သင့်ရဲ့ ဖုန်းကိုင်တဲ့ ပုံစံကနေ ပြောပြနေတဲ့ သင့်ရဲ့ အကျင့်စရိုက်လေးတွေ အကြောင်း

Posted on

သင် ဖုန်းကို ကိုင်တဲ့ ပုံစံကို ကြည့်ပြီး သင့်ရဲ့ အကျင့် စရိုက်တွေကို ခန့်မှန်းလို့ ရတယ် ဆိုရင် အံ့သြဖို့ကော င်းမယ် ထင်ပါတယ်။ ပုံထဲမှာ ကြည့်ပြီးတော့ သင်က ဘယ်လို အကျင့်စရိုက်တွေ ရှိနေတယ် ဆိုတာ ဖတ်ကြည့်ပါအုံး။ မှန်တယ် ဆိုရင် သင်က ဘယ်နံပါတ် လဲ ဆိုတာ ကွန်မန့် မှာ ရေးပေးသွားပါ။

A ပုံစံ ( လက်တစ်ဖ က်တည်းဖြင့် ကိုင်ပြီး လက်မဖြင့် နှိပ်သူ )

သင်ဟာ ခန့်မှန်းရ အလွန်ခက်ပါတယ်။ အာရုံခံစားမှု အားကော င်းပါတယ်။ ပြိုင်ဖက်ကင်း ဆွဲဆော င်မှုရှိသူပါ။ အမှတ်သညာ ကြီးပါတယ်။ မိမိ ကြိုက်နှစ်သက်ရာကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ လျှို့ဝှက် တတ်ပါတယ်။ အလုပ်ကို အလွန် ကြိုးစားပါတယ်။ အလုပ်ကို လေးစားတတ်ပါတယ်။ အိုင်ဒီယာ ကောင်းပါတယ်။ ချက်ဆို နားခွက်က မီးတောက်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်း များပါတယ်။ တီထွင် ဆန်းသစ်မှု ကောင်းပါတယ်။ ညှို့ဓာတ်အား ပြင်းပါတယ်။

အတွင်းစိတ် – သင်ဟာ အမှန်တကယ်ဆိုရင် အလွယ် တကူ လိုက်လျောတ တ်သူ တစ်ယောက် မဟုတ်ပါဘူး။ ဘယ်သူက သင့်အပေါ် အမှန်တကယ် ကောင်းတယ် မကောင်းဘူး ဆိုတာ အသေအချာကို သိပါတယ်။ ကောင်းမွန်စွာ ထိန်းချုပ်တတ်ပြီး အချစ်နှင့်အမုန်း သေသေချာချာ ကွဲကွဲပြားပြား သိတဲ့သူပါ။ တခြားသူက သင့်အပေါ်မှာ တရားလွန် မလုပ်ရင် သင်ဘက်က အမောက်ထောင်ပြမှာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ တစ်ပါးသူအပေါ် အမှီပြုချင်ရင်လည်း သင့်ဘက်ကနေ ဟန်ဆောင်နေမှာလည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ စကားပြော မြန်တတ်ပြီး စိတ်ထဲမှာ မပါပဲ ပြောလိုက်မိ တတ်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုပြီး လူတွေကိုလည်း စိတ်ချမ်းမြေ့ စေလိုပါတယ်။

အချစ်စိတ် – သင်ဟာ အခြားလူအပေါ် ယုံကြည်မိပြီ ဆိုရင် အဲ့ဒီလူ အပေါ်ကို အပြစ်မမြင် တတ်တော့ပါဘူး။ သင့်ကိုယ်သင်လည်း အရမ်းကို ကာကွယ်တတ်တဲ့ သူပါ။ တစ်ခါ ခံစားရဖူးပါက နောက်တစ်ကြိမ် ဒီလို ထပ်ဖြစ်မှာကို မလိုလားသလို မဖြစ်အောင်လည်း ကြိုတင်ကာကွယ်လေ့ ရှိပါတယ်။ နောက်တစ်ကြိမ် ယုံကြည်ဖို့လည်းခက်ခဲသွားပါတယ်။ အချစ်ကို တန်ဖိုးထားပြီး မိမိချစ်တဲ့သူအတွက် တစ်သက်လုံး အနစ်နာခံ ချစ်တတ်ပါတယ်။

B ပုံစံ ( ဘယ်ဘက်လက်မှ ဖုန်းကို ကိုင်ထားပြီး ညာဘက်လက်မှ လက်မဖြင့် အသုံးပြုသူ )

ခံစားချက် ပြင်းထန်သူ ဖြစ်ပါတယ်။ စိတ်ကူးယဉ်တတ်သူ တစ်ဦးဖြစ်ပါတယ်။ အာရုံခံစားမှု အားကောင်းပါတယ်။ အခြားသူများကို ကူညီတတ်ပါတယ်။ လုံခြုံမှု အားနည်းပါတယ်။ ကိုယ်ချင်းစာစိတ် အလွန်ကြီးပါတယ်။ လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။ အသေးစိတ် လေ့လာမှု အားနည်းပါတယ်။ စိတ်လောသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အတွေ့အကြုံ ကြွယ်ဝပါတယ်။ သိလိုစိတ် အားကြီးပါတယ်။ စွန့်စားရတာကို နှစ်သက်တဲ့သူပါ။ ကလေးဆန် ပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှု အားကြီးပါတယ်။

အတွင်းစိတ် – ကာကွယ်ပေးခံရတာကို နှစ်သက်ပါတယ်။ ကိုယ့်အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံသူကို လိုချင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ သင်က သိပ်ကို သဘောကောင်းလွန်း အားကြီးလို့ အခြားသူများရဲ့ အသုံးချမှုကို ခံရတတ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့ အမုန်းကိုတော့ သေချာခွဲခြား သိပြီး ခံစားချက်အတိုင်း တုန့်ပြန်တတ်ပါတယ်။

အချစ်စိတ် – သင်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ဖော်မှု အပိုင်းမှာ အားနည်းတတ်ပါတယ်။ စိတ်ထဲမှာ ကြိုက်နှစ်သက်သော်လည်း အခြားသူက မိမိကို ကြိုက်နှစ်သက်နေတယ် ဆိုတာကို ခံစားလို့ မရနိုင် ဖြစ်တတ်ပါတယ်။ သင်က မရိုးမသား လုပ်တာ မဟုတ်သော်လည်း တကယ် ဖော်ပြနိုင်စွမ်းကတော့ အားနည်းတယ် လို့ပဲ ဆိုပါရစေ။ တစ်ခါတစ်လေ စိတ်အတွင်း ခံစားချက်ကို ထုတ်ဖော်လေ့ မရှိပဲ သိမ်းထားတတ်ပါတယ်။ ဒေါသ မရှိတာတော့ မဟုတ်ပဲ အချစ်ကြောင့် မိမိစိတ်ကို ချိုးနှိမ်ထားတတ်ပါတယ်။ သင်က အခြားသူ အပေါ် မှာကောင်းတာ အကျင့်ဖြစ်နေတော့ တကိုယ်ကောင်း ဆန်တယ် ဆိုတာ ဘာလဲ ဆိုတာတောင် မေ့နေသူပါ။

C ပုံစံ ( လက်နှစ်ဖက်ဖြင့် ဖုန်းကိုင်ပြီး လက်မဖြင့် ဖုန်းကို အသုံးပြုသူ )

တီထွင်ကြံဆမှု စွမ်းအား ကြီးမားပါတယ်။ စွဲဆောင်မှု ကောင်းပြီး အပေါင်းအသင်း များပါတယ်။ သဘောထား ကြီးပါတယ်။ သင်ယူတာလည်း မြန်ဆန်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းဟာလည်း သူ့ရဲ့ တစ်ခုတည်းသော စန်း လို့လည်းပြောနိုင်ပါတယ်။ မာနကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလုပ်အပေါ် တန်ဖိုးထားပြီး အလုပ်ကို သေချုာဇောက်ချ လုပ်တတ်ပါတယ်။ ဘဝရည်မှန်းချက် ကြီးမားသူတစ်ဦးလည်း ဖြစ်ပါတယ်။

အတွင်းစိတ် – အတွင်းစိတ်ကတော့ အရမ်းကို ပျော့ညံ့ပါတယ်။ တစ်ခါတစ်ရံ လုပ်ချင်သော်လည်း စိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ရည်မှန်းချက် ကြီးမားသော်လည်း ကျရှုံးမှာကို အလွန် စိုးရိမ်သူပါ။ ဘေးနားမှာ နားလည်တတ်ပြီး အားပေးမည့် သူတစ်ယောက် အမြဲ လိုအပ်ပါတယ်။ သင်လိုချင်တာက အမှန်တကယ် ဆိုရင် အများကြီး မဟုတ်ပါဘူး။ သင့်ကို နားလည်ပေးမယ့် သူတစ်ယောက် ရှိနေချင်တာပါ။ အမှန်တကယ်က မိမိကို နားလည်ပေးပြီး မိမိ လုပ်ချင်တာကို အားပေးမယ့်သူ တစ်ယောက်ရှိရင် သင့်ဘဝက ပြည့်စုံပါပြီ။

အချစ်စိတ် – အစဉ်းစား လွန်တတ်ပါတယ်။ အရင်က ဇာတ်လမ်းလိုမျိုး ပြန်လည် ခံစားရမှာမျိုးကို ကြောက်ရွံတတ်ပါတယ်။ ကိုယ့်ကို ဂရုစိုက်မယ့်သူ ရှိတာတောင် တစ်ခါတစ်ရံမှာ တွေဝေနေ တတ်ပါတယ်။ အရမ်းချစ်တတ်တဲ့ အတွက်လည်း ချစ်သူ မုန်းတီးသွားမှာကို အင်မတန် စိုးရိမ်တတ်သူတွေပါ။ ဒါကြောင့် ချစ်သူတွေ အနိုင်ကျင့်တာ ခံရတတ်ပြီး မိမိကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေ တတ်ပါတယ်။ တစ်ယောက်တည်း နေရမှာကို ကြောက်တဲ့အတွက် ကိုယ့်ဘက်ကတော့ အမြဲ အလျော့ပေးနေရတယ် လို့ပဲ ဆိုချင်ပါတယ်။

D ပုံစံ (ဖုန်းကို လက်တစ်ဖက်က ကိုင်ထားပြီး အခြားတစ်ဖက်က လက်ညှိုးကို အသုံးပြုကာ ဖုန်းသုံးသူ)

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပါတယ်။ တီထွင်လိုစိတ် ကြီးမားပါတယ်။ ခံစားချက် အတိုင်း ဖော်ပြတတ်ပါတယ်။ စကားကြွယ်ဝသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တုန့်ပြန်မှု မြန်ဆန်ပါတယ်။ အလှအပနှင့် အနုပညာအပေါ် စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ အခြားသူများကို နားလည်တတ်ပြီး တစ်ခါတစ်ရံ အခြားသူများ၏ ခံစားချက်ကို ဂရုစိုက် လွန်းတတ်ပါတယ်။

အတွင်းစိတ် – သင်ဟာ တစ်ခါတစ်ရံမှာ တိတ်ဆိတ် နေတတ်ပါတယ်။ ဒါဟာ အမှန်ဆို သင့်ရဲ့ နွေးထွေးသော အပြုအမူ တစ်ခုပါ။ အခြားသူများ ကိုယ့်အတွက် ဒဏ်ရာရမှာ စိုးတဲ့အတွက် မိမိကပဲ အနစ်နာခံ လိုက်တဲ့ သဘောပါ။ သင့်ကို ကြည့်ရတာ နားလည်ရ ခက်ခဲမယ် လို့ ထင်ရသော်လည်း သင်က အမှန်တကယ်ဆို နားလည်ရခက်တဲ့ လူတစ်ဦးတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တုန့်ပြန်မှု မြန်လွန်းတာကြောင့် အခြားသူများ ကိုတော့ စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင့် အိပ်မက်ကတော့ သင့်ကို နားလည်ပေးမယ့်သူ တစ်ဦး ရှိနေဖို့အတွက် ပါပဲ။

အချစ်စိတ် – သင်ဟာ ငြိမ်သက်တဲ့ အချစ် အေးချမ်းတဲ့ အချစ်ကိုပဲ လိုချင်သူ တစ်ဦးဖြစ်ပါတယ်။ သွားနေကျ နေရာ တစ်ခုဟာ သင့်အတွက်တော့ စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အကောင်းဆုံး နေရာပါပဲ။ သင့်ရဲ့ အားနည်းချက် ကတော့ စိတ်ပျော့တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စော်ကားခဲ့သူ ဖြစ်ပါစေ ၊ သူ့ဘက်က ခေါင်းလေးငုံပြီး တောင်းပန်လိုက်ရင် ချက်ခြင်း ကျေအေးပေး တတ်ပါတယ်။ ကိုယ် ချစ်တဲ့သူတွေ ကိုယ့် သူငယ်ချင်းတွေ မျက်ရည်ကျတာကို လုံး၀ မကြည့်ရက်တဲ့ သူပါ။ သူတို့ကပဲ ကိုယ့်ကို မျက်ရည်နဲ့ အနိုင်ယူသွားမှာပါပဲ။

Zawgyi Version

သင္ ဖုန္းကို ကိုင္တဲ့ ပုံစံကို ၾကည့္ၿပီး သင့္ရဲ႕ အက်င့္ စရိုက္ေတြကို ခန႔္မွန္းလို႔ ရတယ္ ဆိုရင္ အံ့ၾသဖို႔ေကာ င္းမယ္ ထင္ပါတယ္။ ပုံထဲမွာ ၾကည့္ၿပီးေတာ့ သင္က ဘယ္လို အက်င့္စရိုက္ေတြ ရွိေနတယ္ ဆိုတာ ဖတ္ၾကည့္ပါအုံး။ မွန္တယ္ ဆိုရင္ သင္က ဘယ္နံပါတ္ လဲ ဆိုတာ ကြန္မန႔္ မွာ ေရးေပးသြားပါ။

A ပုံစံ ( လက္တစ္ဖ က္တည္းျဖင့္ ကိုင္ၿပီး လက္မျဖင့္ ႏွိပ္သူ )

သင္ဟာ ခန႔္မွန္းရ အလြန္ခက္ပါတယ္။ အာ႐ုံခံစားမႈ အားေကာ င္းပါတယ္။ ၿပိဳင္ဖက္ကင္း ဆြဲေဆာ င္မႈရွိသူပါ။ အမွတ္သညာ ႀကီးပါတယ္။ မိမိ ႀကိဳက္ႏွစ္သက္ရာကို စြန႔္လႊတ္ဖို႔ ခက္ခဲပါတယ္။ လွ်ို႔ဝွက္ တတ္ပါတယ္။ အလုပ္ကို အလြန္ ႀကိဳးစားပါတယ္။ အလုပ္ကို ေလးစားတတ္ပါတယ္။ အိုင္ဒီယာ ေကာင္းပါတယ္။ ခ်က္ဆို နားခြက္က မီးေတာက္ပါတယ္။ မိတ္ေဆြ အေပါင္းအသင္း မ်ားပါတယ္။ တီထြင္ ဆန္းသစ္မႈ ေကာင္းပါတယ္။ ညွို႔ဓာတ္အား ျပင္းပါတယ္။

အတြင္းစိတ္ – သင္ဟာ အမွန္တကယ္ဆိုရင္ အလြယ္ တကူ လိုက္ေလ်ာတ တ္သူ တစ္ေယာက္ မဟုတ္ပါဘူး။ ဘယ္သူက သင့္အေပၚ အမွန္တကယ္ ေကာင္းတယ္ မေကာင္းဘူး ဆိုတာ အေသအခ်ာကို သိပါတယ္။ ေကာင္းမြန္စြာ ထိန္းခ်ဳပ္တတ္ၿပီး အခ်စ္ႏွင့္အမုန္း ေသေသခ်ာခ်ာ ကြဲကြဲျပားျပား သိတဲ့သူပါ။ တျခားသူက သင့္အေပၚမွာ တရားလြန္ မလုပ္ရင္ သင္ဘက္က အေမာက္ေထာင္ျပမွာ မဟုတ္ပါဘူး။ တစ္ခါတေလမွာ တစ္ပါးသူအေပၚ အမွီျပဳခ်င္ရင္လည္း သင့္ဘက္ကေန ဟန္ေဆာင္ေနမွာလည္း မဟုတ္ပါဘူး။ တစ္ခါတစ္ေလ စကားေျပာ ျမန္တတ္ၿပီး စိတ္ထဲမွာ မပါပဲ ေျပာလိုက္မိ တတ္ပါတယ္။ သင့္ရဲ႕စိတ္ထဲမွာ ကမာၻႀကီးကို ၿငိမ္းခ်မ္းေစလိုၿပီး လူေတြကိုလည္း စိတ္ခ်မ္းေျမ့ ေစလိုပါတယ္။

အခ်စ္စိတ္ – သင္ဟာ အျခားလူအေပၚ ယုံၾကည္မိၿပီ ဆိုရင္ အဲ့ဒီလူ အေပၚကို အျပစ္မျမင္ တတ္ေတာ့ပါဘူး။ သင့္ကိုယ္သင္လည္း အရမ္းကို ကာကြယ္တတ္တဲ့ သူပါ။ တစ္ခါ ခံစားရဖူးပါက ေနာက္တစ္ႀကိမ္ ဒီလို ထပ္ျဖစ္မွာကို မလိုလားသလို မျဖစ္ေအာင္လည္း ႀကိဳတင္ကာကြယ္ေလ့ ရွိပါတယ္။ ေနာက္တစ္ႀကိမ္ ယုံၾကည္ဖို႔လည္းခက္ခဲသြားပါတယ္။ အခ်စ္ကို တန္ဖိုးထားၿပီး မိမိခ်စ္တဲ့သူအတြက္ တစ္သက္လုံး အနစ္နာခံ ခ်စ္တတ္ပါတယ္။

B ပုံစံ ( ဘယ္ဘက္လက္မွ ဖုန္းကို ကိုင္ထားၿပီး ညာဘက္လက္မွ လက္မျဖင့္ အသုံးျပဳသူ )

ခံစားခ်က္ ျပင္းထန္သူ ျဖစ္ပါတယ္။ စိတ္ကူးယဥ္တတ္သူ တစ္ဦးျဖစ္ပါတယ္။ အာ႐ုံခံစားမႈ အားေကာင္းပါတယ္။ အျခားသူမ်ားကို ကူညီတတ္ပါတယ္။ လုံၿခဳံမႈ အားနည္းပါတယ္။ ကိုယ္ခ်င္းစာစိတ္ အလြန္ႀကီးပါတယ္။ လွိုက္လွိုက္လွဲလွဲ ရွိပါတယ္။ အေသးစိတ္ ေလ့လာမႈ အားနည္းပါတယ္။ စိတ္ေလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အေတြ႕အႀကဳံ ႂကြယ္ဝပါတယ္။ သိလိုစိတ္ အားႀကီးပါတယ္။ စြန႔္စားရတာကို ႏွစ္သက္တဲ့သူပါ။ ကေလးဆန္ ပါတယ္။ ကိုယ္ကိုယ္ကို ယုံၾကည္မႈ အားႀကီးပါတယ္။

အတြင္းစိတ္ – ကာကြယ္ေပးခံရတာကို ႏွစ္သက္ပါတယ္။ ကိုယ့္အေပၚ စိတ္ရင္းမွန္နဲ႕ ဆက္ဆံသူကို လိုခ်င္တတ္ပါတယ္။ တစ္ခါတစ္ေလမွာ သင္က သိပ္ကို သေဘာေကာင္းလြန္း အားႀကီးလို႔ အျခားသူမ်ားရဲ႕ အသုံးခ်မႈကို ခံရတတ္ပါတယ္။ ဒါေပမယ့္ အခ်စ္နဲ႕ အမုန္းကိုေတာ့ ေသခ်ာခြဲျခား သိၿပီး ခံစားခ်က္အတိုင္း တုန႔္ျပန္တတ္ပါတယ္။

အခ်စ္စိတ္ – သင္က စိတ္ထဲမွာ ရွိတဲ့အတိုင္း ထုတ္ေဖာ္မႈ အပိုင္းမွာ အားနည္းတတ္ပါတယ္။ စိတ္ထဲမွာ ႀကိဳက္ႏွစ္သက္ေသာ္လည္း အျခားသူက မိမိကို ႀကိဳက္ႏွစ္သက္ေနတယ္ ဆိုတာကို ခံစားလို႔ မရနိုင္ ျဖစ္တတ္ပါတယ္။ သင္က မရိုးမသား လုပ္တာ မဟုတ္ေသာ္လည္း တကယ္ ေဖာ္ျပနိုင္စြမ္းကေတာ့ အားနည္းတယ္ လို႔ပဲ ဆိုပါရေစ။ တစ္ခါတစ္ေလ စိတ္အတြင္း ခံစားခ်က္ကို ထုတ္ေဖာ္ေလ့ မရွိပဲ သိမ္းထားတတ္ပါတယ္။ ေဒါသ မရွိတာေတာ့ မဟုတ္ပဲ အခ်စ္ေၾကာင့္ မိမိစိတ္ကို ခ်ိဳးႏွိမ္ထားတတ္ပါတယ္။ သင္က အျခားသူ အေပၚ မွာေကာင္းတာ အက်င့္ျဖစ္ေနေတာ့ တကိုယ္ေကာင္း ဆန္တယ္ ဆိုတာ ဘာလဲ ဆိုတာေတာင္ ေမ့ေနသူပါ။

C ပုံစံ ( လက္ႏွစ္ဖက္ျဖင့္ ဖုန္းကိုင္ၿပီး လက္မျဖင့္ ဖုန္းကို အသုံးျပဳသူ )

တီထြင္ႀကံဆမႈ စြမ္းအား ႀကီးမားပါတယ္။ စြဲေဆာင္မႈ ေကာင္းၿပီး အေပါင္းအသင္း မ်ားပါတယ္။ သေဘာထား ႀကီးပါတယ္။ သင္ယူတာလည္း ျမန္ဆန္ပါတယ္။ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ရွိျခင္းဟာလည္း သူ႕ရဲ႕ တစ္ခုတည္းေသာ စန္း လို႔လည္းေျပာနိုင္ပါတယ္။ မာနႀကီးသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အလုပ္အေပၚ တန္ဖိုးထားၿပီး အလုပ္ကို ေသခ်ဳာေဇာက္ခ် လုပ္တတ္ပါတယ္။ ဘဝရည္မွန္းခ်က္ ႀကီးမားသူတစ္ဦးလည္း ျဖစ္ပါတယ္။

အတြင္းစိတ္ – အတြင္းစိတ္ကေတာ့ အရမ္းကို ေပ်ာ့ညံ့ပါတယ္။ တစ္ခါတစ္ရံ လုပ္ခ်င္ေသာ္လည္း စိုးရိမ္စိတ္ လြန္ကဲတတ္ပါတယ္။ ရည္မွန္းခ်က္ ႀကီးမားေသာ္လည္း က်ရႈံးမွာကို အလြန္ စိုးရိမ္သူပါ။ ေဘးနားမွာ နားလည္တတ္ၿပီး အားေပးမည့္ သူတစ္ေယာက္ အၿမဲ လိုအပ္ပါတယ္။ သင္လိုခ်င္တာက အမွန္တကယ္ ဆိုရင္ အမ်ားႀကီး မဟုတ္ပါဘူး။ သင့္ကို နားလည္ေပးမယ့္ သူတစ္ေယာက္ ရွိေနခ်င္တာပါ။ အမွန္တကယ္က မိမိကို နားလည္ေပးၿပီး မိမိ လုပ္ခ်င္တာကို အားေပးမယ့္သူ တစ္ေယာက္ရွိရင္ သင့္ဘဝက ျပည့္စုံပါၿပီ။

အခ်စ္စိတ္ – အစဥ္းစား လြန္တတ္ပါတယ္။ အရင္က ဇာတ္လမ္းလိုမ်ိဳး ျပန္လည္ ခံစားရမွာမ်ိဳးကို ေၾကာက္႐ြံတတ္ပါတယ္။ ကိုယ့္ကို ဂ႐ုစိုက္မယ့္သူ ရွိတာေတာင္ တစ္ခါတစ္ရံမွာ ေတြေဝေန တတ္ပါတယ္။ အရမ္းခ်စ္တတ္တဲ့ အတြက္လည္း ခ်စ္သူ မုန္းတီးသြားမွာကို အင္မတန္ စိုးရိမ္တတ္သူေတြပါ။ ဒါေၾကာင့္ ခ်စ္သူေတြ အနိုင္က်င့္တာ ခံရတတ္ၿပီး မိမိကေတာ့ ဘာမွမျဖစ္သလို ဟန္ေဆာင္ေန တတ္ပါတယ္။ တစ္ေယာက္တည္း ေနရမွာကို ေၾကာက္တဲ့အတြက္ ကိုယ့္ဘက္ကေတာ့ အၿမဲ အေလ်ာ့ေပးေနရတယ္ လို႔ပဲ ဆိုခ်င္ပါတယ္။

