လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ကတည်း က တီထွင်ခဲ့ဖူးတဲ့ လျှပ်စစ်ကား

Posted on

လျှပ်စစ် ကားတစ် စီးရဲ့အဓိက အားသာ ချက်က စက်သုံးဆီ မလိုတဲ့ ကာ ဖြစ်တဲ့ အတွက် သဘာဝပတ်ဝ န်းကျင်ကို ညစ်ညမ်းေ စမယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝ မရှိတာဘဲ ဖြစ်ပါတယ်။ သင့်အေ နနဲ့ လျှပ်စစ်ကား ကို ဆီဖိုးသက်သာလို့ သဘောကျနိုင် သလို ပတ်ဝန်းကျင်ထိ န်းသိမ်းရေး အနေ နဲ့လည်း လျှပ်စစ် ကားတွေဟာ အကောင်းဆုံး အသုံးဝင်မှာပါ။

၂၀၀၀ ခုနှစ် နောက်ပိုင်း Hybrid စနစ် ခေတ် စားလာမှုနဲ့ အတူ လျှပ်စစ်ကားတွေပါ လူကြိုက်များလာကြပါတယ်။ အများစု ကတော့ အဆိုပါ လူကြိုက်များ လာမှုနဲ့အတူ လျှပ်စစ်ကားတွေ ဟာလည်း ၂၁ ရာစုမှာမှ စတင် ပေါ်ပေါက်လာတယ်လို့ ထင်နေမှာပါ။

တက ယ်တော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ကတည်းက အမေရိကန်မှာ လျှပ်စစ်ကား ထုတ်လုပ်မှု ရှိခဲ့ပါတယ်။ Tommy နဲ့ Peggy မော်ဒယ် အမည်ရှိတဲ့ ကားနှစ်စြီး ဖစ်ပါတယ်။ ဒီမော်ဒယ်တွေကို ထုတ်လုပ်ခဲ့ သူကတော့ ၁၉၆၅ ခုနှစ်မှာ လုပ်ငန်း ရပ်နားသွားတဲ့ အမေရိကန်ရဲ့ စွန့်ဦး ကားကုမ္ပဏီ Studebaker ကပဲ ဖြစ်ပါတယ်။

၁၈၅၂ ခုနှစ်ကတည်းက လူလိုက်ပါနိုင်တဲ့ ယာဉ်တွေ ထုတ်လုပ်ဖို့ ကြိုးစား လာခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး ၁၈၉၇ ခုနှစ်မှာ ကုမ္ပဏီ က ကားတွေ စတင်ရော င်းချနိုင်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မော်ဒယ်တွေ က လျှပ်စစ်နဲ့ သွားတဲ့ကားတွေပါ။ ဓာတ်ဆီ အင်ဂျင်နဲ့ကား တွေကိုတော့ ၁၉၀၄ ခုနှစ်မှာမှ ကုမ္ပဏီက စတင် မိတ်ဆက်နိုင်ခဲ့တာ တွေ့ရပါတယ်။

၁၉၁၂ ခုနှစ်မှာ လျှပ်စစ်မော်တာ နဲ့ အင်ဂျင်ကို စက်နှိုးနိုင်တဲ့စနစ် တီထွင်ေ အာင်မြင်ခဲ့ပါတယ်။ ဓာတ်ဆီကားတွေကတော့ သိတဲ့အတိုင်း စွမ်းဆောင်ရည် ကောင်းလို့ မကြာခင်မှာပဲ လျှပ်စစ်ကားေ တွကို လူတွေက မေ့ထား လိုက်ကြပါတယ်။ ၁၉၁၃ ခုနှစ်မှာ လျှပ်စစ်ကား ထုတ်လုပ်မှုကို Studebaker က ရပ်နားလိုက်ပြီး နောက်ထပ် ၄၂ နှစ်ကြာအောင် ဓာတ်ဆီ အင်ဂျင်နဲ့ကားတွေ ဆက်လက် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ကုမ္ပဏီ ပိတ်သိမ်း သွားခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကုမ္ပဏီကေ တာ့ လျှပ်စစ်ကား ၂ စီးကို ၁၉၀၉ ခုနှစ်မှာ ဈေးကွက်အတွင်း ရောင်းချနိုင်သည် ထိအောင် အချောသတ် ထုတ်လု ပ်နိုင်ခဲ့ပြီး အမေရိကန် ကွန်ကရ က်ကို ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ ရောင်းချခဲ့တာ တွေ့ရပါတယ်။ အစိုးရက လည်း အဆိုပါ လျှပ်စစ်ကားေ တွကို ဝယ်လိုက်ပြီး ဓာတ်ငွေ့ထု တ်လွှတ်မှု မရှိတာေ ကြာင့် အဆိုပါ အချိန်ကတည်း က မြေအောက် လမ်းတွေမှာ ထားရှိ အသုံးပြုပြီး အဓိက အနေနဲ့တော့ Capitol ကနေ Russell Senate ရုံးကို အသွားအလာ လုပ်ဖို့ သုံးခဲ့တာ တွေ့ရပါတယ်။

အဆိုပါ မော်ဒယ်ေ တွက တစ်နာရီ ၁၂ မိုင်ကနေ ၁၅ မိုင် ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်ခဲ့ပါတယ်။ ထူးခြားချက်က ယာဉ်မောင်းထို င်ခုံဟာ ကားရဲ့ရှေ့ဘ က်မှာ ရှေ့ကို လှည့်လျက် ပုံမှန် အနေအထား တစ်ခုံနဲ့ နောက်ဘက်မှာ နောက်ဘက်လှ ည့်လျက်သား တစ်ခုံ ပါရှိတာပဲ ဖြစ်ပါတယ်။ ရထားတွေလိုပဲ လိုရာကို ရောက်ရှိ ရပ်နားပြီး နောက်ကို ပြန်သွားမယ် ဆိုရင် အခု ခေတ်ကားတွေလို ခေါင်းကို လှည့်ပြီး ပြန်မောင်းရတာ မဟုတ်ဘဲ ယာဉ်မောင်းက ထိုင်ခုံနေရာ ပြောင်းလဲ ထိုင်လိုက်ပြီး လိုရာဦးတ ည်ချက်ကို မောင်းနှင်ရတာ ဖြစ်ပါတယ်။

www.rarehistoricalphotos.com

သိရသလော က်ကတော့ ဒီလို ယာဉ်မောင်းထိုင်ခုံက လားရာရှေ့နော က်အတွက် ၂ ခုံ ထည့်သွင်းထားရတဲ့ အကြောင်းက အဆိုပါကားေ တွကို မောင်းမယ့် မြေအောက်လမ်းက ကားကို ကွေ့ဖို့ လုံလောက်တဲ့ လမ်းအကျယ် မရှိလို့ အခုလို ရထားခေါ င်းတွေလို ဖန်တီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီကားတွေကို အခုခေတ် Van တွေလို သတ်မှတ်ရမှာ ဖြစ်ပြီး မော်ဒယ်တွေက ခရီးသည် ၁၂ ယောက်ထိေ အာင် လိုက်ပါစီး နင်းနိုင်ခဲ့ပါတယ်။ Author – Lin Htet (IA)

Leave a Reply

Your email address will not be published. Required fields are marked *