လူမျိုး ဘာသာမရွေး ကြီးကြီးငယ်ငယ် အကုန်လုံး ကြိုက်နှစ်သက်ကြတဲ့ ရေခဲမုန့် ကို အိမ်မှာပဲ အလွယ်တစ်ကူပြုလုပ်နည်းလေး
Posted on
ကလေး၊ လူကြီး မရွေး ကြိုက်နှစ် သက်ကြတဲ့ ရေခဲမုန့်ကို အိမ်မှာပဲ အကုန်အကျ သက် သက်သာသာနဲ့ များများ စားသုံး နိုင်မယ့် ရေခဲမုန့် အလွယ်လုပ် နည်းေ လးကို ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလို က်ပါတယ်နော်..။
ရေခဲမုန့်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ ပါဝင်ပစ္စ ည်းတွေကတော့ Whipping cream 500ml (စူပါမားကတ်ေ တွမှာ အလွယ်တ ကူဝယ်လို့ရ)၊ နို့ဆီတဘူးနဲ့ မိမိကြိုက်နှစ်သက်ရာ အနံ့၊အရသာ တို့ပဲ ဖြစ်ပါတယ်။
ပထမဦးစွာ Whipping cream ကို ဇလုံခပ်ကြီးြ ကီး တခုထဲ ထည့်ပြီး မွှေပေးရမှာ ဖြစ်တယ်။ မွှေစက်ရှိတဲ့ သူတွေအနေနဲ့ စက်နဲ့လည်း မွှေနိုင်သလို လက်နဲ့လည်း မွှေနိုင်ပါတယ်။ မွှေရင်းနဲ့ ရေမြှပ်လေးလို ခရင်မ်ပုံစံဖြစ်လာပြီ ဆိုရင်တော့ နို့ဆီကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပေးရပါ မယ်။
ခရင်မ်အနေ အထား ပျက်သွားမှာ စိုးတာကြောင့် မွှေတဲ့အခါ စက်ဝိုင်း ပုံသဏ္ဍာန် မွှေတာမျိုး မဟုတ်ဘဲ အပေါ်အောက် သမအောင် မွှေတဲ့ပုံစံမျိုးနဲ့ မွှေပေးရပါမယ်။ နို့ဆီထည့်ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အနံ့၊ အရသာ တမျိုး မျိုးကို ထည့်ပြီး သမရုံလောက် မွှေပေးရပါမယ်။
ပြီးရင်တော့ ရေခဲမုန့်လုပ် မယ့် အဖုံးပါတဲ့ ဘူးတဘူး ထဲ ထည့်ပြီး ရေခဲသေတ္တာ အခဲကန့်ထဲ ၈ နာရီလောက် ထည့်ထားေ ပးရုံနဲ့ အရသာရှိတဲ့ Homemade ice-cream ကို စားသုံးနိုင်ပါပြီ။
ရေခဲမုန့်ကို အသီးအနှံေ တွနဲ့ ပြုလုပ် စားသောက်ချင် သူတွေအေ နနဲ့တော့ မိမိထည့်လို တဲ့ အသီးအနှံကို ရေသေချာစွာ ဆေးကြောပြီး ဖျော်စက်ထဲကို နို့ဆီနဲ့အတူတကွထည့်ကာ ကြေညက် သွားတဲ့အထိ ကြိတ်ေ ချပေးရပါမယ်။
ပြီးရင်တော့ မွှေထားပြီးသား Whipping cream ထဲကို နို့ဆီနဲ့ရောကာ ကြိတ်ချေ ထားပြီးသား အသီးအနံအနှစ်ေ တွကို ဖြည့်းဖြည်းချ င်းလောင်းထည့်ကာ အပေါ်အောက် သမအောင် မွှေပေးရပါမယ်။
ဒီနေရာမှာ အရောင် အနည်းငယ် ထည့်ချင် သူတွေအနေနဲ့ Food colour အနည်းငယ် ထည့်နိုင်သလို မိမိကြို က်နှစ်သက်တဲ့ အနံ့ကိုလည်း ထည့်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေခဲမုန့်လု ပ်မယ့် အဖုံးပါတဲ့ ဘူးတဘူးထဲ ထည့်ပြီး အခဲကန့်ထဲ ၈နာရီေ လာက် ထည့်ပေးရုံနဲ့ အသီးအနှံေ ရခဲမုန့်ကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *