လူသိနည်းလှတဲ့ မြန်မာပြည်က ဒူးရင်းသီး ရာဇဝင်

Posted on

ဟို……တစ်ချိန်တစ်ခါတုန်း ကတော့ ဒူးရင်းသီးဆိုတာ လူတိုင်းစားခွင့်မရှိတဲ့ အသီးတစ်မျိုး။ တော်ဝင်မျိုးနွယ်တွေသာ စားသုံးခွင့်ရှိတဲ့ အသီးတစ်မျိုး။ ဒူးရင်းသီးတွေကို သာမာန်ပြည်သူတွေ စားခွင့်မရှိ၊ စိုက်ခွင့်မရှိ၊ နန်းတွင်းက မင်းမျိုးမင်းနွယ်တွေလည်း ဒူးရင်းသီးကို စားပြီးတဲ့အခါတိုင်း ဒူးရင်းစေ့တွေကို တာဝန်ရှိသူတွေက သေချာရေတွက်၊ အပင်မပြန့်ပွားနိုင် အောင်အစဉ်ဆက် ဖျက်စီးပစ်ခဲ့ကြတယ်။

ဒါဟာလည်း မရိုးတော့တဲ့ နန်းတွင်း အစဉ်အလာ တစ်ခုပါပဲ ။ဒီလိုနဲ့ပဲ ဒူးရင်းသီးတွေဟာ နန်းတွင်းထဲမှာပဲ တော်ဝင်အစားစာတစ်ခုအဖြစ်နဲ့ အစဉ်ဆက် လည်ပတ်နေခဲ့ပါတယ်။ အင်းဝခေတ်။ မဟာဓမ္မရာဇာဓိတိ။ ဟံသာဝတီ မင်းတရားကြီး လက်ထက်ခန့်။ ကရင်အမျိုးသားတစ်ဦး ဖြစ်တဲ့ စောတာမိုက်ဟာ ငယ်ရွယ်စဉ်ကပဲ ရှင်သာမဏေပြုခဲ့ပြီး သက်တော် ၂၀ လောက်ရောက်တဲ့အခါ သာသနာ့အကျိုးကိုသယ်ပိုးရန် အတွက် အင်းဝနေပြည်တော်ကို တက်ပြီး ရဟန်းဖြစ်ရန် ကြိုးပမ်းခဲ့ပါတယ်။

အင်းဝဘုရင် နှင့် မိဖုရားကိုယ်တိုင် ရဟန်းဒါယိကာမအဖြစ်ခံယူကာမြင့်မြတ်သော ရဟန်းဘဝခံယူ ရရှိခဲ့ပါတယ်။ ဘွဲ့အမည်က ရှင်နန္ဒမာလာ။ ဆက်ပြီးတော့ အင်းဝနေပြည်တော်မှာပဲ ပိဋိကတ်စာပေတွေကိုစတင် သင်ကြားပါတော့တယ်။

စာပေတွေကို သင်ကြားနေစဉ်အတွင်း တစ်ရက်မှာ နန်တော်ထဲ သံဃာတွေကို ဆွမ်းကပ်ကြပါတယ်။ ဆွမ်းကပ်ပြီးတဲ့အခါ အချိုပွဲအနေနဲ့ တော်ဝင်အစား အစာဖြစ်တဲ့ ဒူးရင်းသီးကို ဆပ်ကပ်ကြပါတယ်။ သံဃာတော်များ ဘုန်းပြီးသောအခါ ထုံးစံအတိုင်းပဲ ဒူးရင်းအစေ့တွေ ကိုပြန်လည် သိမ်းဆည်းယူပါတယ်။ ထူးထူးခြားခြား ရှင်နန္ဒမာလာ ခေါ် ဖူ့တာမိုက် စားတဲ့ ဒူးရင်းအမွာမှာ အစေ့က ၂ စေ့ထပ်နေ ခဲ့ပါတယ်။

ဖူ့တာမိုက်လည်း အခွင့်ကောင်းဆိုပြီ အဆိုပါ အစေ့တစ်စေ့ ကို ဝှက်ထားခဲ့လိုက်ပါတယ်။ ဒါကို မင်းမှုထမ်းတွေကတော့ သတိမပြုမိလိုက်ပါ။ လအနည်းငယ်ကြာတော့ ဖူ့တာမိုက် ကရင်ပြည်နယ် ကို အလည်ပြန်တဲ့အခါ ဒီလိုအရသာရှိတဲ့ ဒူးရင်းသီးတွေကို ငါ့တို့ လူမျိုးတွေလည်း စားသုံးနိုင် စေရမယ် ဆိုပြီ ဝှက်ယူထားတဲ့ ဒူးရင်းသီးမျိုးစေ့ကို လောင်းကိုင်ကျေးရွာနားက ဖါးကျ တောင်တန်းပေါ်မှာ စတင်စိုက်ပျိုးပေးခဲ့ပါတယ်။

အဲ့ဒီအချိန်က စပြီး အနီးအနားရွိ သမိန်ဒို့တောင် စတဲ့ တောင်တန်းပေါ် မှာပါ ဒူးရင်းပင်တွေ တိုးပွါးခဲ့ပါတယ်။နောက်တစ်ချိန် အင်းဝဘုရင် ယိုးဒယာကိုစစ်ချီတဲ့အခါ ဒေါနတောင်တန်းတွေပေါ်မှာ အေလ့က် ပွားပြီးပေါက် နေတဲ့ ဒူးရင်းပင်တွေကိုတွေ့သွားပြီး ခုတ်သတ်စေ ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရမ်းများပြားနေတဲ့ ဒူးရင်းပင်တွေကို စစ်အလုပ်တစ်ဖက်နဲ့ ဘယ်လိုမှ ကုန်စဉ်အောင်မရှင်းလင်း နိုင်ခဲ့ပဲ ဒူးရင်ပင်တွေဟာ ပြည်သူလူထုတွေကြားထဲကို ပြန့်ပွားသထက်ပြန့်ပွားလာခဲ့ရပါတယ်။

ကရင်လူမျိုးတွေအနေနဲ့ ကေတာ့ ဖူ့တာမိုက်ကို သူတို့ရဲ့သာသာနာ့ကျေးဇူးရှင် အဖြစ်နဲ့သာမက ဒူးရင်းသီးတွေရဲ့ ဖခင်အဖြစ်နဲ့ နှစ်စဉ် ဒူးရင်းသီးရာသီ ရောက်တိုင်း ဒူးရင်းသီးပွဲတော်ကို ကျင်ပပြုလုပ် ကြပါတယ်။

မူ့တာမိုက်ဟာ အင်းဝတွင် ပိဋကတ်စာပေများကို သင်ယူတတ်မြောက်ခဲ့ပြီး ကရင်ဒေသသို့ ပြန်လည် ကြွရောက်လာကာ ဘားအံမြို့နယ် ကော့သံခါရွာ၌ အခြေချသီတင်းသုံးခဲ့၏။နောက်ပိုင်း ကရင်အမျိုးသားတွေကြား အငြင်းအခုန်တွေဖြစ်ခဲ့ကြပြီး ခလိုင်(ဂျိုင်း) ကျေးရွာသို့ ပြောင်းရွေ့အခြေချခဲ့ပါတယ်။ဆရာတော်ဟာ ခလိုင်(ဂျိုင်း) ကျောင်းတွင် သီတင်းသုံးပြီး ပိဋကတ်စာပေများကို သင်ကြားပို့ချပေးသည့်အပြင် အရှေ့ပိုးကရင်တို့၏ လိက်ထူ့လီ (ကရင်အမတ် ဖူ့ဒိုင်ကော် တီထွင်ခဲ့သောစာပေ) ကို ပြန်လည်ဖော်ထုတ်၍ သင်ကြားပြပေးခဲ့ပါတယ်။

နောက်ပိုင်းတွင် ပိုးကရင်ပေစာ ပညာရှင်များ ရဟန်းတော်များစွာ ပေါ်ပေါက်လာပြီး ပိုးကရင်ပေစာခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည်။

(-စာကြွင်း)

ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ၊ကေမာ့ကသူ၊ စက္ကဝက် အစရှိတဲ့ရွာတွေ ဟာဒူးရင်းသီးထွက်ရာမှာ နာမည်ကြီး ကျေးရွာတွေပါပဲ။ ဒူးရင်းသီးချင်းတူပေမဲ့ ရေခံမြေခံ၊ အပင်ရဲ့သက်တမ်းအနုအရင့် နဲ့သဘာဝအတိုင်း စိုက်ပျိုးမှု ဟုတ်မဟုတ်ပေါ်မူတည်ပြီး လောင်းကိုင် ကျေးရွာရဲ့ဒူးရင်းသီးအရသာက တခြာသော အသီးတွေထက် ပိုမိုထူးကဲလှပါတယ်။

လောင်းကိုင်ရွာဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကေန ဘားအံမြို့ကိုအဆင်း ကားလမ်းမကြီးဘေးနားက ကိုးတိုင်ရွာလမ်းခွဲကနေ ခရီးအနည်းငယ် ဆက်သွားရတဲ့ ကျေးရွာတစ်ရွာပါ။ ဒီနေ့အနေအထားမှာတော့ အဆိုပါတောင်တန်းတွေပေါ်မှာ ဒူးရင်းခြံတွေ ပိုင်ရှင်အသီးသီး ရှိနေကြပေမဲ့ ပိုင်ရှင်မရှိတဲ့ သက်တမ်းရင့် (နှစ် ၂၀၀ နဲ့အထက်) ဒူးရင်းတောကြီးတစ်တောလည်း ရှိနေပြန်ပါတယ်။

ဒူးရင်းပင်ခြေ ရင်းရဲ့လုံးပတ်တွေဟာ တချို့အပင်ဆိုရင် လူ( ၃ )ယောက်ဖက်စာ၊ ( ၄ ) ယောက် ဖက်စာလောက်ရှိပါတယ်။ အဲ့ဒီသက်တမ်းရင့်အပင် တွေဟာ ဖူ့တာမိက်မျိုးစေ့ ချစိုက်ပျိုးခဲ့တဲ့အပင်နဲ့နောက်ဆက်ပွားလာတဲ့ ကနဦး အပင်တွေဖြစ်ပါတယ်။

အဆိုပါ သက်တမ်းရင့်ဒူးရင်းပင်တွေဟာ မည်သူတစ်ဦးတယောက်မှ ပိုင်ဆိုင်ခြင်းမပြုဘဲ ဒူးရင်းသီးကြွေကျတဲ့အချိန်မှာ နီးအနားရွာသားတွေ မည်သူမဆိုသွားရောက်ကောက်ယူနိုင်ပြီး စားသုံးခြင်း၊ လှူဒါန်းခြင်း၊ တဆင့်ခံ ပြန်လည် ပေးကမ်းခြင်းများ ပြုလုပ်နိုင်ပြီး စီးပွါးဖြစ် တဆင့်ခံ ပြန်လည်ရောင်းချခြင်း မပြုလုပ်ရဘူးလို့ဆိုပါတယ်။ ကတိသစ္စာတည်ကြည်သော အနီးနားရွာသူ/သားများလည်း အဆိုပါ ဒူးရင်းသီးတွေကို ရှေးရိုးအစဉ်အလာအတိုင်း လိုက်နာကြပါတယ်။

ဒူးရင်းသီးကို အချို့ကလဲ စူးရှသောအနံကြောင့် မကြိုက်သောသူတွေလည်း ရှိကြပါသည်။ သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။

ဒူးရင်းသီး၏ ထူးခြားသောအရသာ ကြောင့် အရှေ့ တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းကို “အသီးမှာဘုရင်” လို့ တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။ ဒူးရင်းသီးကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒူးရင်းသီးမှာလည်း ကောင်းတဲ့ အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကြိုက်တဲ့သူတွေအတွက်ကတော့ ကောင်းတဲ့အချက်တွေကို ပိုများနေမှာဖြစ်ပြီး မကြိုက်တဲ့သူတွေအတွက်ကတော့ မကောင်းတဲ့ အချက်တွေကိုပိုမြင်နေမှာပါ။ဒါဟာလည်း သဘာဝတစ်ခုပါ။

ဘာပဲ ဖြစ်ဖြစ်ပါ ဗဟုသုတ တစ်ခုအနေနဲ့ ဒူးရင်းသီးရဲ့ ပါးစပ်ရာဇဝင်လေးကို ကြားဖူးမိသလောက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ။

Zawgyi Version

ဟို……တစ္ခ်ိန္တစ္ခါတုန္း ကေတာ့ ဒူးရင္းသီးဆိုတာ လူတိုင္းစားခြင့္မရွိတဲ့ အသီးတစ္မ်ိဳး။ ေတာ္ဝင္မ်ိဳးႏြယ္ေတြသာ စားသုံးခြင့္ရွိတဲ့ အသီးတစ္မ်ိဳး။ ဒူးရင္းသီးေတြကို သာမာန္ျပည္သူေတြ စားခြင့္မရွိ၊ စိုက္ခြင့္မရွိ၊ နန္းတြင္းက မင္းမ်ိဳးမင္းႏြယ္ေတြလည္း ဒူးရင္းသီးကို စားၿပီးတဲ့အခါတိုင္း ဒူးရင္းေစ့ေတြကို တာဝန္ရွိသူေတြက ေသခ်ာေရတြက္၊ အပင္မျပန႔္ပြားနိုင္ ေအာင္အစဥ္ဆက္ ဖ်က္စီးပစ္ခဲ့ၾကတယ္။

ဒါဟာလည္း မရိုးေတာ့တဲ့ နန္းတြင္း အစဥ္အလာ တစ္ခုပါပဲ ။ဒီလိုနဲ႕ပဲ ဒူးရင္းသီးေတြဟာ နန္းတြင္းထဲမွာပဲ ေတာ္ဝင္အစားစာတစ္ခုအျဖစ္နဲ႕ အစဥ္ဆက္ လည္ပတ္ေနခဲ့ပါတယ္။ အင္းဝေခတ္။ မဟာဓမၼရာဇာဓိတိ။ ဟံသာဝတီ မင္းတရားႀကီး လက္ထက္ခန႔္။ ကရင္အမ်ိဳးသားတစ္ဦး ျဖစ္တဲ့ ေစာတာမိုက္ဟာ ငယ္႐ြယ္စဥ္ကပဲ ရွင္သာမေဏျပဳခဲ့ၿပီး သက္ေတာ္ ၂၀ ေလာက္ေရာက္တဲ့အခါ သာသနာ့အက်ိဳးကိုသယ္ပိုးရန္ အတြက္ အင္းဝေနျပည္ေတာ္ကို တက္ၿပီး ရဟန္းျဖစ္ရန္ ႀကိဳးပမ္းခဲ့ပါတယ္။

အင္းဝဘုရင္ ႏွင့္ မိဖုရားကိုယ္တိုင္ ရဟန္းဒါယိကာမအျဖစ္ခံယူကာျမင့္ျမတ္ေသာ ရဟန္းဘဝခံယူ ရရွိခဲ့ပါတယ္။ ဘြဲ႕အမည္က ရွင္နႏၵမာလာ။ ဆက္ၿပီးေတာ့ အင္းဝေနျပည္ေတာ္မွာပဲ ပိဋိကတ္စာေပေတြကိုစတင္ သင္ၾကားပါေတာ့တယ္။

စာေပေတြကို သင္ၾကားေနစဥ္အတြင္း တစ္ရက္မွာ နန္ေတာ္ထဲ သံဃာေတြကို ဆြမ္းကပ္ၾကပါတယ္။ ဆြမ္းကပ္ၿပီးတဲ့အခါ အခ်ိဳပြဲအေနနဲ႕ ေတာ္ဝင္အစား အစာျဖစ္တဲ့ ဒူးရင္းသီးကို ဆပ္ကပ္ၾကပါတယ္။ သံဃာေတာ္မ်ား ဘုန္းၿပီးေသာအခါ ထုံးစံအတိုင္းပဲ ဒူးရင္းအေစ့ေတြ ကိုျပန္လည္ သိမ္းဆည္းယူပါတယ္။ ထူးထူးျခားျခား ရွင္နႏၵမာလာ ေခၚ ဖူ႕တာမိုက္ စားတဲ့ ဒူးရင္းအမြာမွာ အေစ့က ၂ ေစ့ထပ္ေန ခဲ့ပါတယ္။

ဖူ႕တာမိုက္လည္း အခြင့္ေကာင္းဆိုၿပီ အဆိုပါ အေစ့တစ္ေစ့ ကို ဝွက္ထားခဲ့လိုက္ပါတယ္။ ဒါကို မင္းမႈထမ္းေတြကေတာ့ သတိမျပဳမိလိုက္ပါ။ လအနည္းငယ္ၾကာေတာ့ ဖူ႕တာမိုက္ ကရင္ျပည္နယ္ ကို အလည္ျပန္တဲ့အခါ ဒီလိုအရသာရွိတဲ့ ဒူးရင္းသီးေတြကို ငါ့တို႔ လူမ်ိဳးေတြလည္း စားသုံးနိုင္ ေစရမယ္ ဆိုၿပီ ဝွက္ယူထားတဲ့ ဒူးရင္းသီးမ်ိဳးေစ့ကို ေလာင္းကိုင္ေက်း႐ြာနားက ဖါးက် ေတာင္တန္းေပၚမွာ စတင္စိုက္ပ်ိဳးေပးခဲ့ပါတယ္။

အဲ့ဒီအခ်ိန္က စၿပီး အနီးအနား႐ြိ သမိန္ဒို႔ေတာင္ စတဲ့ ေတာင္တန္းေပၚ မွာပါ ဒူးရင္းပင္ေတြ တိုးပြါးခဲ့ပါတယ္။ေနာက္တစ္ခ်ိန္ အင္းဝဘုရင္ ယိုးဒယာကိုစစ္ခ်ီတဲ့အခါ ေဒါနေတာင္တန္းေတြေပၚမွာ ေအလ့က္ ပြားၿပီးေပါက္ ေနတဲ့ ဒူးရင္းပင္ေတြကိုေတြ႕သြားၿပီး ခုတ္သတ္ေစ ခဲ့ပါတယ္။ ဒါေပမယ့္လည္း အရမ္းမ်ားျပားေနတဲ့ ဒူးရင္းပင္ေတြကို စစ္အလုပ္တစ္ဖက္နဲ႕ ဘယ္လိုမွ ကုန္စဥ္ေအာင္မရွင္းလင္း နိုင္ခဲ့ပဲ ဒူးရင္ပင္ေတြဟာ ျပည္သူလူထုေတြၾကားထဲကို ျပန႔္ပြားသထက္ျပန႔္ပြားလာခဲ့ရပါတယ္။

ကရင္လူမ်ိဳးေတြအေနနဲ႕ ေကတာ့ ဖူ႕တာမိုက္ကို သူတို႔ရဲ႕သာသာနာ့ေက်းဇူးရွင္ အျဖစ္နဲ႕သာမက ဒူးရင္းသီးေတြရဲ႕ ဖခင္အျဖစ္နဲ႕ ႏွစ္စဥ္ ဒူးရင္းသီးရာသီ ေရာက္တိုင္း ဒူးရင္းသီးပြဲေတာ္ကို က်င္ပျပဳလုပ္ ၾကပါတယ္။

မူ႕တာမိုက္ဟာ အင္းဝတြင္ ပိဋကတ္စာေပမ်ားကို သင္ယူတတ္ေျမာက္ခဲ့ၿပီး ကရင္ေဒသသို႔ ျပန္လည္ ႂကြေရာက္လာကာ ဘားအံၿမိဳ႕နယ္ ေကာ့သံခါ႐ြာ၌ အေျခခ်သီတင္းသုံးခဲ့၏။ေနာက္ပိုင္း ကရင္အမ်ိဳးသားေတြၾကား အျငင္းအခုန္ေတြျဖစ္ခဲ့ၾကၿပီး ခလိုင္(ဂ်ိဳင္း) ေက်း႐ြာသို႔ ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ဆရာေတာ္ဟာ ခလိုင္(ဂ်ိဳင္း) ေက်ာင္းတြင္ သီတင္းသုံးၿပီး ပိဋကတ္စာေပမ်ားကို သင္ၾကားပို႔ခ်ေပးသည့္အျပင္ အေရွ႕ပိုးကရင္တို႔၏ လိက္ထူ႕လီ (ကရင္အမတ္ ဖူ႕ဒိုင္ေကာ္ တီထြင္ခဲ့ေသာစာေပ) ကို ျပန္လည္ေဖာ္ထုတ္၍ သင္ၾကားျပေပးခဲ့ပါတယ္။

ေနာက္ပိုင္းတြင္ ပိုးကရင္ေပစာ ပညာရွင္မ်ား ရဟန္းေတာ္မ်ားစြာ ေပၚေပါက္လာၿပီး ပိုးကရင္ေပစာေခတ္တစ္ေခတ္ကို ထူေထာင္နိုင္ခဲ့သည္။

(-စာႂကြင္း)

ၾကာအင္း၊ ေလာင္းကိုင္၊ ဖားက် ၊ေကမာ့ကသူ၊ စကၠဝက္ အစရွိတဲ့႐ြာေတြ ဟာဒူးရင္းသီးထြက္ရာမွာ နာမည္ႀကီး ေက်း႐ြာေတြပါပဲ။ ဒူးရင္းသီးခ်င္းတူေပမဲ့ ေရခံေျမခံ၊ အပင္ရဲ႕သက္တမ္းအႏုအရင့္ နဲ႕သဘာ၀အတိုင္း စိုက္ပ်ိဳးမႈ ဟုတ္မဟုတ္ေပၚမူတည္ၿပီး ေလာင္းကိုင္ ေက်း႐ြာရဲ႕ဒူးရင္းသီးအရသာက တျခာေသာ အသီးေတြထက္ ပိုမိုထူးကဲလွပါတယ္။

ေလာင္းကိုင္႐ြာဟာ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ ေကန ဘားအံၿမိဳ႕ကိုအဆင္း ကားလမ္းမႀကီးေဘးနားက ကိုးတိုင္႐ြာလမ္းခြဲကေန ခရီးအနည္းငယ္ ဆက္သြားရတဲ့ ေက်း႐ြာတစ္႐ြာပါ။ ဒီေန႕အေနအထားမွာေတာ့ အဆိုပါေတာင္တန္းေတြေပၚမွာ ဒူးရင္းၿခံေတြ ပိုင္ရွင္အသီးသီး ရွိေနၾကေပမဲ့ ပိုင္ရွင္မရွိတဲ့ သက္တမ္းရင့္ (ႏွစ္ ၂၀၀ နဲ႕အထက္) ဒူးရင္းေတာႀကီးတစ္ေတာလည္း ရွိေနျပန္ပါတယ္။

ဒူးရင္းပင္ေျခ ရင္းရဲ႕လုံးပတ္ေတြဟာ တခ်ိဳ႕အပင္ဆိုရင္ လူ( ၃ )ေယာက္ဖက္စာ၊ ( ၄ ) ေယာက္ ဖက္စာေလာက္ရွိပါတယ္။ အဲ့ဒီသက္တမ္းရင့္အပင္ ေတြဟာ ဖူ႕တာမိက္မ်ိဳးေစ့ ခ်စိဳက္ပ်ိဳးခဲ့တဲ့အပင္နဲ႕ေနာက္ဆက္ပြားလာတဲ့ ကနဦး အပင္ေတြျဖစ္ပါတယ္။

အဆိုပါ သက္တမ္းရင့္ဒူးရင္းပင္ေတြဟာ မည္သူတစ္ဦးတေယာက္မွ ပိုင္ဆိုင္ျခင္းမျပဳဘဲ ဒူးရင္းသီးေႂကြက်တဲ့အခ်ိန္မွာ နီးအနား႐ြာသားေတြ မည္သူမဆိုသြားေရာက္ေကာက္ယူနိုင္ၿပီး စားသုံးျခင္း၊ လႉဒါန္းျခင္း၊ တဆင့္ခံ ျပန္လည္ ေပးကမ္းျခင္းမ်ား ျပဳလုပ္နိုင္ၿပီး စီးပြါးျဖစ္ တဆင့္ခံ ျပန္လည္ေရာင္းခ်ျခင္း မျပဳလုပ္ရဘူးလို႔ဆိုပါတယ္။ ကတိသစၥာတည္ၾကည္ေသာ အနီးနား႐ြာသူ/သားမ်ားလည္း အဆိုပါ ဒူးရင္းသီးေတြကို ေရွးရိုးအစဥ္အလာအတိုင္း လိုက္နာၾကပါတယ္။

ဒူးရင္းသီးကို အခ်ိဳ႕ကလဲ စူးရွေသာအနံေၾကာင့္ မႀကိဳက္ေသာသူေတြလည္း ရွိၾကပါသည္။ သို႔ေသာ္ ျမည္းစမ္းၾကည့္လိုက္မွ၊ ႏူးညံ့ခ်ိဳေမႊး အီဆိမ့္ၿပီး အရသာေကာင္းမွန္း သိသြား၍ စြဲလန္း သြားၾကပါသည္။

ဒူးရင္းသီး၏ ထူးျခားေသာအရသာ ေၾကာင့္ အေရွ႕ ေတာင္အာရွနိုင္ငံေတြမွာ ဒူးရင္းကို “အသီးမွာဘုရင္” လို႔ ေတာင္ တင္စားေခၚေဝၚၾကပါေသးတယ္။ ဒူးရင္းသီးကို ႀကိဳက္တဲ့သူေတြ ရွိသလို မႀကိဳက္တဲ့သူေတြလည္း ရွိၾကပါတယ္။ ဒူးရင္းသီးမွာလည္း ေကာင္းတဲ့ အခ်က္ေတြရွိသလို မေကာင္းတဲ့အခ်က္ေတြလည္း ရွိပါေသးတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ပါ ႀကိဳက္တဲ့သူေတြအတြက္ကေတာ့ ေကာင္းတဲ့အခ်က္ေတြကို ပိုမ်ားေနမွာျဖစ္ၿပီး မႀကိဳက္တဲ့သူေတြအတြက္ကေတာ့ မေကာင္းတဲ့ အခ်က္ေတြကိုပိုျမင္ေနမွာပါ။ဒါဟာလည္း သဘာဝတစ္ခုပါ။

ဘာပဲ ျဖစ္ျဖစ္ပါ ဗဟုသုတ တစ္ခုအေနနဲ႕ ဒူးရင္းသီးရဲ႕ ပါးစပ္ရာဇဝင္ေလးကို ၾကားဖူးမိသေလာက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ ။

Credit. .. Crayron_Myanmar ေရွးေခတ္က ဒူးရင္းသီးေရာင္းေနသည့္ျမန္မာ အမ်ိဳးသမီးႏွစ္ဦးပုံအားတင္ေပးလိုက္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *