လူနာတွေကို ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ သမိုင်း.မှာ တကယ်ရှိခဲ့ပါတယ်…

Posted on

သူ့နာမည်က တော့ Richard Axel ပါ။ သူက ဆေးကျောင်း တစ်လျှောက်လုံးမှာ ပုံမှန် မဟုတ်တဲ့ နှလုံးခုန်သံ murmur လည်း တစ်ခါမှ နားမထောင်တတ်သလို မျက်ကြည်လွှာကို လည်း မကြည့်တတ်ခဲ့ပါဘူး။ သူ့မျက်မှန်ဟာ လူနာ ဗိုက်ထဲ ပြုတ်ကျ ဖူးသလို ခွဲနေတဲ့ ခွဲစိတ်ဆရာဝန်ရဲ့ လက်ကို လူနာ ကိုယ်ပေါ်မှာ တွဲပြီး ချုပ်မိတဲ့ အထိ အခြေအနေ ဆိုးသူပါ။ နောက်ဆုံး သူ့ဆရာတွေက သူ လူနာတွေကို ဆေးမကုပါဘူး ဘူးဆိုပြီး ကတိပေးမှ သူ့ကို ဆေးပညာဘွဲ့ ပေးခဲ့ပါတယ်။

ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ

လူနာအရှင်ကို မကုရတဲ့ နောက်မှာ လူနာ အသေတွေကို ကြည့်ရတဲ့ pathology ဌာန မှာ အလုပ်သင်ဆင်းပါတယ်။ ဆင်းပြီး တစ်နှစ်အကြာမှာတော့ သူ့ဆရာက မင်း လူအသေတွေ နဲ့လည်း အလုပ်လုပ်လို့ မရဘူး ဆိုပြီး ပြောခဲ့ပါတယ်။ 😂

ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ

ဒါပေမယ့် သူဟာ cell တွေထဲကို DNA transfer လုပ်တဲ့ နည်းကို ပူးတွဲတွေ့ရှိခဲ့သလို HIV နဲ့ CD4 ဟာ ဆက်ဆက်နေတယ်ဆိုတာရယ်ကို ပထမဆုံးသက်သေပြနိုင်ခဲ့ပါတယ်။ အနံ့အာရုံကို လက်ခံတဲ့ Olfactory receptor mechanism တွေကို ရှာဖွေ နိုင်ခဲ့တဲ့ အတွက် သူဟာ ၂၀၀၄ ခုနှစ်မှာ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ကို ရရှိခဲ့ပါတယ်။

ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ

(ဆရာဝန် လုပ်ဖို့ လုံး၀ ကို ပါရမီ မပါတဲ့ လူက ဆေးပညာရဲ့ အမြင့်ဆုံးဆုတွေ ထဲက တစ်ခု ဖြစ်တဲ့ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ရတယ် ဆိုတဲ့ သတင်းကို သူ့ဆရာတွေသာ ကြားရင် ဘယ်လိုများ နေမလဲ မသိ 😂)

Reference https://www.nobelprize.org/…/2004/axel/biographical/

Zawgyi

သူ႕နာမည္က ေတာ့ Richard Axel ပါ။ သူက ေဆးေက်ာင္း တစ္ေလွ်ာက္လုံးမွာ ပုံမွန္ မဟုတ္တဲ့ ႏွလုံးခုန္သံ murmur လည္း တစ္ခါမွ နားမေထာင္တတ္သလို မ်က္ၾကည္လႊာကို လည္း မၾကည့္တတ္ခဲ့ပါဘူး။ သူ႕မ်က္မွန္ဟာ လူနာ ဗိုက္ထဲ ျပဳတ္က် ဖူးသလို ခြဲေနတဲ့ ခြဲစိတ္ဆရာ၀န္ရဲ႕ လက္ကို လူနာ ကိုယ္ေပၚမွာ တြဲၿပီး ခ်ဳပ္မိတဲ့ အထိ အေျခအေန ဆိုးသူပါ။ ေနာက္ဆုံး သူ႕ဆရာေတြက သူ လူနာေတြကို ေဆးမကုပါဘူး ဘူးဆိုၿပီး ကတိေပးမွ သူ႕ကို ေဆးပညာဘြဲ႕ ေပးခဲ့ပါတယ္။

လူနာအရွင္ကို မကုရတဲ့ ေနာက္မွာ လူနာ အေသေတြကို ၾကည့္ရတဲ့ pathology ဌာန မွာ အလုပ္သင္ဆင္းပါတယ္။ ဆင္းၿပီး တစ္ႏွစ္အၾကာမွာေတာ့ သူ႕ဆရာက မင္း လူအေသေတြ နဲ႕လည္း အလုပ္လုပ္လို႔ မရဘူး ဆိုၿပီး ေျပာခဲ့ပါတယ္။ 😂

ဒါေပမယ့္ သူဟာ cell ေတြထဲကို DNA transfer လုပ္တဲ့ နည္းကို ပူးတြဲေတြ႕ရွိခဲ့သလို HIV နဲ႕ CD4 ဟာ ဆက္ဆက္ေနတယ္ဆိုတာရယ္ကို ပထမဆုံးသက္ေသျပနိုင္ခဲ့ပါတယ္။ အနံ႕အာ႐ုံကို လက္ခံတဲ့ Olfactory receptor mechanism ေတြကို ရွာေဖြ နိုင္ခဲ့တဲ့ အတြက္ သူဟာ ၂၀၀၄ ခုႏွစ္မွာ ေဆးပညာဆိုင္ရာ နိုဗယ္ဆု ကို ရရွိခဲ့ပါတယ္။

(ဆရာ၀န္ လုပ္ဖို႔ လုံး၀ ကို ပါရမီ မပါတဲ့ လူက ေဆးပညာရဲ႕ အျမင့္ဆုံးဆုေတြ ထဲက တစ္ခု ျဖစ္တဲ့ ေဆးပညာဆိုင္ရာ နိုဗယ္ဆု ရတယ္ ဆိုတဲ့ သတင္းကို သူ႕ဆရာေတြသာ ၾကားရင္ ဘယ္လိုမ်ား ေနမလဲ မသိ 😂)

Reference https://www.nobelprize.org/…/2004/axel/biographical/

Leave a Reply

Your email address will not be published. Required fields are marked *