လူနေ တိုက်အိမ်တွေ ဆောက်တဲ့အခါ ပြောပြောနေကြတဲ့ RC ဆိုတာ…….
Posted on
𝗥𝗖 ရဲ့ အရှည် အဓိပ္ပါယ်ဟာ 𝗥𝗲𝗶𝗻𝗳𝗼𝗿𝗰𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 ဖြစ်ပြီး မြန်မာလို သံကူအားဖြည့်ကွန်ကရစ်လို့ သုံးနှုန်းတာ တွေ့ဖူးပါတယ်။ ကွန်ကရစ်ထဲမှာ သံမဏိချောင်းတွေ ထည့်သွင်း သွန်းလောင်းတဲ့ ကွန်ကရစ် အမျိုးအစားလို့ အဓိပ္ပာယ် ရပါတယ်။
ခရစ်တော်မပေါ်မီ နှစ်ပေါင်း များစွာကတည်းက ရောမလူမျိုးတွေဟာ Vesuvius မီးတောင်ကရတဲ့ မီးတောင်ပြာနဲ့ ဖောက်ထုံးနဲ့ရောပြီး Pozzolana လို့ခေါ်တဲ့ အင်္ဂတေတစ်မျိုးကို အဆောက် အဦးတွေေ ဆာက်လုပ်ရာမှာ အသုံးပြုခဲ့တ ယ်လို့ အထောက်အထားတွေအရ တွေ့ရှိရပါတယ်။
အင်္ဂတေကို အဆောက် အဦးဆောက် လုပ်ရာမှာ သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ကာလကြာ လာတာနဲ့အမျှ အင်္ဂတေ သွန်းလုပ်တဲ့န ည်းစနစ်တွေ အဆင့်ဆင့် တိုးတ က်ပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက် တစ်ခုကေ တာ့ရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂတေဟာ ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းပေမယ့် ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်း ပါပဲ။ ဆိုလိုတာကတော့ အင်္ဂတေတုံးတစ် တုံးကို အားနဲ့ဖိနှိပ်ချမယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင်လို ဆွဲဆန့်လိုက်ရင်တော့ အလွယ်တကူေြ ကမွပျက်စီး သွားတတ်ပါတယ်။
ဒါကြောင့် ဒီပြဿနာကိုဖြေ ရှင်းဖို့အတွက် အင်္ဂေ တလောင်းတဲ့အချိန်မှာ စတီးချောင်းလို Tensile Strength ကောင်းတဲ့အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဘာအားသာ ချက်ရသလဲဆိုေ တာ့ ကွန်ကရစ်ရဲ့ အားသာချက်ဖြစ်တဲ့ Compression Strength နဲ့ စတီးရဲ့ အားသာချက်ဖြစ်တဲ့ Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေး လိုက်သလိုဖြစ်သွား ပါတော့တယ်။
𝗥𝗖 ကို ပထမဦးဆုံးစတ င်တည်ဆော က်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေင ယ်လေးတွေ တည်ဆောက်ရာမှာ ခံနိုင်ရည်အား ပိုမိုကောင်းမွန်စေဖို့ သံေ ချာင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆော က်ခဲ့တယ်လို့ အထောက်အ ထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ 𝗥𝗖 ကို ပထမဆုံး တည်ဆောက် အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။
𝗥𝗖 ကို အဆောက်အဦး တည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးြ ပုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည် ကသာ ပိုပြီးအရာတွ င်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း 𝗥𝗖 ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကို သိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက် ကလေး ပုံမပျက်သွားေ အာင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက 𝗥𝗖 သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။
၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လု ပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှ စ်ခု ကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ 𝗥𝗖 ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။
Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို 𝗥𝗖 တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။ Credit original uploader
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *