သစ်လုံးကို ကုဗပတွက်နည်း….သစ်တန်တွက်နည်း….သစ် ၁ တန် ဈေးနှုန်းတွက်နည်း….

Posted on

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဥပမာ – သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗပေ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မျှ ရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗပေ

Zawgyi Version

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ…….သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
—————– ———-
144 144. = 50ကုဗပေ
၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း ( သစ် ၁ တန် = ၁” × ၁” ပတ်လည် ၇၂၀၀’ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။ တွက်နည်း

၎”×၂” = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်

၎”×၂” = ၈

၇၂၀၀ = ၉ ၀၀’ပေ

(၄”×၂”) သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄”×၂” ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့ ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ

၎”×၂”×၂၀’×၃၀÷၁၄၄= ၃၃.၃၃ ကုဗပေ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်

၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်ဈေးနှုန်းတွက်နည်း

ဥပမာ… သစ် ၁ တန် ၆၅၀,၀၀၀ ဈေးဖြင့် ၄”×၂” လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ် ဈေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ် မြှောက်(၆၅၀,၀၀၀×.၀၀၂၅) ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄”×၂”) ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄”×၂” လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၎ × ၂ = × ၈
——————
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks ဖြစ်သည်။ မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။ အားလုံဆင်ပြေကြမယ်ထင်တာပဲ့။ Credit:

Leave a Reply

Your email address will not be published. Required fields are marked *