သင်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ပုံလေးက တစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်မယ်

Posted on

သင်ရွေးချ ယ်လို က်တဲ့ ပုံလေးက တစ်ဆင့် သင့်ရဲ့စိတ်နေစိတ် ထားကို ခန့်မှန်းကြည့်မယ်

(၁) တံခါးကို အတင်းတွန်းဖွင့်ပြီး အတွင်းထဲဝ င်ဖို့ ကြိုးစားမယ်

တံခါးကို အတင်းတွန်းဖွင့်ပြီး အတွင်းထဲဝ င်ဖို့ ကြိုးစားမယ်

သင်ဟာ စိတ်ဓာ တ်မာကြောပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့စိတ် ရှိပါတယ်။ ကိုယ့်အားသာချက်၊ အားသာချက်ကို ခွဲခွဲခြားခြားသိမြင်နိုင်ပြီး ပင်ကိုယ်စွမ်းရည် အပြည့်ရှိသူလည်း ဖြစ်ပါတယ်။ ဘယ်အရာကိုမှ စိတ်ထဲအရမ်းထည့်ပြီး မတွေးတတ်တဲ့ အကျင့်က တစ်ခါတလေတော့ ကောင်းပေမယ့် တစ်ခါတစ်လေ တော့ နောက်ဆက်တွဲအနေနဲ့ ရလဒ်ဆိုးတွေ ကြုံရတတ်ပါတယ်။ သင့်ကို အောင်မြင်စေမယ့် သော့ချက်ကတော့ သင့်ရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ဆိုးနဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့ပါပဲ။

(၂) တံခါးရဲ့တခြားဘက်မှာ ဘာရှိနေ သလဲဆိုတာ ချောင်းကြည့်ပြီး နားထောင်ကြည့်မယ်

တံခါးရဲ့တခြားဘက်မှာ ဘာရှိနေ သလဲဆိုတာ ချောင်းကြည့်ပြီး နားထောင်ကြည့်မယ်

သင်ဟာ ဉာဏ်ကောင်းတဲ့အပြင် နက်နက်နဲနဲ စဉ်းစားတွေးခေါ်ပြီး လုပ်ဆောင်တတ်သူတစ်ယောက်ပါ။ ဒါကြောင့် သင်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက များသောအားဖြင့် မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ကံအကြောင်းမတိုက်ဆိုင်လို့ သင့်ဆုံးဖြတ်ချက်တွေ လွဲချော်သွားခဲ့ရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို အရမ်းစိတ်ဆိုးပြီး တဖက်လူကို လွန်လွန်ကဲကဲ တုံ့ပြန်တတ်ပါတယ်။

(၃) တံခါးခေါက်မယ်

တံခါးခေါက်မယ်

သင်ဟာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ပြီး လက်တွေ့ကျကျ တွေးခေါ်စဉ်းစားပြီး လုပ်ဆောင်တတ်ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေကို ယုံကြည်တတ်ပြီး တဖက်သားအပေါ် မလိုမုန်းထားစိတ်တွေ၊ အငြိုးအတေးတွေ မထားတတ်ပါဘူး။ သင်ဟာ ရိုးသားတဲ့လူတစ်ယောက် ဖြစ်တဲ့အလျှောက် လူတွေရဲ့ အသုံးချမှုတွေနဲ့ လိမ်လည်မှုတွေကို အများဆုံး ခံရတယ်လို့ ပြောလို့ရပါတယ်။

(၄) အော်ပြီး ဆူညံသံတွေလုပ်မယ်

အော်ပြီး ဆူညံသံတွေလုပ်မယ်

သင်ဟာ ဟန်ဆောင်မှုများပြီး ရမ္မက်ကြီးတဲ့ လူတစ်ယောက်ပါ။ စိန်ခေါ်မှုတွေကို အမြဲကြိုဆိုနေတတ်ပြီး အခက်အခဲတွေကိုလည်း မကြောက်မရွံ့ ရင်ဆိုင်ဖြေရှင်းလေ့ ရှိပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေကို ကြိုဆိုလွန်းလို့ ကိုးရို့ကားရားဖြစ်ပြီး ပြဿနာတတ်သွားတာတွေလည်း ဖြစ်တတ်ပါတယ်။

Credit;

Leave a Reply

Your email address will not be published. Required fields are marked *