သင်္ကြန်ဆိုတာနှစ်တိုင်းကျရောက်နေမှာဖြစ်တဲ့ အတွက်ဒီနှစ်သင်္ကြန်မှာတော့ ပါဝင်ဆင်နွှဲမှာမဟုတ်ကြောင်း လှပတဲ့ စကာလုံးလေးတွေသုံးပြီးပြောလိုက်တဲ့ မေခလာ

Posted on

ပရိသတ် ကြီးရေ ‌မေခလာ ကတော့ လူကြီး လူငယ် ကြိုက် တေးသီချင်းကောင်း များစွာကို သီဆို ထားပြီးတော့ ပရိသတ် အချစ်ကို ပိုင်ဆိုင် ထားတဲ့ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ တေးသီချင်းကောင်း များစွာကို သီဆို ခဲ့တဲ့ ဝါရင့် အဆိုရှင်ကောင်း တစ်ယောက်လဲ ဖြစ်ပါတယ်။ စတီရီယို ခေတ်ဦး တေးသံရှင် တစ်ယောက် ဖြစ်ခဲ့ပြီး လက်ရှိ အချိန်မှာလည်း အောင်မြင်မှု မကျသေးတဲ့ အဆိုတော် လို့ ပြောရင်လည်း မမှားပါဘူး။

အဆိုတော် မေခလာ ဟာ မြန်မာပြည်ကြီး နေ့ကောင်း သွားတဲ့နေ့ အတူတူ ဆုံကြတာ ပေါ့လို့ သူ့ရဲ့ ခံစားချက် တွေကို ပြောပြ လိုက်ပါတယ်။ ” ရင်ထဲက ခံစားချက်တွေ ပင်လယ်ပြင်ကို အော်ပြောလိုက်မယ် သင်္ကြန်ပွဲကို လာရောက် ဖိတ်ခေါ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်နော် သင်္ကြန်ဆိုတာ နှစ်တိုင်းကျ မှာပါ မြန်မာပြည်ကြီးနေ့ကောင်းသွားတဲ့နေ့ အတူတူ ဆုံကြတာပေါ့ မျက်ရည် မကျအောင် မစွမ်းဆောင် နိုင်ပေမဲ့ ကျလာတဲ့ မျက်ရည်ကို သုတ်ပေး ရမှာက အနုပညာရှင် တွေပါ” လို့ ရေးသား ထားတာကို တွေ့ရပါတယ်။

ပရိသတ် ကြီးရေ အဆိုတော် မေခလာ ဟာ သင်္ကြန်မှာ သီချင်းဆိုဖို့ အစီအစဉ် မရှိဘူး လို့လဲ သိရပါတယ်။ အချိန်တိုင်း ဖတ်ရှု့ပေးတဲ့ စာဖတ် ပရိသတ်ကြီးကို ကျေးဇူး အထူးတင် ရှိပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.