သင့် ရဲ့ ဦးနှောက်ဉာဏ်ရည် IQ ကိုမြှင့်တင်ပေးမယ့် အလွယ်ကူဆုံး နည်းလမ်းလေး (၅) ခု

Posted on

လူ တချို့က IQ (intelligence quotient) ကို ပြုပြင်လို့ မရနိုင်ဘူး လို့ အမှတ်မှားနေ တတ်ကြပါတယ်။ တကယ်တော့ ဒီ IQ ဆိုတဲ့ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်လာအောင် လုပ်ဆောင်လို့ ရပါတယ်။

လုပ်လို့ရတဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေး တချို့ကို မိတ်ဆွေများ အတွက် ဖော်ပြချင်ပါတယ်။ IQ တိုးတက်ဖို့လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကတော့

၁။ အိပ်ယာ မဝင်မီ တစ်နေ့တာလုပ်သမျှကို ပြန်စဉ်းစားပါ ။

အောင်မြင်မှုကို သွားရာလမ်းကြောင်းမှာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းခြင်းဟာလည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဉာဏ်ကောင်းစေဖို့ အိပ်ယာမဝင်ခင် ဦးနှောက်ကို အလုပ်ပေးသင့် ပါတယ်။ ဒီအချိန်မှာ ဦးနှောက် ဟာနိုးကြား နေတဲ့အတွက်ကြောင့်ပါ။

အိပ်ယာ ဝင်ခါနီးမှာ တစ်နေ့တာ လုပ်ခဲ့သမျှကို စဉ်းစားခြင်းအားဖြင့် သင်ဘယ်လောက်မှတ်မိလဲ ဆိုတာကို စမ်းသပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မကြာခဏ လေ့ကျင့်ပေးခြင်းအားဖြင့် သင့်ရဲ့ ဉာဏ်စွမ်းရည်ကို တဖြည်းဖြည်း တိုးတက် စေမှာအမှန်ပါပဲ။

၂။ စာဖတ်လျှင် မှတ်မိအောင်ဖတ်ပါ

စာများများ ဖတ်ခြင်းဟာ ဗဟုသုတကို တိုးတက်စေရုံသာမက သင့်ရဲ့ IQ ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ ကြောင့်နေ့စဉ် စာဖတ်ပေးဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် (၃၀) ခန့်အချိန်ပေးပြီးစာဖတ်ပေး သင့်ပါတယ်။

ဖတ်တဲ့နေ ရာမှာ မြန်မြန်မဖတ်ပဲ ဖြည်းဖြည်းနဲ့ မှတ်မိအောင် ဖတ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာလည်း သင့် IQ တိုးတက် ဖို့ကူညီပေးပါတယ်။

၃။ စာရေးပါ

စာဖတ်ခြင်းကဲ့ သို့ စာရေးခြင်းဟာလည်း သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင်ပါတယ်။ နေ့တိုင်းနေ့တိုင်းသင်ရေးချင်တာ ဒါမှမဟုတ် သင်ကြုံ ခဲ့တဲ့အကြောင်းအရာတွေကိုချရေးသင့်ပါတယ်။

ဒီလိုရေးတဲ့အခါမှာ သင့်ရဲ့ဗဟုသုတနဲ့ ဦးနှောက်ကို အသုံးပြုပြီးရေးရတာကြောင့် သင့် ဦးနှောက်ကိုအမှန်ပဲတိုးတက်စေမှာဖြစ်ပါတယ်။

၄။ လေ့ကျင့်ခန်း လုပ်ပါ

ချွေးထွက်စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လေး လုပ်ပေးတာကလည်း မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ အချိန်မပေးနိုင်တဲ့အတွက် လေ့ကျင့်ခန်းတွေ တကူးတက မလုပ်နိုင်ရင်တောင် နေ့စဉ် မိနစ် ၃၀ခန့် ဖြည်းဖြည်းပြေးတာတို့ လမ်းလျှောက်တာ စတာတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာရွှင်လန်းပြီး မှတ်ဉာဏ်ကိုတိုးတက်စေနိုင်ပါတယ်။

ဒီလိုကိုယ်လက်လှုပ်ရှားခြင်းဟာ ဦးနှောက်က မှတ်သားမှု နဲ့ ဆိုင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ကို ဖွံ့ဖြိုးစေပါတယ်။

၅။ တရားထိုင်ပါ

လူတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေ စိတ်ရှုပ်စရာတွေများလာတဲ့ အခါ လုပ်သလောက်စိတ်မပါတော့ပဲ မှတ်ဉာဏ်လည်းကျဆင်းလာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ကိုထွက်ပေါက်ပေး သင့်ပါတယ်။ စိတ်ထွက်ပေါက်ပေး ဖို့အတွက် တရားထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ကိုယ့်စိတ်ထဲက အရာအားလုံး ကို မေ့ပစ်ပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ၁၅မိနစ်ခန့် တစ်ကိုယ်တည်း အေးအေးဆေးဆေးထိုင်နိုင်ပါတယ်။ ဒီလိုပုံမှန် အလေ့အကျင့်လေး လုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချလာနိုင်တဲ့အပြင် သင့်ရဲ့မှတ်ဉာဏ်ကိုပါ တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါနည်း (၅) နည်းစလုံးမှာတူညီတာကတော့ ထပ်ခါထပ်ခါ လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။

ကိုယ်ခန္ဓာကြံခိုင်မှု့ အတွက် အထပ်ထပ်လေ့ကျင့်ပေးရသလို မှတ်ဉာဏ်ကောင်းစေဖို့အတွက် လည်း ဒီနည်း (၅) နည်းနဲ့အကြိမ်ကြိမ် လေ့ကျင့်ပေးခြင်းအားဖြင့်သင့်ရဲ့ IQ ကိုအမှန်တကယ်ပဲ မြှင့်တင့်နိုင်မှာဖြစ်ပါတယ်။

Credit;

Leave a Reply

Your email address will not be published. Required fields are marked *