လူ့တွေနဲ့ အနီးဆုံးမှာ ရှိနေတတ်ပီး လူသိနည်းသော သရဲ အမျိုးအစား ၁၀ မျိုး

Posted on

ကျနော်တို့ အခုခေတ် မှာ သရဲဝိညာဉ် တွေက popular culture တစ်ရ ပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ် ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအြေ ကာင်း၊ ဝိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “ Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။

ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာ၀ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။

တချို့ သဘာဝ လွန် နာနာ ဘာ၀ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချား စရာ ကောင်းမှု ကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူ သိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာ၀ ၁၀ မျိုးကို ဖတ်ကြည့်ပါဦး။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။

Crowded Demon

Crowded Demon

သရဲတွေ က လူပြတ်တဲ့ နေရာမှာ ပိုပြီး ခြောက်လှန့်လေ့ ရှိတာမို့လို့ လူအု ပ်ထဲက မိစ္ဆာတွေဟာ ထူးခြားဖြစ်စဉ် တစ်ခုပါ။ ဒီ မိစ္ဆာတွေက တစ် နေရာ ထဲမှာ များစွာ ထွက်ပေါ်လာ စေခြင်းဖြင့် သူတို့ အကြောင်း ပြောကြတဲ့၊ လာကြည့် ကြတဲ့ လူစုလူဝေး ဖြစ်အောင် လှုံဆော် ပေးပါ တယ်။ ဘာလို့ သူတို့က လူတွေ လာစေချင်၊ သိစေချင် နေတာလဲ ဆိုတာ ကတော့ ရေရာတဲ့ အဖြေ မရှိသေး ပါဘူး။ သီအိုရီ တွေက တော့ အဲ့ဒီ နေရာ ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှတ် တာမို့၊ လူတွေ ဓါတ်ပုံ ဆရာတွေ စိတ်ဝင်စား အောင်လို့ စသည်ဖြင့် အမျိုးမျိုး တွေးတော ယူဆနေ ကြပါတယ်။

နေရာ တစ်ခုမှာ သာမန် နာနာ ဘာ၀ တွေက ဖလင် တွေထဲမှာ တစ်ခါ လောက်ပဲ ပါလာပေမဲ့ ဒီ crowd demon တွေက နှစ် ကောင်၊ သုံးကောင် လောက် ခနခန ပေါ်လာ တတ်ပါတယ်။ ဒီလိုဖလင် တွေမှာ ပါလာ ရင်လဲ သူတို့က ပုံစံတွေ အမျိုးမျိုး ပြောင်းနေ ပါသေး တယ်။ တစ်ခါ တစ်လေ လူသာမန် မျက်စိနဲ့ တောင် မမှတ်မိ နိုင်အောင် ပြောင်းလဲ သွားတာပါ။

ဓါတ်ပုံ တစ်ခု မှာတော့ လူ တစ်ယောက်ကို ကိုက်တော့ မလို လုပ်နေတဲ့ မြွေသဏ္ဍန် အသွင်ကို မြင်ရပြီး အဲ့ဒီ ဓါတ်ပုံရဲ့ နောက် တစ်နေရာ မှာတော့ ပွဲကြည့်နေတဲ့ သက်ရှိ လူတွေ ကြား ကွဲပြားနေတဲ့ လူသဏ္ဍန်၊ အရိပ်မည်းမည်း ကိုလဲ မြင်တွေ့ရ ပါတယ်။ ဒီပုံရဲ့ နောက် တစ်နေရာ မှာပဲ ကင်မရာကို ပြန်လှည့် ကြည့်နေတဲ့ မျက်နှာ သဏ္ဍာန်တစ်ခု ကိုလဲ မြင်နိုင်ပါ သေးတယ်။ လူတွေကြားထဲ ပေါ်လာရ ခြင်းဟာ သူတို့ အနေနဲ့ လူတွေရဲ့ ဂရုစိုက်မှုကို လိုချင်တာ မျိုးလဲ ဖြစ်နိုင် ပါသလား။

တိရစ္ဆာန် တစ္ဆေ္ဆများ

တိရစ္ဆာန် တစ္ဆေ္ဆများ

တိရစ္ဆာန် တွေ ဟာ အသက်ရှိ စဉ်က မိသားစု အချစ်တော် လေးတွေ ဖြစ်နေပေမဲ့ သေသွား ရင်တော့ လျစ်လျူခြင်း ခံလိုက် ရပါတယ်။ သရဲ လိုက် ကျွမ်းကျင် သူတွေရဲ့ အဆို အရ သူတို့ ကလေး တွေကို တွေ့ရ ပေမဲ့လို့ ဘယ်သူမှ အရေးလုပ် မနေကြပါဘူး လို့ ဆိုပါတယ်။ သူတို့ကို တွေ့ရတဲ့ ဖြစ်စဉ် အများ အပြား ရှိ ပေမဲ့လို့ လူတွေက ကျော်လွား သွားနေ ကြပါတယ်။ 1800 ခုနစ် အစောပိုင်းက John William Bell မိ သားစုရဲ့ စုန်းလိုက် တိုက်ပွဲမှာ ငှက်သရဲ တွေ ပျောက်ကွယ် သွားတဲ့ ခွေးတွေ အကြောင်း မှတ်တမ်း ပြုထား ပါတယ်။

ဒီမှတ်တမ်း အရ ပြောမယ် ဆိုရင် တိရ စ္ဆာန် သရဲ လေးတွေ ဟာ သရဲကြီး တွေရဲ့ အဆင် တန်ဆာ တစ်ခု လောက် ပါပဲ။ တိရစ္ဆာန် သရဲတွေက သူတို့ ရှိကြောင်း ပြတဲ့ အခါ အနံ့ တွေ အသံတွေ သာမက ပုံရိပ်တွေ အဖြစ်လဲ ထွက်ပေါ် လာတတ် ပါတယ်။ ဒါကြောင့် အခြောက်ခံ ရသူတွေ ဟာ မမြင်နိုင်တဲ့ တိရစ္ဆာန် တွေရဲ့ ပျော်ရွှင်သံ ညည်းသံ တွေ နံရံနဲ့ တံခါးကို ကုတ်ခြစ် သံတွေကို ကြားရ ပါတယ်။

Vortex

Vortex

vortex တွေက သာမန် လူတွေ မသိနိုင် နားမလည် နိုင်တဲ့ သဘာ၀ လွန် ဖြစ်ရပ်ဆန်း တစ်မျိုးပါ။ သူ့ကို မျက်လုံး နဲ့ မမြင် ရပဲ ရုပ်သေ ဓါတ်ပုံ တွေမှာ ပဲ တွေ့ရလေ့ ရှိပါတယ်။ ဒီ Vortex ဟာ ရှည်လျားတဲ့ ဆေးပြင်း လိပ်လို သံချောင်းလို ပုံစံ ရှိပြီး ဆံချည်မျှ င်လို သွယ်တန်း နေပါတယ်။ သူတို့ဟာ လေပေါ်မှာ အလင်းတန်း လိုပေါ်လာ တတ်ပါတယ်။ အပူချိန် ကို ပြောင်းလဲ စေလို့ သူတို့ ရှိနေတဲ့ အခါ အခန်းဟာ အေးစက်စက် လေထုနဲ့ လွမ်းမိုး သွားပါတယ်။

ဒီဟာတွေကို သာမန် orbs ရေငွေ့ စက်လေး တွေနဲ့ မှားနိုင် ပါသေးတယ်။ နှစ်ခုလုံးက လေထု ထဲမှာ ပေါ်လာ တာ မို့လို့ပါ။ ဒါပေမဲ့ vortex က အလုံ ပိတ်ထား တဲ့ အခန်းထဲမှာ တောင်ဖြစ်ပေါ် တာပါ။ သူတို့ကို အိမ်တွေ ထဲမှာ ပဲတွေ့ရလေ့ ရှိတာမို့ အရင် ပိုင်ရှင်တွေ များလားလို့ တွေးစရာပါ။ နောက် တစ်ခုက တခြား ဝိညာဉ် တွေကို သယ်ဆောင် လာပြီး ကွဲပြားတဲ့ လောက နှစ်ခု ကို ဆက်စပ် ပေးသူ တွေလဲ ဖြစ်နိုင် ပါသေးတယ်။

Inanimate Ghosts

Inanimate Ghosts

တစ္ဆေ သဘောၤ လို့ ခေါ်တဲ့ the Flying Dutchman ဟာ သက်မဲ့ တစ္ဆေတွေ ရဲ့ အကြောင်းပါပဲ။ ဒီ သဘောင်္ဟာ ၁၇ ရာစုမှာ ပင်လယ်ပျော် တွေကို ထိတ်လန့် ခြောက်ချား စေခဲ့ပါတယ်။ ဒါကို သဘောၤ သား တော်တော် များများရဲ့ ယုံတမ်း စကားလို ကျော်ကြား ခဲ့ပြီး နောက်ပိုင်းမှာ လူတွေက မေ့ပျောက် သွားခဲ့ ပါတယ်။ ဒီ သက်မဲ့ တစ္ဆေတွေက သဘောၤ တင်မက ကား ရထား ဒါမှမဟုတ် မီးအိမ် ငယ်လေး တစ်ခု တောင် ဖြစ်နိုင် ပါသေးတယ်။ ဒီ တစ္ဆေတွေက အချိန် တစ်ခုထဲ မှာ အေးခဲ ကျန်နေခဲ့ပြီး တစ်နေရာ ထဲမှာ ထပ်ခါ တလဲလဲ မြင်တွေ့ နေရ ပါတယ်။

Doppelgänger

Doppelgänger

“Doppelgänger” တွေက တော့ တခြားနဲ့ မတူ တမူထူး ပါတယ်။ ဒီ “Doppelgänger” ဆိုတာ German စကား “double goer” လို့ ခေါ်ပါတယ်။ ဒီ တစ္ဆေမျိုး တွေက တစ်နေရာ ထဲမှာ နှစ်ခု နှစ်ကိုယ်ခွဲ တာမို့ ဒီလို ခေါ်တာ ဖြစ်ပါတယ်။ ကြားဖူး သိဖူး ခဲ့သမျှ ထဲမှာတော့ ဒီလို တစ္ဆေမျိုး အစွမ်းမျိုးက သူတို့ တစ်မျိုးမှာပဲ ရှိတယ် ဆိုပါတယ်။ နောက် ထူးဆန်းတာက ဒီ “Doppelgänger” တစ်စုံ က တစ်ယောက် က အသက်ရှင် နေသူ ဖြစ်နေ တာပါပဲ။ ကိုယ်ပွား တစ္ဆေ ပေါ်တယ်လို့ ပြောရ မှာပေါ့။ ဖြစ်နိုင် တာက ချစ်ခင်ရသူ တစ်ယောက် ကို ရုတ်တရက် တွေ့လိုက်သလို ဖြစ်တတ် တာ မျိုးပါ။

ဖြစ်တတ်တဲ့ တစ်မျိုးက အဲ့ဒီ ရုတ် တရက် တွေ့မိလိုက် သလို ဖြစ်သူဟာ တခြား နေရာမှာ သေလု မျောပါး ဒါမှ မဟုတ် သေဆုံးပြီးစ အချိန် ဖြစ်နေ တတ် ပါတယ်။ တစ်ခါ မှာတော့ အမေရိကန် သမ္မတ လင်ကွန်းဟာ လုပ်ကြံ မခံရမှီ သူ့ ပုံစံတူ Doppelgänger ကို မှန်ထဲမှာ တွေ့ခဲ့ ရတယ် ဆိုပါတယ်။

ကဗျာ ဆရာ Percy Bysshe Shelley ကလဲ သူ့ Doppelgänger ကို အိပ်မက်ထဲ မှာမြင်တွေ့ တယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ သီအိုရီ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ သဘာ၀ လွန်နယ်ပယ် ရဲ့ထုံးစံ အတိုင်း အဖြေ ကတော့ တိတိ ကျကျ မရှိ ပါဘူး။ Doppelgänger တွေဟာ လူတွေရဲ့ ကိုယ်စောင့် နတ် ဒါမှ မဟုတ် အနုစား ရုပ်ခန္ဓာ တစ်မျိုး ဖြစ်ပြီး လူတွေရဲ့ အရေးကြီး တဲ့အချိန်မှာ ထွက်ခွာ သတိပေး တာဖြစ်နိုင် ပါတယ်။

