သက်တမ်း အားဖြင့် နှစ်ပေါင်း (၃၇၀၀) ရှိ ကမ္ဘာ့ ရှေးအကျဆုံး ဂဏန်းပေါင်းစက် … Babylonian tablet
Posted on
ဘေဘီလွ န်ခေတ်က တီထွင် ခဲ့တယ်လို့ ယူဆရတဲ့ ဂဏန်းပေါင်း စက်ကို အေ စာဆုံး အင်ဒီယာ နာဂျုံးလို့ တင်စားခံထား ရသူတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဂဏန်းပေါင်းစက်ကို Babylonian tablet လို့လည်း ခေါ်ကြပြီး၊ Plimpton 322 လို့လည်း အမည်ပေးထား တယ်လို့ Mirror မှာ ဖော်ပြထားပါတယ်။
ယနေ့ခေတ် သင်္ချာပ ညာရှင်တွေ ကတော့ ဒီဂဏန်းပေါင်း စက်ဟာ နန်းတော်တွေ၊ နတ်ဘုရားတန်းဆော င်းတွေနဲ့ တူးမြောင်းတွေ ဘယ်လိုဆောက်ရမလဲ ဆိုတာကို တွက်ချက်တဲ့နေရာမှာ သုံးစွဲခဲ့ပုံရတယ်လို့ ဆိုပါတယ်။ ဂဏန်းပေါင်းစက်မှာ တြိဂိုနောေ မတြီတွက်ချက်နည်း ဇယားကို အဓိကထား ထည့်သွ င်းထားတာ ဖြစ်ပါတယ်။
ဒီတွေ့ရှိမှု အရ ဘေဘီလုံလူမျိုးတွေဟာ တြိဂိုနောမေတြီ တွက်ချ က်နည်းကို နှစ် 1000 အထိ စောစီးစွာ သိရှိခဲ့ကြပုံရ တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ယင်းခေတ်က အခြေခံအဆောက်ဦတွေ ဆောက်လုပ်တဲ့အခါမှာ တြိဂံတစ်ခုကို အခြေခံတွက်ချက် ဆောက်လု ပ်ကြတာ ဖြစ်ပေမယ့်၊ ဒီဂဏန်းပေါ င်းစက်ရဲ့ အဆင့်အတန်းက အလွန်ပိုမြင့်နေပါတယ်။
ဒီဂဏန်းပေါ င်းစက်ကို သက္ကရာဇ် 1900 က အီရက်နိုင်ငံတောင်ပိုင်းမှာ ဗိသုကာပညာရှင်တစ်ဦးြ ဖစ်တဲ့ Edgar James Banks က ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ သူဟာ အမေရိကန်သံ ရုံးအမှုထမ်း တစ်ယောက် ဖြစ်သလို၊ ရှေးဟောင်းပစ္စည်း ကုန်သည် တစ်ယောက် လည်း ဖြစ်ပါတယ်။ သူ့ကို 1930 ဝန်းကျင်က ခေတ်စားခဲ့တဲ့ အင်ဒီယာနာဂျုံး ဇာတ်ကောင်နဲ့ ခိုင်းနှိုင်း ခဲ့ပေမယ့်၊ သူက နှစ် 30 လောက် စောခဲ့တာ ဖြစ်ပါတယ်။
ဂဏန်းပေါ င်းစက်မှာ ကော်လံ 4 ခု Row 15 ခု ပါဝင်ပြီး၊ ဂဏန်းတွေကို ရှေးခေတ်အဆီး ရီးယားဘာ သာစကားနဲ့ 60 အစုကို အခြေခံရေး ထိုးထားပါတယ်။ Row 15 ခုဟာ ထောင့်မှန်တြိဂံ 15 ခုရဲ့ အစဉ်လိုက်ကို ဖော်ပြထား တာ ဖြစ်ပြီး၊ ဂဏန်းပေါင်းစက်ဟာ ကျိုးနေတဲ့ လက္ခဏာကို တွေ့ရတဲ့အတွက်ကြောင့် ယခင်က ကော်လံ 6 ခု Row 38 ခု ဖြစ်ဖို့ ရှိတယ်လို့ ပညာရှင်တ စ်ဦးက ပြောပါတယ်။ ဒါမှလည်း သူတို့ ဂဏ န်းပေါင်းစက်က ပြီးပြည့်စုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂဏန်းေ ပါင်းစက်ဟာ 1822BC နဲ့ 1762BC ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ ဆူမားရီယားေ တွရဲ့ မြို့တော် လာဆာမှာ စတင် သုံးစွဲခဲ့ပုံရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဂဏန်းပေါင်းစက်ကို နယူးယောခ့်ရှိ ကိုလံဘီယာတက္ကသိုလ်၊ ရှားပါးစာအုပ်နဲ့ လက်ရေးမူထိန်းသိမ်းရေး စာကြည့်တိုက်မှာ ထိမ်းသိမ်းထား တယ်လို့ သိရပါတယ်။
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *