သင့်ကိုယ်သင် ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

Posted on

ကျနော်တို့ ပုံမှန် လည်ပတ်နေတဲ့ လောက မှာ ဒီလောက်ကြီးတဲ့ အရာတွေ ရှိပါလား ဆိုပြီး အံ့သြ သွားရမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးချင် ပါတယ်။ ဒီဓာတ် ပုံတွေကို ကြည့်ရင်း ကိုယ့်ကို ကိုယ် ပုရွက်ဆိတ်လို သေးသွားတယ်လို့ တောင် ခံစားရစေမှာ ပဲဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ရင် အောက်ကပုံလေးတွေကို ဆက်ကြည့်ကြမယ်နော်။

(၁)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

မယုံနိုင်စရာ ရှာဖွေတွေ့ရှိတဲ့ ဌက်မွှေးနှ စ်ချောင်း။ ဌက်မွှေးက ဒီလောက်ကြီးနေရင် ဌက်ရဲ့ အရွယ်အစားက ဘယ်လောက်တော င်ကြီးမလဲဆိုတာ ခန့်မှန်းကြည့်ကြပါအုံး ပရိသတ်တို့ရေ

(၂)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဝက်ဝံတွေကို ရုပ်မြင် သံကြားမှာကြည့်ပြီး လူတစ်ရပ်စာကျော်ေ ကျာ်လောက်ပဲ ရှိမယ်လို့တွေး ဖူးပါသလား… ဒါဆိုရင် ပုံကိုကြ ည့်လိုက်ပါ..ဝက်ဝံတွေရဲ့ အမြင့်နဲ့ အရွယ်အစားက အဲ့လောက်ကြီးပါတယ်။

(၃)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

အာဖရိက ရှိ ခလီမင်ဂျာ ရိုတောင်ပေါ်မှာပဲ ရှာတွေ့နိုင်တဲ့ တောရိုင်းပင် အကြီးစား

(၄)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

လေရဟတ်ပန်ကာတွေ ကို အဝေးကနေကြည့်ရင် သေးလောက်မယ်ထင်ထားပေမယ့် တကယ်တမ်းအနီးကပ်ကြည့်တဲ့ အခါမှတော့ တော်တော်လေးကို အရွယ်အစားကြီးနေခဲ့ပါတယ်။

(၅)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဘေးက မတ်တပ်ရပ်နေတဲ့လူကိုတောင် မမြင်ရတော့တဲ့ အထိကိုကြီးမားတဲ့ ထရက်ယာဉ်ကြီး..ဒါကြီးနဲ့ သာ တိုက်မိရင် အကုန်လုံးပျက်စီးသွားနိုင်တယ်။

(၆)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဘယ်လို မြေသြဇာတွေ များကျွေးလိုက်လို့ ဧရာမ နေကြာပန်းကြီး ပွင့်လာတာလဲ ..သိချင်ပါရဲ့

(၇)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီလောက်ကြီးမားရှည်လျားတဲ့ ဆိုဖာသာ ရှိနေရင် အိပ်ရာတောင်သက်သက်လိုတော့မှာမဟုတ်ဘူး။

(၈)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

လူတစ်ယောက်ရဲ့ အရပ်နဲ့ ယှဉ်ကြည့်လိုက်တော့ သစ်ပင်ရော ဘေးက ကျောက်တောင်ကြီးပါ ဧရာမကြီး ဖြစ်နေခဲ့ပါတယ်။ ဒီပုံက ကျွန်တော်တို့ကို ပုရွက်ဆိတ်သာသာလေး ခံစားရစေပါတယ်။

(၉)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ကမ္ဘာ့အရပ်အရှည်ဆုံး လူကြီးရဲ့ အရပ်နဲ့ခန္ဓာကိုယ် အချိုးအစားအတိုင်း ဖန်တီးပြုလုပ်ထားတဲ့ ကျောက်ရုပ်အကြီးကြီးဖြစ်ပါတယ်။ ဒီကျောက်ရုပ်ကြီးဟာ အမြင့်ပေ ၈ပေ နဲ့ ၁၁ လက်မမြင့်ပြီး ပေါင် ၄၉၀ လေးပါတယ်။

(၁၀)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ကောင်းကင်ကြီးကိုတောင် ထိုးဖောက်တော့မလား အောက်မေ့ရတဲ့ ဧရာမရှားစောင်းပင်ကြီး.. လူတစ်ယောက်ရဲ့ အရပ်က သူ့ရဲ့ ပင်စည်နားလောက်ထိပဲ ရှည်လျားပါတယ်။

(၁၁)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

သင့်အနေနဲ့ ပုံထဲမှာပါတဲ့ ဧရာမငါးမန်းကြီးနားမှာ ရေကူးရဲလိမ့်မယ် မထင်ပါဘူး။

(၁၂)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီအရိုးစုကြီးက ဘယ်တိရစ္ဆာန်ရဲ့ အရိုးစုလို့ ထင်ပါသလဲ… အပြာရောင် ငါးမန်းကြီးရဲ့ အရိုးစုဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစား ဘယ်လောက်တောင်ကြီးသလဲ..ဘေးက လူနဲ့ ယှဉ်ကြည့်လိုက်ပါတော့

(၁၃)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့ဖူးတဲ့ ဧရာမသဘောင်္ကြီးရဲ့ ကျောက်ဆူး..ကျောက်ဆူးတောင် ဒီလောက်ကြီးနေရင် သငေ်္ဘာရဲ့ အရွယ်အစားက ဘယ်လောက်ကြီးမလဲ ခန့်မှန်းနိုင်ပါတယ်။

(၁၄)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ပုံထဲမှာ ရှာတွေ့ဖို့တောင်ခက်နေတဲ့ အဖြူရောင် အစက်လေးဟာ လူတစ်ယောက်မတ်တပ်ရပ်နေတာဖြစ်ပါတယ်။ ကဲ ဒီရေတံခွန်ကြီး ဘယ်လောက်ကြီးလိုက်သလဲ

(၁၅)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

လူထက် အရွယ်အစားကြီးတဲ့ သစ်ရွက်မမြင်ဖူးရင် ဒီပုံထဲမှာ ကြည့်နိင်ပါတယ်။

(၁၆)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒါက ဖိုတိုရှော့များလား ။ ဒါမှမဟုတ် တကယ်ပဲ ရှိခဲ့တာလားနော်။ ကြားဖူးတာကတော့ ဧရာမ ရေဘဝဲတွေက အမဆိုရင် ၁၃ မီတာ (၄၃ ပေ) လောက်ထိ ကြီးထွားနိုင်ပြီး အထီးဆိုရင် ၁၀ မီတာ (၃၃ ပေ) အထိ ကြီးထွားနိုင်ကြပါတယ်။

(၁၇)

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ခန့်မှန်းချေအားဖြင့် နှစ်ပေါင်း ၇၀၀ မှ ၈၀၀ နီးပါးသက်တမ်းရှိပြီး ၃၇၉ပေမြင့်သည့် ကမ္ဘာ့အရှည်ဆုံး သစ်ပင် ဒီသစ်ပင် အနားမှာသာ လူတစ်ယောက် ရပ်နေမယ်ဆိုရင် ရှိတယ်လို့တောင် ထင်မှာမဟုတ်ပါဘူးနော်

(၁၈) အပြာရောင်ဝေလငါး

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီဝေလငါးတွေတော့ ကမ္ဘာပေါ်မှာ အရွယ်အစား အကြီးမားဆုံးသတ္တဝါ တစ်ကောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီဝေလငါးတွေရဲ့ အရွယ်အစားကတော့ အရှည်မှာ ၃၃ မီတာရှိပြီး အလေးချိန် ကလည်း တန်ပေါင်း ၁၅၀ အထိ လေးလံပါတယ်။

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီငါးကြီးတွေရဲ့ အရွယ်အစားအ လွန်ကြီးမားလွန်းတဲ့ အချက်တစ်ချက်က သူ့အတွက် အန္တရာယ်ရှိတဲ့ အရာတစ်ခုဖြစ်နေပြီး လူတွေဖမ်းဆီးဖို့ အင်မတန်လွယ်ကူနေပါတယ်။ ဒါကြောင့်လည်း အပြာရောင်ဝေလငါးတွေက အမြဲတမ်းလိုလို အသတ်ခံနေရတဲ့ အကောင်တစ်ကောင်ဖြစ်ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာပေါ်မှာ အကောင်ပေါင်း ၅ ထောင်လောက်သာ ကျန်ရစ်နေပါတော့တယ်။

(၁၉) ဆီကွိုင်းယားပင်

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဆီကွိုင်းယား အပင်တွေက ကမ္ဘာမြေပေါ် ပေါက်ရော က်တဲ့အပင်တွေထဲမှာ အကြီးမားဆုံးအပင်ြ ကီးအမျိုးအစားေ တွပဲဖြစ်ပါတယ်။ ဒီအပ င်တွေက တစ်ပင်ကို ပေ ၃၀၀ ဝန်းကျင်လောက်အထိ ရှည်လျားတ တ်ကြပြီး အောက်ခြေမှာ ၂၆ပေ လောက်အထိ ကြီးမားလေ့ရှိကြပါတယ်။

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီအပင်ကြီးတွေက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားြ ပည်နယ်မှာ အများဆုံးပေါက်ရော က်လေ့ရှိပြီး ဆယ်နှစ်ရာသီ အမြဲစိမ်းလန်းလေ့ရှိတတ်ကြပါတယ်။ ဆီကွိုင်းယားအပင်တွေရဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၁၁ဝဝ မှ ၁၅ဝဝ ထိအသက်ရှည်ကြတဲ့ ဘိုးသက်ရှည်အပင်တွေပဲဖြစ်ပါတယ်။

(၂၀) အိုင်းရစ်သမင်

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

အိုင်းရစ် သမင်တွေက ဒီကမ္ဘာပေါ်မှာ ရှင်သန်နေ ထိုင်ခဲ့ကြတဲ့ သမင်တွေထဲမှာ အရွယ်အစား အကြီးမားဆုံးသမင်အ မျိုးအစားပဲဖြစ်ပါတယ်။ ဒီသမင်ကြီးတွေက အလွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းလောက်က ရှင်သန်ကျ က်စားခဲ့ပြီး ယနေ့အခါမှာတော့ မျိုးတုံးပျောက်ကွယ်သွားပါပြီ။

ဒီသမင်ကြီးတွေ မျိုးတုံးပျောက်ကွ ယ်သွားရသလဲဆိုတဲ့အေ ကြာင်းအရင်းကိုတော့ အတိအကျ မသိရပေမယ့် သူ့ရဲ့ ဦးချိုကြီးတွေက အရွယ်အစားအင်မတ န်ကြီးမားလွန်းတာကြောင့် သစ်ကိုင်းတွေနဲ့ ငြိကာ ရုန်းမထွ က်နိုင်တော့ဘဲ နေရာမှာတင် အစာအငတ်ခံကာ သေဆုံးကျတယ်လို့ သုတေသန စာတမ်းတွေက ဆိုထားပါတယ်။

ဒီသမင်ကြီးတွေရဲ့ အရိုးစုတွေအရ ၇ ပေလောက် အမြင့်ရှိပြီး သူတို့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဦးချိုကြီးတွေက ၁၂ ပေလောက်အထိ ရှိတတ်ကြပါတယ်။

ပုရွက်ဆိတ်လေး တစ်ကောင်လို သေးငယ်သွားတယ်လို့ ခံစားမိစေမယ့် ဧရာမအရာကြီးများ

ဒီလောက်ကြီးတဲ့ အရာတွေ အပြင်မှာ တကယ်ရှိတယ်ဆိုတာတွေ့လိုက်တော့..ပရိသတ်တွေလည်း အံ့သြသွားလောက်ကြမယ်ထင်ပါတယ်။ ကိုယ်အကြိုက်ဆုံး ပုံရှိရင်လည်း ပြန်ပြီးတော့ ပြောပြခဲ့ကြပါအုံးနော်။

Ref:Brightside

Leave a Reply

Your email address will not be published. Required fields are marked *