Kobold

Kobold

ဂျာမန် တစ်ယောက် သာမဟုတ် ခဲ့ရင် “Kobold” ဆိုတာ ဘာလဲ သိမှာ မဟုတ်ပါဘူး။ ဒါက နာနာဘဝပါပဲ။ “Kobold” ဆိုတာ မြန်မာလို မှင်စာလို့ ပြောရမလား မသိ။ ပျော်တတ် နောက်တတ် တဲ့ ဝိညာဉ် သေးသေး လေးတွေ ကိုခေါ်တာပါ။ သူတို့ နေရာကို ရောက်လာ သူတွေကို အခြေတကျ နေလို့ မရအောင် နှောင့်တတ် ပါတယ်။ သူတို့ဟာ စိတ်ကောင်း ရှိတဲ့ သူမျိုး ရှိသလို စိတ်ပုပ် သူမျိုး လဲရှိ ပါသတဲ့။ အခြေ အနေ ပေါ်မူတည် တတ်ပါ တယ်။

သူတို့ဟာ တိရစ္ဆာန် အသွင် ဒါမှ မဟုတ် မီးလို အရာဝတ္တု အသွင် ရှိပါတယ်။ တစ်ခါတော့ Gef လို့ခေါ်တဲ့ မြွေပါ သဏ္ဍန် အကောင် လေးက ကျော်ကြား ပါတယ်။ ပုံပြင်က ၁၉၃၁ Dalby မြို့ နားမှာ စပါတယ်။ အဲ့နှစ် September လ တုန်းက Irvings မိသားစု ဟာ သူတို့ရဲ့ လယ်တော အိမ်အနောက် နံရံကို အကောင်လေး တစ်ကောင် ခြစ်နေသံ ကြားပါတယ်။ အဲ့ကနေ တစ်ခါ တစ်ခါ အကောင်သံ လိုလို တစ်ခါ တစ်ခါ ကလေး ငိုသံ လိုလို ကြားရ တတ်တယ် လို့ဆိုပါတယ်။

မကြာခင် မှာပဲ အဲ့အကောင်က သူက gef လို့ခေါ်တဲ့ မြွေပါ တစ်ကောင် လို့ မိတ်ဆက် ပါသတဲ့။ ဒီအကောင်က မြေက မွေးတဲ့ ဝိညာဉ် ပါလို့ သူ့ကို မြင်ရတဲ့ တစ်ဦးတည်း သောသူ ဖြစ်တဲ့ ၁၃နှစ် သမီးလေး Voirrey ကပြောပြ ပါတယ်။ သူမက Gef က ကြွက်ဝါလို အသွင်နဲ့ အမြီး ဖွားဖွား ရှိတယ် ဆိုပါတယ်။ Gef က Irvings မိသားစု နဲ့ ရင်းနှီးပေမဲ့ ဧည့်သည် တွေကို မကြိုက် ပါဘူး။ သူက လူတွေ ကိုပစ္စည်း တွေနဲ့ ပစ်ပေါက်တာ အိမ်နီးချင်း တွေကို လိုက်ချောင်း တာမျိုး တွေလုပ် ပါတယ်။ ဒီကိစ္စကို အဲ့အချိန် တုန်းက မဖြေရှင်း နိုင်ခဲ့ ပါဘူး။

Lemurs

Lemurs

Lemurs တွေရဲ့ မူလ အစက ရောမ တွေဆီ ကပါ။ ဒီသရဲ တွေက ရောမတွေ အတွက် အလွန် အရေးပါ ပါတယ်။ သူတို့ဟာ အမုန်းတွေကို သယ်ဆောင်လို့ လှည့်လည် လျှောက်သွား နေတယ် ဆိုပါတယ်။ အထူးသဖြင့် ရုတ်တရက် သေဆုံးလို့ ကောင်းကောင်း သဂြိုလ်တာ မခံရ သူတွေက lemurs တွေ ဖြစ်လာ ပါတယ်။ နောက် တစ်မျိုးက မိသားစုက သူတို့ သေဆုံးမှု ကနေ အကျိုး တစ်စုံ တစ်ရာ မရခဲ့ရင်လဲ ဖြစ်ပါ တယ်တဲ့။

သူတို့ဟာ ဒေါသ တွေနဲ့ လေလွင့် နေတဲ့ ဝိညာဉ်တွေ ဖြစ်ပါတယ်။ အမှောင်နဲ့ မကောင်း တာတွေ ကို သယ်ဆောင် လာတယ်လို့ ပြောရမှာပါ။ သူတို့ကို ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောက် တရားက ကြီးမား လှပါတယ်။ ဒါကြောင့် ရောမတွေက မေလ ထဲက တစ်ရက်ကို သတ်မှတ်လို့ သူတို့ကို ပွဲလေး လုပ်ပေး ပါတယ်။ ဒါကို Lemuralia လို့ခေါ်ပါတယ်။ အခုတော့ ရောမ ခေတ် ယုံကြည်မှု တွေကို စွန့်ပယ် လိုက်ကြ ပြီမို့ ကျွန်တော် တို့ စိတ်ထဲက နေသူတို့ တစ်ဖြေးဖြေး ပျောက်ကွယ် သွားပါပြီ။

Etheric Revenants

Etheric Revenants

ကျွန်တော် တို့ဟာ သရဲခြောက်တဲ့ နေရာ တွေကို ရောက်တဲ့ အခါ ပျော့ညံ့ အားနည်း သွားတတ် တယ်ဆိုတာ ကိုစာအုပ် တွေမှာ ဖတ်ဖူး မှာပါ။ ဒါက အီသာ အစုအဝေး ကြောင့် ဖြစ်နိုင် ပါတယ်။ ဒီ သရဲ အမျိုး အစားက တွေ့ရဖို့ ခဲယဉ်း ပါတယ်။ သူတို့မှာ သူများကို ဝင်ပူး နိုင်စွမ်း ရှိပြီး သာမန် နာနာ ဘ၀ တွေနဲ့ မတူ ပါဘူး။ သူတို့ ဟာ အရိပ် တစ္ဆေ အမျိုး အစား ပုံစံ မျိုးပါ။ ဒါပေမဲ့ သူတို့မှာ ဝင်ပူးခါနီး လူတစ်ယောက် ရဲ့စွမ်းအင် ကို ထုတ်ပစ် လိုက်ပြီး မှ အထဲကို ဝင်သွားပါတယ်။

victim ရဲ့ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံးကို အသုံးချ တတ်တာမို့ သူတို့ကို အလွန် အန္တရာယ် ကြီးတဲ့ အမျိုး အစားလို့ သတ်မှတ် ထားပါ တယ်။ ဒါကြောင့် သင်တို့ဟာ အမြဲတစေ ရုပ်သံလိုင်း တွေပေါ်မှာ သူတို့ရဲ့ ဖြစ်ရပ် မှန် ကိုမတွေ့နိုင်ပါဘူး။

Residual Historical Haunting

Residual Historical Haunting

အလွန် ရှားပါးတဲ့ အမျိုး အစားပါ။ လူတော်တော် များများ ကြုံဖူး လောက် စရာ မရှိပါဘူး။ သူက အခွေ တစ်ခုကို ထပ်ကာ တလဲလဲ ပြန်ဖွင့် နေတာနဲ့ တူပါတယ်။ ဖြစ်နေကြ အတိုင်း နေရာ တစ်ခုထဲမှာ ထပ်ကာ ထပ်ကာ ဖြစ်နေတာ မျိုးပါ။ ဒီလို သရဲ ခြောက်ခံ ရတဲ့ အခါ ရှေး သမိုင်း ဟာ အဲ့ဒီနေ့ တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း ပြန်ဖြစ်နေ တတ်ပါ တယ်။ အဲ့ဒါနဲ့ ပတ်သက် လို့ ကျော်ကြား ထင်ရှားတဲ့ အဖြစ် ကတော့ “Versailles Time Slip.” လို့ နံမည်ပေး ထားပါတယ်။

