လွန်ခဲ့တဲ့ (၂)နှစ်က အမှတ်တရရှိခဲ့တဲ့အရာလေး တစ်ခုကို သတိရနေကြောင်း ပုံနဲ့တကွ ပြောပြလာတဲ့ သက်မွန်မြင့်

Posted on

ချင်းတိုင်းရင်းသူ မင်းသမီးချောလေး ဖြစ်တဲ့ သက်မွန်မြင့် ကတော့ တောင်ပေါ် ဖလမ်းမြို့ လေးကနေ တဆင့် အနုပညာ လောကထဲ ကို ဝင်ရောက် လာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်ပိုင် အရည်အချင်းနဲ့ နာမည်ပျက် မရှိပဲ အောင်မြင်မှု တွေကိုသာ တဖွဲဖွဲပိုင်ဆိုင် ထားတဲ့ သက်မွန်မြင့် က ဝါရင့် မင်းသမီးတစ်လက် ဖြစ်ပြီး ကျရာ ဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင် နိုင်ယုံသာမက အနုပညာ ပါရမီလည်း အပြည့် ရှိတာမလို့ အားလုံးရဲ့ ချစ်ခင်အားပေးမှု ကို ရရှိနေတာလည်းဖြစ်ပါတယ်။

သူမရဲ့ အနုပညာ သက်တမ်း နှစ် (၂၀) ကျေ ာ်အတွင်းမှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင် ဇာတ်ကားကြီး၊ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီး တို့နဲ့ အကယ်ဒမီဆုကြီး (၂) ဆုကို လက်ဝယ် ပိုင်ဆိုင် နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ သရုပ်ဆောင် သက်မွန်မြင့်က အနုပညာ အလုပ်တွေ အားလုံးကိုရပ်နားထားပြီး မိသားစု ကိုဘဲ အချိန်ပေးကာ ပရိသတ် တွေရှေ့က လုံးလုံး ပျောက်နေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မှာတော့ သရုပ်ဆောင် သက်မွန်မြင့်က လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ပရိသတ် တွေနဲ့ တရင်းတနီး ပြုလုပ်ခဲ့တဲ့ fan meeting က အမှတ်တရ လေးတွေကို လွမ်းလို့ဆိုပြီး ပြန်လည် မျှဝေထားတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ကျော်က ကျင်းပခဲ့ တဲ့ ချစ်သက်ရဲ့ ပျော်ရွှင်ဖွယ် ကောင်းတဲ့ fan meeting က အမှတ်တရ ပုံရိပ်လေး တွေကို ချစ်သက်ကို ချစ်ကြတဲ့ ပရိတ်သတ် တွေအတွက် အလွမ်းပြေ ကြည့်လို့ ရအောင် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.