D ပုံစံ (ဖုန္းကို လက္တစ္ဖက္က ကိုင္ထားၿပီး အျခားတစ္ဖက္က လက္ညွိုးကို အသုံးျပဳကာ ဖုန္းသုံးသူ)

ဉာဏ္ရည္ဉာဏ္ေသြး ထက္ျမက္ပါတယ္။ တီထြင္လိုစိတ္ ႀကီးမားပါတယ္။ ခံစားခ်က္ အတိုင္း ေဖာ္ျပတတ္ပါတယ္။ စကားႂကြယ္ဝသူ တစ္ဦးလည္း ျဖစ္ပါတယ္။ တုန႔္ျပန္မႈ ျမန္ဆန္ပါတယ္။ အလွအပႏွင့္ အႏုပညာအေပၚ စိတ္ဝင္စားသူလည္း ျဖစ္ပါတယ္။ အျခားသူမ်ားကို နားလည္တတ္ၿပီး တစ္ခါတစ္ရံ အျခားသူမ်ား၏ ခံစားခ်က္ကို ဂ႐ုစိုက္ လြန္းတတ္ပါတယ္။

အတြင္းစိတ္ – သင္ဟာ တစ္ခါတစ္ရံမွာ တိတ္ဆိတ္ ေနတတ္ပါတယ္။ ဒါဟာ အမွန္ဆို သင့္ရဲ႕ ေႏြးေထြးေသာ အျပဳအမူ တစ္ခုပါ။ အျခားသူမ်ား ကိုယ့္အတြက္ ဒဏ္ရာရမွာ စိုးတဲ့အတြက္ မိမိကပဲ အနစ္နာခံ လိုက္တဲ့ သေဘာပါ။ သင့္ကို ၾကည့္ရတာ နားလည္ရ ခက္ခဲမယ္ လို႔ ထင္ရေသာ္လည္း သင္က အမွန္တကယ္ဆို နားလည္ရခက္တဲ့ လူတစ္ဦးေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ရံမွာ တုန႔္ျပန္မႈ ျမန္လြန္းတာေၾကာင့္ အျခားသူမ်ား ကိုေတာ့ စိတ္ထိခိုက္မႈ ျဖစ္ေစနိုင္ပါတယ္။ သင့္ အိပ္မက္ကေတာ့ သင့္ကို နားလည္ေပးမယ့္သူ တစ္ဦး ရွိေနဖို႔အတြက္ ပါပဲ။

အခ်စ္စိတ္ – သင္ဟာ ၿငိမ္သက္တဲ့ အခ်စ္ ေအးခ်မ္းတဲ့ အခ်စ္ကိုပဲ လိုခ်င္သူ တစ္ဦးျဖစ္ပါတယ္။ သြားေနက် ေနရာ တစ္ခုဟာ သင့္အတြက္ေတာ့ စိတ္ေပ်ာ္႐ႊင္မႈ ေပးနိုင္တဲ့ အေကာင္းဆုံး ေနရာပါပဲ။ သင့္ရဲ႕ အားနည္းခ်က္ ကေတာ့ စိတ္ေပ်ာ့တာပဲ ျဖစ္ပါတယ္။ ကိုယ့္ကို ဘယ္ေလာက္ထိ ထိခိုက္ေစာ္ကားခဲ့သူ ျဖစ္ပါေစ ၊ သူ႕ဘက္က ေခါင္းေလးငုံၿပီး ေတာင္းပန္လိုက္ရင္ ခ်က္ျခင္း ေက်ေအးေပး တတ္ပါတယ္။ ကိုယ္ ခ်စ္တဲ့သူေတြ ကိုယ့္ သူငယ္ခ်င္းေတြ မ်က္ရည္က်တာကို လုံး၀ မၾကည့္ရက္တဲ့ သူပါ။ သူတို႔ကပဲ ကိုယ့္ကို မ်က္ရည္နဲ႕ အနိုင္ယူသြားမွာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *