က ကိုမင်းမင်းတို့ရဲ့ မိသားစုကို ဆက်သွယ်လို့ ရမယ့် ဖုန်းလေး ရှိရင်ပေးပါရှင့်။စေတနာရှင် အကိုတစ်ယောက်က အကိုတို့ မသားစုကို ငွေတစ်သိန်း ကူညီထားပါတယ်ရှင့်။ ဘေဘီကလည်း ညီမလေး အတွက် အဝတ်အစားတွေ ပိုက်ဆံအိတ် တွေလက်ဆောင် ပေးချင်လို့ပါရှင့် Edit ဖုန်းနံပါတ် ရသွားပါပီရှင့် ဆိုပြီး ပြောပြ လာတာ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဘေဘီမောင်ရဲ့ လုပ်ရပ် ကိုတော့ မချီးကျူးပဲကို မနေနိုင် လောက်အောင် ပါပဲနော်..။

Zawgyi




Leave a Reply

Your email address will not be published.