၁၉၀၁ ခုနစ် သြဂုတ်လ မှာ Charlotte Anne Moberly နဲ့ Eleanor Jourdain နှစ်ဦးသား Versailles ကို သွားလည် စဉ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ ရုတ်တရက်မှာ သူတို့ နှစ်ယောက် လုံးဟာ 18 ရာစု ပါရီက လူတွေ အကြား ရောက်နေတာ ကို အံသြ စရာတွေ့ လိုက်ရတာပါ။ Moberly ဆိုရင် Marie Antoinette က မြက်ခင်း ပေါ်မှာ ထိုင်လို့ ပုံဆွဲ နေတာ ကိုတောင် တွေ့လိုက် ပါသေး သတဲ့။ အဲ့ဒါဟာ အလျင် အမြန် ပေါ်လာပြီး အလျင် အမြန် ပဲပျောက် သွားပါ တော့တယ်။

Artificial Ghost

Artificial Ghost

artificial ghost ကတော့ ဝိညာဉ် ကမ္ဘာမှာ အရှားပါးဆုံး ကိစ္စပါ။ ဒါက သရဲကို လူတွေက ဖန်တီး တာမျိုးပါ။ သဘော ကတော့ ကလေး တွေဂိမ်း ကစားရင် သူတို့ ကြိုက်တဲ့ ဇာတ်ကောင်နဲ့ ကစား သလို မျိုးပါ။ လူအုပ်စု တစ်စု ဟာ တူတူ စုဝေးကြ သရဲကို ဖန်တီးကြ နံမည်ပေးကြ စကား ပြောကြ စတာတွေ လုပ်ပါတယ်။ ပြီးတဲ့ အခါ သူတို့ရဲ့ စိတ်ဆိုင်ရာ ဝိညာဉ် ဆိုင်ရာ စွမ်းအင်တွေ စုပေါင်း လိုက်ပါ တယ်။ တစ်ခါ တစ်လေ တော့ သရဲခေါ် ကတ်ပြားလို ပစ္စည်း မျိုးတွေ လိုတတ် ပါတယ်။

အဲ့လို မျိုးနဲ့ ခင်ဗျားတို့ ကိုယ်ပိုင် သရဲ တစ်ကောင် ရသွားပါ တော့တယ်။ အခုလို ပြောနေတဲ့ အခါ နောက် နေတာ လို့ထင်ချင် ထင်ပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်ပဲ research တွေနဲ့ စမ်းသပ်မှု တွေ လုပ်ထား ပါတယ်။ တစ်ခုသော research ကတော့ Toronto Society အတွက် Psychical Research ပါ။ Conjuring Up Philip: An Adventure in Psychokineses ဆိုပြီး စာအုပ် ထုပ်ေ၀ ခဲ့ပါတယ်။ အဲ့ဒီမှာ ဖိလစ် သရဲကို ဘယ်လို ပြုလုပ်ခဲ့ သလဲ ဆိုတာ အတိ အကျ ပါပါတယ်။

ရလဒ် ကတော့ အံ့သြ စရာပါ။ သူတို့ဟာ ဖိလစ်ကို ဖန်တီး နိုင်ရုံ သာမက သရဲ အသစ်တွေ နဲ့ ဘယ်လို ဆက်သွယ် မလဲ ဆိုတဲ့ နည်းလမ်း တွေနဲ့ လေထဲမှာ ဘယ်လို ဈန်ကြွ မလဲ ဆိုတာ တွေကိုတောင် တွေ့ရှိခဲ့ ပါတယ်။ Well— that’s what they said. နောက်ပိုင်း မှာ Lilith ကနေဒီ စပိုင် သရဲနဲ့ Sebastian ဆိုတဲ့ အလယ် ခေတ် အဂ္ဂိရတ် ပညာရှင် ကို ဖန်တီးခဲ့ ပါသေးတယ်။

Source;Listverse..Images from www.dailymail.co.uk , ghoststory, listverse,

Leave a Reply

Your email address will not be published. Required fields are marked *