လူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂျာမနီနိုင်ငံ အတွင်းက ဧရာမ ဆားတောင်ကြီး

Posted on

ဂျာမနီ နိုင်ငံ၊ Hesse ဒေသ အရှေဘ က်ပိုင်းက Heringer မြို့မှာ တည်ရှိတဲ့ Monte Kali တောင်ကတော့ ထူးခြားတဲ့ ဝိသေသတွေ ကို ပိုင်ဆိုင်ထားတဲ့ တောင် တစ်ခု အဖြစ်ထင်ရှား ပါတယ်။ ဒေသခံတွေကတော့ ဂျာမန်ဘာသာနဲ့ Kalimanjaro (Potash ထွက်တဲ့ အရပ်)လို့ခေါ်ကြတဲ့ Monte Kali ဟာ အလွန်ကြီးမား တဲ့ ဆားတောင်ကြီး တစ်ခုအဖြစ်တည်ရှိနေလို့ ဖြစ်ပါတယ်။

မူလက မီးတောင် တစ်ခု အနေနဲ့ တည်ရှိတဲ့ Monte Kali ဟာ Potash တူးဖော် ရေးလုပ်ငန်းကိုကာလကြာ လုပ်ကိုင် ရာကနေတဆင့် ယခုလိုကြီးမားတဲ့ ဆားတောင်ကြီး ဖြစ်လာခဲ့ပြီး ဆိုဒီယမ်က လိုရိုကဒြပ်နှောတွေ ဖြစ်တဲ့ အိမ်သုံးဆားကြမ်း တန်ချိန်များစွာကို ထုတ် လုပ်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ရာပေါ င်းများစွာ အကြာကတည်းက တွင်းထွ က်တစ်မျိုးဖြစ်တဲ့ Potash( ဓါတ်ပြာ) တူးဖော်ရေး လုပ်ငန်းဟာ ဒီဒေသရဲ့အဓိက စီးပွားရေးလုပ် ငန်းတစ်ခု ဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့ အကြီးဆုံး သတ္ထုတူးဖော်ေ ရးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wintershall ကုမ္ပဏီကလည်း ဒီဒေသမှာ (၁၉၀၃)ခုနှစ်ကတည်းက Potash တူးဖော်ရေး လုပ်ငန်းကိုစတ င်ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။

ယနေ့အချိန်မှာတော့ ဒီဒေသဟာ ဂျာမနီနိုင်ငံ တွ င်းသာမက ကမ္ဘာပေါ်မှာ အကြီးဆုံး Potash တူးဖော်ရေး လုပ်ငန်းခွင်ဧရိယာြ ဖစ်လာခဲ့ပြီး မြူးနစ်မြို့ထက်ေ တာင် ပိုမိုကျယ်ဝ န်းနေခဲ့ပြီ ဖြစ်ပါတယ်။

Potash ဆိုတာ ကတော့ ဓာတုတွင်းထွက် ပစ္စည်းတစ် မျိုးဖြစ်ပြီး ပိုတက်ဆီယမ်ကွန်ပေါင်း နဲ့ ပိုတက်ဆီ ယမ်ကလိုရိုက် (KCL)အဓိက ပါဝ င်ပါတယ်။ ယင်းကနေတ ဆင့် ရေတွင်ပျော်ဝင်နိုင်တဲ့ ပိုတက်ဆီယမ် ပါဝင်တဲ့အိမ်သုံးဆားကိုထုတ်လုပ်နိုင်တဲ့ အပြင် ယနေ့အသုံးြ ပုနေကြတဲ့ ဖန်ထည်ပစ္စည်းတွေ ၊ဆပ်ပြာတွေဟာလည်း Potash ဒြပ်စင်ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

AD 500 လောက် ကတည်းက တီထွင်အသုံးပြုခြဲ့ ကတယ်လို့ သိရပြီး Potash ဟာ စက်မှုလုပ်င န်းတွေအတွက် အလွန်အရေး ပါတဲ့ ဓာတုပစ္စည်းတစ်ခုြ ဖစ်ပါတယ်။ Potash ကို(၁ ၄)ရာစုေ လာက်ကတည်းက အာဖရိကတို က်က အီသီယိုးပီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှာ တူးဖော် ရရှိနိုင်ပါတယ်။

ယခုအချိန် မှာတော့ ရုရှား၊ကေ နဒါ၊အမေရိကန် ပြည်ထောင်စု၊တရုတ်၊ဘီလာ ရုစ်၊အစ္စရေး၊ဂျော်ဒန်၊ချီလီ၊ဘရာဇီး အစရှိတဲ့နိုင် ငံတွေမှာ Potash ကိုအကြီးအ ကျယ် တူးဖော်ခြင်းတွေကို လုပ်ဆော င်နေပါပြီး Potash တူးဖော်တဲ့ မိုင်းတွင်းတစ်ခုဟာ ပျှမ်းမျှအား ဖြင့် မြေအောက် ကို ပေပေါင်း(၄၄၀၀)လောက် တူးရလေ့ရှိပါတယ်။

Potash မိုင်းတွ င်းတွေဟာ Potash ဒြပ်စင်တွေ အပြင် Sodium Chloride( Potassium (၂၀)ရာခိုင်နှုန်းကနေ (၃၅)ရာခိုင်နှုန်း အထိ ပူးတွဲပါဝင်)ကိုထုတ်လု ပ်ပေး လေ့ရှိပါတယ်။ ဒါကလည်း Potashနဲ့ Sodium Chloride(ဆားကြမ်း) တွေဟာ ဒြပ်နှောတစ် ခုအဖြစ် ပူးတွဲတည်ရှိနေ လို့ပါ။ ဒါကြောင့် Potash တန်ချိန်များစွာကို ထုတ်ယူလိုက်တိုင်း Sodium Chloride(ဆားကြမ်း) တန်ချိန်များစွာ ဟာ မြေပြင်ပေါ်မှာ စုပုံကျန် ရှိနေခဲ့ပါတယ်။

ဒီလိုနည်းနဲ့ တဖြည်းဖြည်းစု ပုံလာရာကနေ နှစ်များစွာ ကြာတဲ့ အခါမှာတော့ မြင်တွေ့ရတဲ့ အတိုင်း Monte Kaliတောင်ဟာ ဆားတော င်ကြီး တစ်ခုအဖြစ် အသွင် ပြောင်းသွား ခဲ့ပါတယ်။ အတိအကျဆိုရင်တော့ Monte Kaliတောင်ရဲ့ (၉၆)ရာခိုင်နှုန်း လောက်ဟာ ဆားကြမ်းတွေ အဖြစ်တည် ရှိနေပါတယ်။

Monte Kaliဟာ ၁၉၇၃ ခုနှစ်ကာလ လောက် ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မူလက မြေပြက်ထက် မီတာ(၂၀၀)ေ လာက်သာ မြင့်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ထုတ်လုပ် တဲ့ Potash တန်ချိန်များ စွာကနေ ပိုလျှံလာတဲ့ ဆားကြမ်းတွေကြောင့် (၂၀၁၄) ခုနှစ်၊ ဇန်နဝါရီမှာေ တာ့ မူလစုပုံရာေ နရာကနေ (၉၀)hectares လောက်အထိကို ဆားကြမ်း တွေနဲ့ ဖုံးလွှမ်းသွား ခဲ့ပါတယ်။

အနီးစပ်ဆုံး အနေနဲ့ Monte Kali မှာ ဆားကြမ်း တန်ချိန် သန်းပေါင်း(၁၈၈) သန်းလောက်စုပုံနေတာဖြစ်ပြီး နှစ်စဉ် နောက်ထပ် ဆားတန်ချိန် (၆.၄) သန်းလောက် စုပုံရောက်ရှိနေခဲ့ပါတယ်။

Monte Kali ဟာ ဂျာမနီရဲ့အခြားြ ပည်န ယ်တခုဖြစ်တဲ့ Thuringia နယ်စပ်နဲ့ ထိစပ်လျက်ရှိပြီး အလှပဆုံးသော (Natural View)တစ်ခုကိုလ ည်း ပိုင်ဆိုင်ထား သေးပါတယ်။ ဒါကတော့ Monte Kali Towers နဲ့ Kalimanjaro လို့ဒေသခံတွေကသိကြတဲ့ Monte Kali တောင်ထိပ်ေ ပါ်ကနေ Heringen မြို့အပါအဝင် အရပ်လေးမျက်နှာက ပတ်ဝန်းကျင်ရှုခင်းတွေကို ရှုမြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။

ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း(၁၇၄၀)လောက်မြင့်မားတဲ့ အတွက် ပတ်ဝန်း ကျင်ရှုခင်းတွေကို အပေါ်စီးကေ နမြင်နိုင်ပြီး နှစ်စဉ်လာေ ရာက်လည် ပတ်သူ(၁၀၀၀၀) လောက်ရှိပါတယ်။ ဒါအပြင် ကမ္ဘာအရပ်ရပ်က လာရောက်လေ့ လာသူများစွာ ဟာလည်း လာရောက်လည်ပတ်ပြီး ဂျာမနီရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို တဖက်တလမ်း ကနေ အကျိုးပြုနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝပတ် ဝန်းကျင်ရှုထောင့်က ကြည့်ရင်တော့ ဒီဒေသရဲ့ ဂေဟ စနစ်တရပ် လုံးဟာ Monte Kali ကြောင့် အကြီးအကျယ် ပျက်စီးေ နရပြီလည်း ဖြစ်ပါတယ်။ များစွာ သောဆားတ န်ချိန်များစွာဟာ ဒေသရဲ့ မြေပြင်ပေါ်မှာသာမက ရေထု၊မြေထုနဲ့ မြေဆီလွှာထဲကို ပါ စိမ့်ဝင်နေတာေြ ကာင့် မြေဆီလွှာ အပါအဝင်၊မြစ်ရေနဲ့ မြေအောက် ရေတွေပါ ညစ်နွမ်းပျက်စီးရပါတယ်။

ဒါအပြင် Monte Kaliဒေသ တဝိုက်မှာရှိ တဲ့ မြေလွှာဟာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအော င်မြင်လေ့မရှိပဲ ဆားငန်ဓာတ်ကို ခံနိုင်တဲ့ Halophyte လို အပင် မျိုးတွေပဲ ပေါက်ရော က်ရှင်သန်နိုင်ပါတယ်။ ဒါအပြင် ဒီဒေသရဲ့ အနီးစပ်ဆုံးမှာတည်ရှိတဲ့ Werra မြစ်ပါ မူလက ရေချိုသယံဇာတကို ထုတ်လုပ်ပေးနို င်ခဲ့ပေမယ့် ယခုအခါမှာတော့ ညစ်နွမ်း ပျက်စီးနေရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.