လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ(ရုပ်သံ)

Posted on

ပနားမား တူးမြောင်းရဲ့ မိုင်အနည်းငယ် အကွာအဝေးမှာရှိတဲ့ El Valle de Anton ဆိုတဲ့မြို့ငယ်လေးနားက တောအုပ်တစ်ခုမှာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုရှိပါတယ်။

လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ

အဲဒါကတော့ အဲဒီနေရာက သစ်ပင် အတော်များများရဲ့ ပင်စည်တွေဟာ သာမန်အ ဝိုင်းပုံမဖြစ်ပဲ လေးထောင့်ပုံဖြစ်နေတဲ့ေ တာအုပ်တစ် ခုဖြစ်ပါတယ်။ အဲဒီအနားမှာ El Valle de Anton ဆိုတဲ့ကြီးမားတဲ့မီးတောင်ရှင်တစ်ခုရှိပြီး ဒီမီးတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ဖူးပါတယ်။

လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ
လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ

လေ့ထောင့်ပုံပင်စည်ရှိတဲ့သစ်ပင်ဟာ မီးတောင်ပေါက်ကွဲမှုကဖြစ်လာတဲ့ ချော်ရည်မြေဆီလွှာပေါ်မှာ ပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တာကြောင့် အမြဲနေထိုင်ရဲသူမရှိပဲ လေ့လာတဲ့ သိပ္ပံပညာရှင်တွေနဲ့ ခရီးသွားတွေသာလာ တတ်တဲ့နေရာဖြစ်ပါတယ်။

လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ

ဒီသစ်ပင်တွေဟာ cottonwood မျိုးနွယ်ထဲက ရှားပါးမျိုးနွယ်ဖြစ်ပါတယ်။ ပင်စည်ပုံစံက လေးထောင့်ဖြစ်ရုံမကပါဘူး အတွင်းသားကိုဖြတ်လိုက်လို့ပေါ်လာတဲ့အရစ်အကွင်းတွေကလည်း လေးထောင့်တွေသာဖြစ်ပါတယ်။ ဒါပေမယ့် အပင်တွေကို အပြင်မှာ ဒီအတိုင်းအဝေးက ကြည့်မယ်ဆိုရင်တော့ ပုံမှန်အပင်တွေလိုပဲ ထင်ရမှာဖြစ်ပြီး အနီးကပ်တိုင်းကြည့်မှသာ လေးထောင့်ပုံစံဖြစ်မှန်းသိရမှာပါ။

လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ

ဘာကြောင့် ပင်စည်တွေဟာ လေးထောင့်ဖြစ်နေရသလဲ ဆိုတာကို တိတိကျကျအဖြေမရှာနိုင်ကြသေးပါဘူး။ သေချာတာကတော့ ပင်စည်တွေဒီလို ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ဖြစ်နေတာဟာ ပေါက်ရောက်ရာဒေသနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ သိရပါတယ်။

လေးထောင့်ပုံ ပင်စည် ရှိတဲ့ ထူးထူးဆန်းဆန်းသစ်ပင်များသာ ပေါက်ရာနေရာ

ဖလော်ရီဒါက သဘာဝကျွမ်းကျင်ပညာရှင်တွေဟာ ဒီသစ်ပင်တွေရဲ့ မျိုးစေ့တွေကိုယူပြီး အခြားဒေသမှာစိုက်ကြည့်တဲ့အခါမှာ ပုံမှန်အဝိုင်းပုံတွေသာပေါက်ခဲ့ပါတယ်။ ဒီအပင်တွေကို ဘရာဇီး၊ ကိုလံဘီယာ၊ ကို့စတာရီကာ၊ အီကွေဒေါ၊ ပနားမား၊ ပီရူး၊ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေမှာတွေ့ရတတ်ပေမယ့်အလွန်ရှားပါးပြီး ပနားမားက ဒီနေရာမှာသာ အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *