သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

Posted on

အခု တစ်ခေါက် တင်ဆက်ပေးချင်တာ ကတော့ အမှောင်ကို ကြောက်တဲ့သူတွေ ဒါမှမဟုတ် ညဖက်ရောက်မှာ ကို ပုံမှန်ထက် ပိုကြောက်တဲ့ သူတွေ မကြည့်သင့်တဲ့ ထိတ်လန့်စရာ ပုံတွေကို စုစည်းဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုေ ရာဂါမျိုးဟာ ကိုယ့်မှာမရှိနိုင်ဘူး လို့ ထင်နေမှာ ဖြစ်ပေမယ့် တကယ်တ မ်းမှာ ရှိချင်လည်း ရှိနေနိုင် ပါတယ်။

ဒီတော့ တနည်းနည်းနဲ့ မှောင်မည်းပြီး အေး စက်နေတဲ့ ရသခံစား ရမယ့် ပုံတွေနဲ့ ညဖက်ရိုက် ကူးထားတဲ့ ပုံအချို့ကိုကြည့်ပြီး ကိုယ့်မှာ အမှောင်ကြောက်ရောဂါ ရှိမရှိ စမ်းသပ်ကြည့်လိုက်ကြပါဦးနော်။

(၁)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီနက်ရှိုင်းပြီး မှောင်မိုက်တဲ့ တွင်းနက်ကြီးက သင့်ကို ဘယ်လိုခံစားရစေပါသလဲ။ ရေတွေကလည်း အထဲကို ဝင်တော့မယောင်ယောင်နဲ့ တော်တော်လေးကို စိတ်ညစ်ညူးစရာကောင်းတဲ့ မြင်ကွင်းမျိုးပဲ ဖြစ်ပါတယ်။ ဒီလို တွင်းထဲကို စူးစမ်းလေ့လာဖို့ စိတ်ဝင်စားပါသလား။

(၂)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီတံခါးကို ကြည့်ရတာလည်း ကိုယ့်နာမည် ခေါ်နေသယောင်ယောင် ခံစားရစေပါတယ်။ ဘယ်လိုမှ ဝင်ကြည့် ချင်စရာကောင်းတဲ့ ခံစားမှုမျိုး ဖြစ်မလာပါဘူး။

(၃)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ညသန်းခေါင်ယံမှာ တံခါးခေါက်သံကြားပြီး ချောင်းကြည့်ပေါက်က ကြည့်လိုက်တာ ဒီလိုပုံစံမျိုးကို မြင်လိုက်ရမယ်ဆိုရင် သင်ဘယ်လို ဖြစ်သွားမလဲ။ ဓာတ်ပုံထဲက ပုံစံမျိုးဆိုရင်တော့ တကယ့်ကို ဗြုန်းကနဲမှာတော့ ထိတ်လန့်သွားမှာ အသေအချာပါပဲ။

(၄)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ညဖက် အလင်းရောင်မရှိတဲ့အချိန်မှာ သင့်ရဲ့လက်နှိပ်ဓာတ်မီးကိုဖွင့်ကြည့်လိုက်လို့ ဒီစာတန်းကို တွေ့လိုက်မယ်ဆိုရင် ဘယ်လိုခံစားသွားရမှာပါလဲ… လူသားရဲ့ အရသာဆိုတာ အမှောင်ထဲမှာမှ ပိုကောင်းတယ် ဆိုပါလားနော်..။

(၅)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

မင်းသွားချင်တဲ့နေရာကို သွားဖို့ဒီစင်္ကြံကို လမ်းလျှောက်ဖို့လိုတယ်ဆိုပါစို့..။ သင်သွားမှာလား..။ အလင်းရောင်တွေကလည်း တစ်စ တစ်စနဲ့ မှိန်များသွားမယ်ဆိုရင်… သေသေချာချာကြည့်ပြီး ခံစားကြည့်လိုက်ပါဦး။

(၆)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

လှေကားအောက်ကို တဖြေးဖြေးချင်းဆင်းသွားတာနဲ့ လှေကားအဆင့်တိုင်းက အမှောင်ထုထဲကို လုံးလုံး ရောက်အောင် ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။

(၇)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

သမုဒ္ဒရာအလယ်ကိုရောက်ပြီး လှေပေါ်မှာရှိနေတဲ့အချိန် သင့်ရဲ့ ညာဘက်ခြမ်းကိုကြည့်လိုက်ပါ။ ပြီးတော့ အမှောင်ထုထဲကနေ ဒီပုံထဲကအတိုင်း ထွက်လာမယ်လို့ မြင်ယောင်ကြည့်လိုက်ပါဦး။

(၈)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

လှေကားထစ်တက်ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်ချိန် ဒီပုံထဲကလိုမျိုးသာ တွေ့လိုက်ရမယ်ဆို ပါစို့.. ဘာတွေများ ဆက်ဖြစ်လာမှာပါလဲ။ မီးတွေပိတ်ပြီးပဲ ထွက်ပြေးမလား။ လှေကားပေါ်ကို ပဲ တက်ပြေးမလား…။

(၉)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

တစ်ယောက်တည်း ကားမောင်းလာချိန် ပြတင်းပေါက်ကနေ ဒီလိုတွေ့လိုက်ရမယ်ဆိုရင်ရော…

(၁၀)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

အမှောင်ထုရှိတဲ့ဖက်ခြမ်းဆိုတာ နေ့အချိန်ဖြစ်ပါစေ အလွန်ကြောက်စရာ ကောင်းနိုင်တယ်ဆိုတာ ဒီဓာတ်ပုံလေး ကြည့်တာနဲ့တင် သိနိုင်ပါတယ်။

(၁၁)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဘယ်လိုတွေတောင် လိုက်ဖက်နေတာပါလဲနော်… ဥမင်လှိုဏ်ခေါင်းလို လမ်းက ကြောက်စရာကောင်းနေပါတယ်ဆိုမှ ဘေးကနံရံက မလှမပဆွဲထားတဲ့ ပုံတွေကြောင့် အရမ်းကြောက်စရာကောင်းသလို ပြောင်းသွားခဲ့ပါတယ်။

(၁၂)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

တကယ်လို့များသာ ဒီမျက်လုံးတွေဟာ သိုးတွေရဲ့မျက်လုံးတွေမဟုတ်ဘူးဆိုရင်ကော ….ဆိုလိုချင်တာကတော့ နွားရိုင်းသွင်းချိန်မှာ ကြည့်နေကြမယ့် မျက်လုံးတွေကို ပြောချင်တာပါ။

(၁၃)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

သင်ပြတင်းပေါက်ကို ကြည့်နေချိန်မှာ ရုတ်တရက်များ ဒီလိုတွေ့လိုက်ရမယ်ဆိုရင်ရော…မလန့်သွားပဲ နေနိုင်မှာလား။

(၁၄)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီပုံဆွဲထားတဲ့ နောက်ကိုလိုက်ပြီး အခန်းထဲကို ဝင်ရဲပါသလား။ဝင်သင့်မဝင်သင့်ကိုတော့ အထပ်ထပ် အခါခါ စဉ်းစားကြမှာ အသေအချာပါပဲ။

(၁၅)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီတံခါး နောက်ကွယ်မှာ ဘာရှိလို့များလဲ…တံခါးကို အမြဲတမ်းပိတ်ထားဖို့ သတိပေးထားရလောက်တဲ့ အထိဆိုတော့ တံခါးနောက်ကွယ်မှာ ဘာများရှိနေလို့လဲကွယ်။

(၁၆)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီလောက်ကျောချမ်းစရာကောင်းတဲ့ စာကို ဘာအတွက် ဘယ်သူကရေးခဲ့တာ ပါလိမ့်..။ “လူသားတွေအကြောင်း ကျွန်တော် သိပ်နားမလည်ပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို တစ်စစီဆွဲခွာပြီး သူတို့က ဘယ်လိုလဲဆိုတာ စစ်ဆေးကြည့်လိုက်ရုံလေးပါပဲ”

(၁၇)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဘယ်လိုစိတ်နဲ့တွေးပြီး အထဲကို ဝင်ရမှာပါလိမ့်..ဒီလောက်မှောင်မည်းနေတဲ့ အထဲမှာ ဘယ်သူကစောင့်ပြီး ထွေးပွေ့ပေးမလဲဆိုတာ စဉ်းစားလို့ရလောက်လား။

(၁၈)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

စွန့်ပစ်ထားတဲ့ဆေးရုံနားမှာ တစ်ယောက်တည်း လမ်းလျှောက်နေတုန်း အခန်းတစ်ခန်းတည်းကွက်ပြီး မီးရောင်မြင်ရမယ်ဆိုရင်ရော… အားလုံးမှောင်ပြီး သူတစ်ခန်းတည်းလင်းနေတာကလည်း တကယ်တော့ ကြောက်ဖို့ကောင်းပါတယ်နော်။

(၁၉)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

တောအုပ်အလယ်မှာ ဒီနေရာကို ဖြတ်ပြီးသွားရမယ်ဆိုရင်ရော ဘယ်လိုခံစားရမလဲ။

(၂၀)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ရေထဲကိုကြည့်လိုက်ချိန် ဒီလိုပုံပေါ်လာခဲ့မယ်ဆိုရင်ရော…ရေချိုးခန်းထဲက အုတ်ကန်ထဲကိုလည်း ညဖက်တွေမှာ မကြည့်ကြပါနဲ့နော်။

(၂၁)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ညဘက်မှာ ဓာတ်ပုံရိုက်ထွက်နေရင်း သင့်ဘက်ကို အခုလို မျိုး စူးစူးရဲရဲကြီး ကြည့်နေတဲ့ အရိပ်မည်းကြီးနှစ်ခု ကို တွေ့ရင် ဘယ်လိုနေမလည်း… Photomontage လို့ ခေါ်တဲ့ ဓာတ်ပုံတွေကို ထပ်ပြီး ပြုပြင်ပြီးမှ ဒီလိုပုံမျိုး ထွက်လာတာလား။ စဉ်းတော့စဉ်းစားစရာပါပဲ။

(၂၂)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

စိန်ခေါ်မှုလေး တစ်ခုလုပ်ကြည့်ကြရအောင်.. ပထမထပ်က ပြတင်းပေါက်မှာ ပေါ်နေတဲ့ အစက် ၃စက်ကို မျက်တောင်မခတ်ဘဲ အချိန်ကြာကြာ စိုက်ကြည့်ရဲလား။ သေချာတာကတော့ သင့်သူ့ကို ကြာကြာကြည့်လေ သူက သင့်ကို စူးစိုက်ကြည့်လေ ပဲနော်။

(၂၃)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ကိုယ့်အိမ်ရဲ့ ချောင်တစ်နေရာမှာ ဒီလိုမျိုး ကြောက်ဖက်ဖွယ်ရာ ပင့်ကူတွေ အပြည့်နှင့် မြင်ကွင်းကို မြင်လိုက်ရင် သူ့လိုမျိုး ဓာတ်ပုံရိုက်မလား၊ ဒါမှမဟုတ် ထွက်ပြေးကြမလား။

(၂၄)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီကိုဖြတ်ပြီး အိမ်ပြန်ရမယ်ဆိုရင်ကော ။အိမ်ပြန်ရဲကြရဲ့လား

(၂၅)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီပုံကလည်း အမှောင်ကြောက်တတ်သူအတွက် ကြည့်နေရင်းနဲ့ကို ကျောချမ်းစရာပါပဲ

(၂၆)

သင့် မှာ အမှောင်ကြောက် တဲ့ရောဂါ ရှိမရှိ စမ်းသပ်ကြည့်နိုင်တဲ့ ပုံရိပ်များ

ဒီမြေအောက်ခန်းကတော့ တစိမ့်စိမ့်နဲ့ ကြောက်နေစေမှာ အသေချာပါပဲ။ ဘယ်ပုံတွေက သင့်စိတ်ကို လှုပ်ရှားစေပါသလဲ။ သင်ဟာအမှောင်ကြောက်သူထဲမှာ ပါသလားဆိုတာကို ရော ဆန်းစစ်ပြီးပြီလား။

Credit(Shwe Nyan Shin) Ref;Buzzfeed

Leave a Reply

Your email address will not be published. Required fields are marked *