လူကြီးလေးတစ်ယောက်လို လည်ကတုံးတိုက်ပုံနဲ့ ပုဆိုးလေးကို ဝတ်ပြီး စတိုင်ကျနေတဲ့ သားလေးရဲ့ပုံတွေကို ဝေမျှလာခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

Posted on

ပရိသတ် ကြီးရေ နန်းမြတ် ကတော့ ပရိသတ်တွေရဲ့ ချစ်ခင် မှုကို အပြည့်အဝ ရရှိ ပိုင်ဆိုင် ထားတဲ့ ပရိသတ် အချစ်တော် အဆိုတော် မော်ဒယ်လ် သရုပ်ဆောင်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ နန်းမြတ် ကတော့ လက်ရှိမှာ ချစ်စရာ ကောင်းလှတဲ့ သားလေး တစ်ယောက်ရယ် သမီးလေး တစ်ယောက် ရယ်ကို ပိုင်ဆိုင် ထားပါတယ်။

နန်းမြတ်ရဲ့ သားလေးနဲ့ သမီးလေး ကလည်း ချစ်စရာ ကောင်းလှပြီး ချစ်မွှေးပါ ကြတာကြောင့် ပရိသတ် တွေရဲ့ အချစ်တော်လေးတွေ တောင် ဖြစ်နေ ခဲ့ပါတယ်။ နန်းမြတ် ကလည်း သားနဲ့ သမီးကို ချစ်တဲ့ ပရိသတ်တွေ အတွက် ကလေးတွေရဲ့ ပုံတွေကို မကြာခဏ ဆိုသလို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ မျှဝေ ဖော်ပြပေးလေ့ရှိပါတယ်။

မနေ့က လည်း နန်းမြတ်က သူ့ရဲ့ မွေးနေ့မှာ ရိုက်ကူးထားတဲ့ သားလေး ဂျက်ဂျက်ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ အတွက် မျှဝေ လာခဲ့ပါတယ်။ ပရိသတ်ကြီးရေ ပုံလေးတွေထဲ မှာတော့ ဂျက်ဂျက်က တိုက်ပုံ၊ပုဆိုး ဝတ်စုံ အပြည့်နဲ့ လူကြီးပေါက်စ လေးကျနေ တာပဲနော်။

Zawgyi




Leave a Reply

Your email address will not be published.