သဘာဝအတိုင်း အမြဲမငြိမ်းဘဲ တောက်လောင်နေတဲ့ မီးတောက်လေးရှိတဲ့ ထာဝရမီးလျှံ ရေတံခွန်(Eternal Flame Falls)

Posted on

အမေရိက န်နိုင် ငံမှ ရေတံခွန်င ယ်လေး တစ်ခု၏ အောက်တွင် အမြဲမပြတ် တောက်လော င်နေသော မီးတောက်လေးတစ်ခု ရှိနေပါတယ်။ ထို့ကြော င့်ပင် ထိုရေတံခွန် ကို ထာဝရမီးလျှံ ရေတံခွန်(Eternal Flame Falls) ဟု လူသိများကြပါတယ်။

ထိုမီးတော က်လေးဟာ အေ မရိကန်နိုင်ငံ၊ နယူးယော့ခ် အနောက် ဘက်ခြမ်းဒေသမှ Chestnut Ridge ဥယျာဉ်အတွင်းရှိ ရေတံခွန် ငယ်လေးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ မီးမငြိမ်းဘဲ အမြဲတောက်ေ လာင်နေသော အဖြစ်အပျက်များ ကမ္ဘာပေါ်တွင် များစွာရှိတတ်ြ ကပေမယ့် အများစုသည် လူသားများမှ ဖန်တီးထားကြခြင်းပင် ဖြစ်ပါတယ်။ အများအားဖြင့် အကြောင်း အရာ တစ်ခုခုကို ကိုယ်စားပြုပြီး မီးမငြိမ်းအောင် ဂရုစိုက် ဖန်တီးထားကြခြင်း ဖြစ်ပါတယ်။

ယခု မီးတောက်ေ လးကတော့ သဘာဝအတိုင်း အမြဲမငြိမ်းဘဲ တောက်လော င်နေခြင်း ဖြစ်ပါတယ်။ဒေသခံတစ်ချို့နဲ့ အယူအဆ ပြင်းထန်သူများကတော့ မိစ္ဆာမီးတောက် လို့ခေါ်ကြပါတယ်။

ထိုမီးတောက်င ယ်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက တည်းက တည်ရှိခဲ့ကြောင်း ပါးစပ်ရာဇဝင်များလည်း ရှိပါတယ်။ ရှေးခေတ်အမေရိက တိုင်းရင်းနွ ယ်များက မီးတောက်ကို အစပျိုးခဲ့ကြောင်း ဆိုကြပါတယ်။

ထိုကဲ့သို့ ထာဝရမီးေ တာက် ထွက်ပေါ်ေ နရခြင်း အကြောင်းရင်း ကတော့ ရေတံခွန်၏ အောက်ခြေတွင် ပရိုပိန်း၊ အီသိန်း နှင့် မီသိန်းဓာတ်ငွေ့ ကုဗတန်သန်းပေါင်းများစွာ တည်ရှိနေသည့် မြေအောက်ဓာတ်ငွေ့သိုက်ကြီး ရှိနေလို့ဖြစ်ပါတယ်။ ဒါဟာ အများက ယူဆထားသော အချက်အလက် ဖြစ်ပါတယ်။

သို့ပေမယ့် တစ်ချို့သော သုေ တသီများက သဘာဝ မီးတောက်များဟာ အလွန် ပူလောင်သော ကျောက်တုံးများ မှ စိမ့်ထွက်ေ နသော သဘာဝ ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လေ့ရှိကြေ သာ်လည်း ယခု မီးတောက်ငယ် ထွက်ပေါ်လာရာ ကျောက်တုံးများမှာမူ လုံလောက်သည့် ပူပြင်းမှု မရှိဟုလည်း ဆိုကြပါတယ်။

အလွန်မပူသည့် ကျောက်တုံး များတွင် လက်ရှိ မီးတောက်၏ ပမာဏ အတိုင်း တောက်လောင်နေမှုသည် ပဟေဠိ ဆန်လွန်းသော မသိကိန်း တစ်ခုအဖြစ် တစ်ချို့သောသုတေသီများက ဝန်ခံ ထားကြပါတယ်။

နှစ်ပေါင်းများစွာ ယုံကြည် ထားကြသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် မီးလောင်ကျွမ်းနေခြင်းဆိုသော ကောက်ချက်ကို လက်မခံနိုင်ကြသူများသည် အခြား အကြောင်းရင်း တစ်ခုကို အဖြေရှာနိုင်ရန် ကြိုးစားမျှော်လင့်နေကြပါတယ်။

မည်သို့ပင်ဆိုစေ ယခု ထာဝရမီးေ တာက်လေး တည်ရှိရာ ရေတံခွန်ေ လးနှင့် ဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များအကြား အထူးအဆန်းတစ်ခုအဖြစ် လာရောက်ကြည့်ရှု့ လည်ပတ်ကြကြောင်း ဖော်ပြလိုက်ပါတယ်။ မူရင်းရေးသားသူ-နေခရမ်းအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Zawgyi Version


CAMERA DATA: NIKON D3: aperture:16 Shutter: 1.0 ISO:200 Lens:78 Lens in 35mm:78 lenstype:AF VR Zoom 70-200mm f/2.8G IF-ED
GPS DATA: latitude:N42¡42.106′, longitude:W78¡45.103′, altitude:349, gpsdate:2009/05/01, gpsdif:no, gpstime:23:00:25.000, gpsversion:2200,satellites:05, speed:0, track:






သို့ပေမယ့် တစ်ချို့သော သုေ တသီများက သဘာဝ မီးတောက်များဟာ အလွန် ပူလောင်သော ကျောက်တုံးများ မှ စိမ့်ထွက်ေ နသော သဘာဝ ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လေ့ရှိကြေ သ်ာလည်း ယခု မီးတောက်ငယ် ထွက်ပေါ်လာရာ ကျောက်တုံးများမှာမူ လုံလောက်သည့် ပူပြင်းမှု မရှိဟုလည်း ဆိုကြပါတယ်။




Leave a Reply

Your email address will not be published. Required fields are marked *